ဥပဒေ၏အထက်တွင် လူ့ဂုဏ်ရည်ရှိသည် မောင်လူရေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃ ယနေ့တိုင်းပြည်တွင် ကားနှင့်ဆိုင်ကယ်တိုက်၍ သေဆုံးရသည့်အရေအတွက်မှာ ပြည်တွင်းစစ်တွင် သေနေသည်ထက် မလျော့ပေ။ တိုင်းသူပြည်သားများ၏အသက်ရှင်မှုကို ကာကွယ်ပေးရန်မှာ နိုင်ငံတော်အစိုးရ၏တာဝန်ပင်။ နိုင်ငံတော်အစိုးရ၏တာဝန်ဆိုသည်မှာ မျှတသည့်ဥပဒေ၊ သင့်လျှော်သည့်ဥပဒေပြဌာန်း၍ ယင်းဥပဒေကို သေချာလိုက်နာကျင့်သုံးမှုကို ဆိုပေသည်။ ဥပဒေတခု အရင်းပြု၍ ခုဆယ်ရာထောင်သောင်းမှသည် သိန်းပေါင်း သိန်းသန်းကုဋေဖြစ်ဖို့လုပ်သည်ကို မဆိုလိုပေ။ ထို့ပြင်တဝ တိုင်းသူပြည်သားများ လူလိုနေနိုင်အောင် လူနှင့်တူအောင် လူ့ဂုဏ်ရှိအောင် နေနိုင်ရေးအတွက် ဖြည့်ဆည်းပေးရမည့်တာဝန်လည်း ရှိပေသည်။ လူ့နှင့်တူအောင်ဆိုသည်မှာ အနိမ့်ဆုံးအားဖြင့် အသက်ရှင်ဖို့အတွက် စားနပ်ရိက္ခာလုံလောက်ရမည်။ တနပ်လျော့စားခိုင်းသော ဝန်ကြီးကား ကိုယ့်ရာထူးကို ပြာလူးခြင်းဟု ဆိုရချေတော့မည်။ ကိုယ့်တိုင်းသူပြည်သားများ လူရာဝင်အောင် ထမ်းဆောင်ရမည့်ကိုယ့်တာဝန်ကို မေ့နေဟန်တူပေသည်။ အမိုက်ရိုင်း အထွားကျိုင်းဆုံးမှာ လယ်သမားရေးရာတာဝန်ယူပြီး လယ်သမားများကို အငတ်ခံခိုင်းသည့် အချက်ဆိုးကြီးပင်။ သို့သော် [...]

Read more of this post