ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ် သူရိန်ထက်၊ မတ် ၁၊ ၂၀၁၃ ခုတလော လူမှုကွန်ယက်တွေမှာရော လူထုအတော်များများကြားမှာပါ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးသံတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ တဖက်က ကြည့်ရင်တော့ မျိုးချစ်စိတ်တွေ ရှင်သန်ထက်မြက်လာတယ်လို့ အကောင်းဖက်က တွေးယူလို့ရနိုင်ပေမယ့် သေချာလေ့လာကြည့်တဲ့အခါ `တလွဲဆံပင်ကောင်း´ ဖြစ်နေတာ၊ အဆိုးဖက်ကို ဦးတည်နေတာတွေလည်း တွေ့နေရပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် အဆိုးဖက်ကို ဦးတည်နေတာက ပိုများနေတယ်လို့ ဆိုချင်ပါတယ်။ မျိုးချစ်စိတ် ထက်သန်တယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ တိုင်းပြည်တိုးတက်ဖို့ အတွက်လည်း အင်မတန်မှ အထောက်အကူဖြစ်ပါတယ်။ လူ့တန်ဖိုးမြင့်ဖို့၊ လူ့စည်းကမ်းရှိဖို့၊ လူပီသတဲ့လူတွေဖြစ်ဖို့ ထိန်းကျောင်းပြုပြင်ရာမှာလည်း မျိုးချစ်စိတ်ဟာ အလွန်တရာ အရေးပါ ပါတယ်။ တရုတ်ကလည်း သူ့လူမျိုးတရုတ်မှ တရုတ်၊ အိန္ဒိယကလည်း သူတို့ အိန္ဒိယလူမျိုးမှ သူတို့၊ ကိုးရီးယား၊ ဂျပန်၊ ထိုင်း [...]

Read more of this post