မောင်ရင်ငတေ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃ ● ပုံတူပန်းချီဆရာမ အေလီဇဘတ် ဗီဂျေး (၁၇၅၅ - ၁၈၄၂) ပန်းချီဆရာမ Louise Élisabeth Vigée Le Brun (Marie Élisabeth Louise) အေလီဇဘတ် ဗီဂျေးကို ၁၇၅၅ ခုနှစ်မှာ ပါရီမြို့၌ ဖခင်ပန်းချီဆရာနဲ့ မိခင်ဆံပင်အလှပြင်သူတို့မှ မွေးဖွားခဲ့ပါတယ်။ ကိုယ်တိုင်ရေးပုံတူ (၁၇၈၂) ပြင်သစ်သမိုင်းတလျှောက်မှာ ရှာမှရှားလှတဲ့ အမျိုးသမီးထဲက နာမည်ကျော်ကြားနေရာပေးခံရသူ တဦးဖြစ်ပါတယ်၊  ပန်းချီအနုပညာရှင် သူမရဲ့ခေတ် ၁၇ ရာစုအကုန်ပိုင်း ၁၈ ရာစုဦးစမှာ မင်းဆွေ မင်းမျိုး ဂုဏ်သရေရှိပုဂ္ဂိုလ်ဆိုသူတွေကို ပုံတူရေးဆွဲရာမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရှားရှားပါးပါး မိန်းမသား ပုံတူပန်းချီပညာရှင်တဦး ဖြစ်ပါတယ်၊ သူမရဲ့ဖခင်ဖြစ်သူဟာလည်း ပန်းချီပညာရှင် တဦးဖြစ်ပြီး သူမရဲ့ လက်ဦးဆရာဖြစ်ခဲ့သူပါ။ [...]

Read more of this post