ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် ၅.၂.၂ဝ၁၃ ရက်နေ့ တွင် မြန်မာပြည်အလယ်ပိုင်း၏ မြို့ရွာများ၌ မိုးခေါင်ရေရှားပါးမှု အခက်အခဲကြောင့် လူမှုရေးအဖွဲ့အစည်း များမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေတွင်းဆောက်လုပ်ရန်အတွက် အကူအညီ တောင်းခံလာခဲ့ကြ သည်။ အကူအညီတောင်းခံထားသော နေရာဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့တို့မှ ကွင်းဆင်းပြီး အခက်အခဲများကူညီရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပုဂံ ညောင်ဦးမြို့များသို့ ခရီးထွက်ခဲ့ကြသည်။ တလက်စတည်း မန္တလေးမြို့နှင့် ပြည်မြို့များတွင် ယင်းမြို့များမှ ဒေသခံပြည်သူများအတွက် လူမှုရေးအသင်းများမှ စီစဉ်ဆောင်ရွက်ချက်ဖြင့် ဥက္ကဌ ဦးကျော်သူမှ လူမှုရေး ဟောပြောပွဲအား တက်ရောက်ဟောပြောခဲ့သည်။ ထိုခရီးစဉ် တစ်လျှောက်လုံးတွင် ရွှေစင်စင်္ကြာ အဆင့် မြင့် ခရီးသွားပို့ဆောင်ရေးမှ ကူညီလိုက်သော [...]

Read more of this post