၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အမေရိကန်ခရီးစဉ် ဆန်ဖရန်ဘေးဧရိယာမြန်မာတို့နှင့် ဆုံမည် မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃ ဖေဖော်ဝါရီလကုန် ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးညီလာခံကို တက်ရောက်မယ့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် မတ်လထဲမှာ အမေရိကန်ပြည်ထောင်စုကိုလည်း ၀င်ရောက်မယ်လို့ သိရရှိရပါတယ်။ မတ်လလယ်မှာ ရောက်ရှိမယ့် ကိုဌေးကြွယ်နဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာကွန်မြူနီတီတို့ တွေ့ဆုံရန် ၀ိုင်းဝန်းစီစဉ်နေတယ်လို့ ၎င်းရဲ့မိတ်ဆွေ ကိုမောင်မောင်သိန်းက မိုးမခကို ပြောကြားပါတယ်။ မေရီလန်းပြည်နယ်နဲ့ နယူးယောက်ပြည်နယ်က မြန်မာမိသားစုများနဲ့ တွေဆုံပွဲတွေ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာကွန်မြူနီတီ မိသားစုများ၊ မြန်မာ့အရေး နိုးကြားလှုပ်ရှားသူများနဲ့ တွေ့ဆုံပွဲတရပ်ကိုတော့ မတ်လ ၂၉ ရက် သောကြာနေ့ ညနေခင်းမှာ စီစဉ်နိုင်ဖို့ ကြိုးစားနေကြောင်း ဆန်ဖရန်ဘေးဧရိယာက [...]

Read more of this post