ဒေါက်တာဓမ္မပိယ (ITBMU) ဖေဖော်ဝါရီ ၅၊ ၂၀၁၃ နိုင်ငံနှင့်လူမျိုးကို ဂုဏ်မငယ်စေချင်ရင် ဂုဏ်ငယ်စေနိုင်တဲ့ အလုပ်များကို လုပ်နေခြင်းများကို လုံးဝအားမပေးပဲ ဥပဒေဖြင့် တားမြစ်ပေးနိုင်ဖို့ပါ။ ပြည်သူများ ပျင်းရိခြင်း၊ အရက်သေစာ သောက်စားမှုများခြင်း၊ ကွမ်းစားခြင်း၊ လောင်းကစားခြင်းများကို အမြဲမပြတ် ပြုလုပ်နေခြင်းသည် သတိတရား၊ အသိတရား ရှိသူများ အတွက်တော့ ၀မ်းနည်းစရာတွေချည်း ဖြစ်နေခြင်းပါ။ ဂုဏ်ထယ်မဲ့အလုပ်တွေကို ကြိုးစား၍ အားထုတ်ခြင်း၊ ပညာကို ကြိုးစားသင်ယူခြင်း၊ အလုပ်အကိုင်များကို ကြိုးစား၍ လုပ်ကိုင်ခြင်း စသည်များကို တစ်မျိုးသားလုံးက ကြိုးစား ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံကြီးသည်လည်း ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတစ်နိုင်ငံ မဝေလှသောအချန်မှာ တကယ်ပင်ဖြစ်လာမှာပါ။ တရုတ်ပြည်ကြီး ဘာ့ကြောင့် ချမ်းသာကြွယ်ဝလာသနည်း။ အနီးစပ်ဆုံး အဖြေကတော့ - တရုတ်လူမျိုးများ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြလို့ပါ။ ဘာပဲပြောပြော [...]

Read more of this post