ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် - အပိုင်း(၄) သန်းဝင်းလှိုင်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃ ဤသို့ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် မတ်လ(၂) ရက်နေ့တွင် ဖက်ဒရယ်မူကြောင့် နိုင်ငံတော်အား ပြိုကွဲစေမည့် ဘေးမှ ကယ်တင်လိုက်ခြင်းဖြစ်သည်ဟု အကြောင်းပြ၍ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းပိုက်လိုက်လေသည်။ ၁၉၅၈ ဇန်န၀ါရီလမှ ၁၉၆၉ နိုဝင်ဘာလအထိ ကမ္ဘာ့နိုင်ငံပေါင်း (၅၂)နိုင်ငံတွင် အာဏာသိမ်းမှုပေါင်း ၈၈ ကြိမ်ဖြစ်ပွားခဲ့ရာ၊ အာရှ ၂၆ နိုင်ငံတွင် ၁၄ နိုင်ငံက အာဏာသိမ်းပိုက်ခဲ့ပါသည်။ ယင်း ၁၄ နိုင်ငံ၌ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါသည်။ အာဏာသိမ်းပိုက်မှု အကြောင်းများကိုလေ့လာပါက အမျိုးသားရေးနှင့် နိုင်ငံရေးအကြောင်းများကြောင့်ဟူ၍ နှစ်ပိုင်း ခွဲခြားနိုင်ပေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာကို ငမ်းငမ်းတပ် [...]

Read more of this post