မြ၀တီ မဲဆောက် တံတားပတ်လမ်း ပိတ်ဆို့မှု ရှက်ဖွယ်ကောင်း မြ၀တီကားသမား၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃ မြ၀တီမြို့ ကျက်သရေဆောင် မြ၀တီ-မဲဆောက် နယ်စပ်တံတားကြီး၏ ပတ်လမ်းသည် ကားတစ်စီးသာ သွားနိုင်သော လမ်းကျင်းလေးဖြစ်ပါတယ် ။သို့ပါသော်လည်း အဆိုပါလမ်းတွင် စည်းကမ်းမဲ့ ရပ်ထားသော ကားများကြောင့် တံတားအောက်ပတ်လမ်းတွင်း ကားပင်သွားမရအောင် ဖြစ်ပြီး တံတာထိပ်တွင် ယာဉ်များဖြင့် လမ်းပိတ်ပြီး ကြပ်ညပ် နေပါတော့တယ် ၊ မြ၀တီတံတားပတ်လမ်းတွင် အဖြူ-အနီ ကြားသုတ်ထားသော်လည်း ကားများ စည်းကမ်းမဲ့ ရပ်နေသည်ကို မည်သည့် ယာဉ်ထိန်းရဲမှ လာရောက်အရေးယူခြင်း လုံးဝ(လုံးဝ) မရှိပါဘူး။ တံတားပတ်လမ်းမှာ အလွန်ကျဉ်းလှသဖြင့် နေ့ဘက် ယာဉ်ရပ်နားခြင်း ရပ်တန်ပြီး စာကားပြောနေခြင်း၊ခရီးသည် အတင်အချ၊ ကုန်ပစ္စည်းအတင်အချ ပြလုပ်ခြင်းများကို သက်ဆိုင်ရာက အဘယ်ကြောင့် မတားဆီသည်ကို မသိရပါ။ [...]

Read more of this post