ဝတ်မှုန် ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ အင်းလေးကန်သည် ထူးခြားလှသော ရှုခင်းများဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုရှိပါသည်။ အလွန်များပြားလှသော ဟိုတယ်များ ရွှေညောင်မြို့တွင် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ဟိုတယ်ဇုံများ သတ်မှတ်ပြီး ဆောက်ခွင့်ပါမစ်များ ချပေးနေသည်။ မြန်မာနိုင်ငံနိုင်ငံလာရောက်သော တိုးရစ်စ်များအတွက် ရန်ကုန်၊ မန္နလေးမြို့ ၂ခုနှင့်၊ ပုဂံညောင်ဦး၊ အင်းလေး၊ဖောင်တော်ဦး၊ ကျိုက်ထီးရိုးဘုရား တို့သည် အဓိက ခရီးသွားနေရာများဖြစ်သည်။ ရွှေညောင်မှ အင်းလေးကန် လှေဆိပ်ရောက်သည်နှင့် ငါးစာ၊ ဇင်ယော်စာ၊ ရွှေဆိုင်းရောင်းသော မိန်းမ၊ ကလေးငယ်များစွာ တိုးဝှေ့ရောင်းချတော့သည်။ လူ၅ဦးခန့် စီးနိုင်သော စက်လှေတစ်စီးကို တစ်ရက် ကျပ်၂သောင်းနှုန်းဖြင့် ငှားရမ်းရသည်။ ရေလယ်ဘုရား၊ အင်းလေးအမှတ်တရ ပစ္စည်းရောင်းဆိုင်များကို လှေစီးပြီး ကြည့်ကြ၊ ဘုရားဖူးကြရသည်။  နာမည်ကျော် ဖောင်တော်ဦးဘုရားသို့ လှေဆိုက်သည်နှင့် [...]

Read more of this post