သန်းဝင်းလှိုင် ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃ ● မြန်မာ့ဂန္ထဝင်စာပေနောက်ခံသမိုင်း မြန်မာစာပေသည်သက်တမ်းအားဖြင့်ရှည်လျားသည်။ လင်္ကာစကားပြေ နှစ်ထွေထွန်းကားခဲ့သော အစဉ်အလာရှိသည်။ ဂီတအနုပညာ စ သည်တို့နှင့်လည်း ပေါင်းကူးယှက်နွယ်နေပါသည်။ ဗုဒ္ဓသာသနာသည် မြန်မာစာပေဟူ၍ မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ၌ ပျူလူမျိုး၊ မွန်လူမျိုးတို့ နေထိုင်ရာဒေသများတွင် အခြေစိုက်မိနေပြီဖြစ်သည်။ (၁၁) ရာစု အနော်ရထာမင်းလက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာနှင့် ပိဋကတ်စာပေများ ပုဂံသို့ ရောက်လာပြီးနောက်တွင်ကား  ဗုဒ္ဓသာသနာ သည်ပို၍စည်ပင်ဖွံဖြိုးလာခဲ့သည်။ ထိုကာလနှင့် မရှေးမဟောင်းမှာ ပင် မြန်မာစာပေ စတင်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ပုဂံခေတ် ကျန်စစ်မင်းကြီး နတ်ပြည်စံပြီးနောက် သက္ကရာဇ် ၄၇၅ (ခရစ်နှစ် ၁၁၁၃ ခုနှစ်) ခန့်တွင်ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် ယခုထိတွေ့ သမျှ သက္ကရာဇ်အခိုင်အမာပါသော အစောဆုံးမြန်မာစာပေဖြစ်သည်ဟု ပညာရှင်တို့ကဆိုကြသည်။ မြန်မာစာပေါ်ပေါက်ပြီးသည့်နောက်တွင် ဗုဒ္ဓသာသနာကို အထူးသက်ဝင်ယုံကြည်ကြသော [...]

Read more of this post