ကျော်ဟုန်း ဖေဖော်ဝါရီ ၅၊ ၂၀၁၃ အောင်နိုင်သူက ရှုံးနိမ့်သူကို အပေါ်စီးက မဆက်ဆံတာ (တည်ကြည်မှု) ရှုံးနိမ့်သူက မအောင်မြင်မှုကို သိမ်ငယ်စိတ်ကင်း ရင်ဆိုင်ရဲတာ (ရဲရင့်မှု) သဘောတူရင် လက်ခေါက်မှုတ်လိုက်။အမှောင်ထဲက အလင်းတံခါးဖွင့်တဲ့ လက်ကို ဘာလို့ မျက်မှန်မည်း တပ်ကြည့်နေရတာလဲ မျက်မှန်မည်းကြီးချွတ်လိုက် မျက်မှောင်ကုတ်လဲ မကြည့်မိစေနဲ့ ။ ကိုယ့်စည်းဝိုင်းထဲ လက်နက်ချလာသူကို ကိုယ့်နေရာလုလေမလားစိတ်နဲ့  အမှောင်ခန်းကို တံခါးဖွင့်ခွင့်မပေးရဲရင် မင်းလဲ လူယုတ်။ သားကောင်ကို သားကောင်အခွင့်အရေးပေးရဲတာ မုဆိုးကောင်း အလုပ်။ ကြိုးကွင်းစွပ် ဒေါက်ဖြုတ်ခံရမယ့် လည်ပင်း ဘုရားတခွင့်လေးတော့ ပြုသင့်ပ။ ရေငွေ့ တွေတင်းကျပ်နေတဲ့ တိမ်ညစ်ညိုကို အံချခွင့် ပေးလိုက် ဖြန့် ကြဲခွင့် ပြုလိုက် ကြည်လင်တဲ့ ကောင်းကင် ဆုလာဒ်အဖြစ်ရနိုင်မယ်။ အတ္တဖြုတ်ကြ ပြောသူကိုယ်တိုင် [...]

Read more of this post