The  X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင် (သို့) မြန်မာပြည်မှာ အဆိုတော်တဦးဖြစ်ချင်တဲ့ နယူးဇီလန်ရောက် မြန်မာလူငယ်လေး ခင်လွန်း (ခေတ္တနယူးဇီလန်)၊ ဖေဖော်ဝါရီ၊ ၂၅ ။၂၀၁၃ ကိုင်း … ဒီတနှစ်တော့ဖြင့် ကျနော်တို့ရွှေမြန်မာများသည်လဲ တခြားနိုင်ငံသားများနည်းတူ ဂလိုဘယ်အဆင့်နဲ့ ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ (X Factor) အမေရိကန်ဒေါ်လာ ၅ သန်းထိုက် အဆိုပြိုင်ပွဲကြီးမှာ ကိုယ်နဲ့တိုက်ရိုက်ပတ်သက် ကိုယ့်နုလုံးသားနဲ့တိုက်ရိုက်နှီးနွယ် နီးကပ်စွာ ဖိဖိစီးစီးအားပေးကြဖို့ ဖြစ်လာခဲ့ပါပြီ။ ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ ကမ္ဘာ့အကြီးအကျယ်ဆုံး အဟိန်းအထဆုံး ဂလိုဘယ်အဆိုပြိုင်ပွဲ (X Factor) အစီအစဉ်ကို အထူးအထွေ မိတ်ဆက်ပေးနေစရာ လိုမယ်မထင်တော့ပါဘူး။ ဒီနှစ်မှာတော့ ကမ္ဘာ့ရုပ်ရှင်စတီရီယိုကြီးလို့ခေါ်ရလောက်အောင်လှပတဲ့ နယူးဇီလန်ကျွန်းနိုင်ငံလေးမှာ အဲ့ဒီ [...]

Read more of this post