အကြွေးသစ်ယူပြီး ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် တူမောင်ညို၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၃ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ဘဝက "ခေတ်အဆက်ဆက်တင်ခဲ့တဲ့ ကြွေးဟောင်း"ကို "ကြွေးသစ်ချေး" ပြီး လက်လွှဲဆပ်လိုက် နိုင်တာကို "သတင်းကောင်း" တစ်ခုအဖြစ် ကြံဖန်ဂုဏ်ယူရတဲ့ဘဝမျိုးပါလားဗျာ။           တကယ်တော့ ကြွေးဟောင်းမဆပ်နိုင်တော့လို့၊ နောက်ထပ်လည်း ကြွေးသစ်ထပ်မယူနိုင်တဲ့ အတားအဆီးကို ကျော်လွှားနိုင်ဖို့ ကြွေးသစ်ထပ်ယူနိုင်အောင် မြီရှင်နိုင်ငံတွေက "ကြွေးလွတ်ငြိမ်းသက်သာခွင့်"ပေးတဲ့သဘောဖြစ်ပါတယ်။  ကြွေးဟောင်းဆပ်မှ ကြွေးသစ်ထပ်ချေးနိုင်မှာမဟုတ်လား။           အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံ တင်နေတဲ့ ကြွေးဟောင်း အမေရိကန်ဒေါ်လာ ၅၁၂ သန်းကို ဆပ်ဖို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်  (JICB) ဆီကနေ (Bridge loan) "ပေါင်းကူးချေးငွေ" အမေရိကန်ဒေါ်လာ ၅၁၂ သန်းယူပြီး အကြွေးဆပ် တာသာဖြစ်ပါတယ်။ [...]

Read more of this post