မိုးမခအထောက်တော် ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃ ၂၀၁၃ ဇန္န၀ါရီ ၁၃ ရက်နေ့ ကရန်ကုန် ကော့မှူးမြို့ နယ် ပိန္နဲကုန်းရှိ ပရိယတ္တိ ပညာရေးဖောင်ဒေးရှင်း၏ အတိုးမဲ့ချေးငွေပွဲသို့ ရွှေတွံ တေးဆရာတော် ကြွရောက်ပြီးထောက်ပံ့ငွေများပေးအပ်သည်။ ထို ဖောင်ဒေးရှင်းသည် ၄လတကြိမ် ချေးငွေထုတ်ပေးခဲ့ရာ ပထမအကြိမ်တွင် ၃၂ ဦး ဒုတိယအကြိမ်တွင် ၄၆ ဦး တတိယအကြိမ်တွင် ၁၄၂ ဦးနှင့်ယခုစတုတ္ထအကြိမ်တွင် ၁၄၀ ဦးအတွက်ငွေချေးခဲ့သည်။ ချေးငှါးသူတို့ ကို ၁လ လျှင် ၃% လှူဒါန်းစေပြီး- ၁%ကို ပရိယတ္တိ ၀န်ထမ်း ကိုရင်များအတွက် - ၁% ကို ပညာရည်ချွန်ကျောင်းသားများအတွက်နှင့်- ၁% ဖောင်ဒေးရှင်းရံပုံငွေအဖြစ်သုံးစွဲခဲ့သည်။ ရွှေတွံတေးဆရာတော်က... "မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဟာ ဘယ်လောက်ပဲဆင်းရဲကြပ်တည်းပါစေ။ အလှူဒါနတော့ပြုကြတာပဲ။ ကောင်းပါတယ်။ [...]

Read more of this post