သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ်ဆွေဖြစ်လိုခြင်း (အမှတ်၂) ခြမစားလိုသူ ၀န်ထမ်းဟောင်းတစ်ဦး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃   ငြိမ်းချမ်းပါစေ မနောမြေစာအုပ် စာရေးဆရာ "ဆိုး" ရေးသားထုတ်ဝေသော ငြိမ်းချမ်းပါစေ မနောမြေ (၄၀)မျက်နှာ စာအုပ်ငယ်မျက်နှာဖုံးဖြစ်သည်။ ခရစ်ယာန်သင်းအုပ်ဆရာအမြင်ဖြင့် အခြားနည်းမရပါက၊ စေ့စပ်ဆွေးနွေးရန် Negotiation ရေးသားထားပြီး၊ ၀ိုင်းဝန်းဆုတောင်းပေးရန်ဖြင့် အဆုံးသပ်ထားပါသည်။ ကချင်ပြည်နယ်တွင် စစ်မက်ဖြစ်ပွားခြင်းကို အကျဉ်းချုပ်ရေးရလျှင် တာပိန်လျှပ်စစ်ဓါတ်အားစက်ရုံဆောက်လုပ်၊ တရုပ်မှ လျှပ်စစ်ဝယ်ယူသော လုပ်ငန်းမှ KIA နယ်မြေသို့ မြန်မာစစ်တပ်၊ အင်အားသုံးဝင်ရောက်ပြီး အကျိုးအမြတ်ခွဲဝေယူမှုပြသနာအသေးမွှားလေးမှ၊ ကချင်ပြည်နယ်တခုလုံးသို့ မြန်မာစစ်တပ်ကြီး အင်အားဖြင့် ဆက်လက်ဝင်ရောက်ခြင်း ကို မကျေနပ်သဖြင့် ကချင် KIA မှ ပျောက်ကျားစစ်ကြေငြာခြင်းဖြစ်သည်။ ကျွန်ုပ်ကချင်ပြည်ရောက်စဉ် ဇန္န၀ါရီ-၂၀၁၃ အချိန်က ကချင် KIA ဘူးဂါးအဖွဲ့က လျှပ်စစ်ဓါတ်အားပေးနေသော ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား [...]

Read more of this post