သမိုင်းလရာသီ ဖေဖေါ်ဝါရီ ဇာဝါရီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃ မြန်မာနိုင်ငံမှာ ပေါ်ပင်အနုပညာသမားများ နဲ့ ဘနဖူးသိုက်တူး စီးပွားရေးသမားများကြောင့် ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့က သမိုင်းဝင်နေ့များကို ဖုံးလွှမ်းစပြုလာတာကို တွေ့နေရတယ်။ ယနေ့ လူငယ်လူရွယ်များအနေနဲ့ ဖေဖေါ်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ နဲ့ ဖေဖေါ်ဝါရီလ (၁၃) ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ကလေးများနေ့) များကို မသိသလို မျက်ကွယ်ပြုနေကြပြီး တိုင်းခြားကဝင်လာတဲ့ (import) ချစ်သူများနေ့ကို ရေးကြီးခွင်ကျယ် လုပ်နေကြတာကို ဝမ်းနည်းစွာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမဟုတ်တဲ့ နေ့တနေ့က သမိုင်းဝင်နေ့များကို မှေးမှိန်အောင် လုပ်လာတာ မဖြစ်သင့်တဲ့အရာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအဖွဲ့အစည်းများ နဲ့ နိုင်ငံတော်အစိုးရတို့အနေနဲ့ သမိုင်းပညာရှင်များ၊ စာရေးဆရာများ၊ အနုပညာရှင်များနဲ့အတူ [...]

Read more of this post