"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၆၀) ပြဇါတ်သီချင်း မာမာအေး ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ... မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ …   ဟိုတုန်းက ပြဇါတ်သီးသန့် တင်ဆက်ကပြခဲ့တဲ့ ပန်းဆိုးတန်းလမ်းက ၀င်းဝင်းရုံ ဆိုတာ ပျောက်ကွယ်သွားပြီ ဖြစ်ပေမယ့်လဲ ရုံအတွင်းက အုံနဲ့ကျင်းနဲ့ အထင်းသား ကျန်ခဲ့တဲ့ သီချင်းများရဲ့ ဟန်ကြောင့် အောင့်တမေ့မေ့ နှောင်းတမြေ့မြေ့နဲ့ ကိုယ်တိုင် မကြုံရတာ နာလေခြင်း လို့ ရင်ထဲမှာဖြစ်တယ်။ ဒီနေ့အထိ ပြဇါတ်က သီချင်းလေးတွေ ရှင်သန် ကျန်နေသေးတာကို ခံစားကြည့်ရင်း ရင်တွင်း ဝေဒနာ စွဲကပ်တာပေါ့ရှင်။ တကယ်တော့ ၀င်းဝင်းရုံက ပြဇါတ်ကို [...]

Read more of this post