ပြည်ထောင်စုထမနဲပွဲ ဘုန်းသျှံ၊ လန်ဒန်ဝိဟာရ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ထမနဲပွဲတော်ရက် ၂၀၁၃-ခု ဖေဖေါ်ဝါရီ (၂၅) ရက်သည် နီးကပ်လို့လာခဲ့ပါပြီ။ ထမနဲပွဲနေ့ရက်နီးလာတာနဲ့အမျှ ထမနဲထိုးကြမည့် အဖွဲအစည်း အသင်းအဖွဲ့တိုသည့်  လိုအပ်သည်တို့ကို ကြိုတင်စုဆောင်းပြင်ဆင်နေကြပါပြီ။ ကောက်ညှင်း အသစ်အဟောင်း ဈေးတွေကလဲ    တစ်ရိပ်ရိပ် တက်လာခဲ့ကြပြီ။ မဖြစ်မနေ ပါဝင်ပစ္စည်းဖြစ်တဲ့ နှမ်း, မြေပဲ, ဆီ, အုန်းသီး, ဂျင်း, စတဲ့ အရာတွေကလည်း ဈေးနည်းနည်း လှုပ်ချင်ကြသလိုပါပဲ။ ရှိစေတော့မဖြစ်မနေ အချိန်အမှီ ထိုးရမှာဖြစ်လေတော့ တက်တော့လည်း တက်ဈေးပဲ၊ ကျတော့လည်း ကျဈေးပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ၂၀၁၃-ခုနှစ် ရာသီအမှီထမနဲပွဲတော်ကြီး စကြပါစို့။ သို့ပေမဲ့ တစ်ယောက်တည်း ထိုးလို့တော့ မရပါဘူး၊ လေပါးစပ်နဲ့ ထိုးနေလို့လည်း မဖြစ်ပါဘူး၊ [...]

Read more of this post