ဒေါက်တာမြင့်ဦး (ဂျီပီ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃  ဥဒေါင်းငှက်ကို အမှတ်သင်္ကေတပြုထားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ဘွဲ့ နှင်းသဘင်ခန်းမကြီးထဲမှာ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘား မားတစ်ယောက် မိန့်ခွန်းပြောကြားသွားခဲ့တာကို လူတိုင်းအမှတ်ရ နေကြလိမ့်မယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမှတ်သင်္ကေ တဟာ လင်းယုန်ငှက်ဖြစ်တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်ထဲ အိုဘားမားရောက်ရှိလာတာကို လင်းယုန်ဧကရာဇ်မင်းကြီး သစ်ပုတ်ပင် ပေါ်မှာ နားခိုသွားခဲ့တယ်လို့ တင်စားပြောဆိုလို့ရနိုင်ပါတယ်။ ရွှေတိဂုံစေတီပေါ်မှာ ဠင်းတနားသွားတာကို မကောင်းတဲ့အတိတ်နိမိတ်အဖြစ် မှတ်ယူကြပေမယ့်၊ ကံကော်တောထဲမှာ လင်းယုန်ငှက်နားသွားတာ ကိုတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တစ်ခေတ်ဆန်းသစ်တော့မယ့် နိမိတ်လက္ခဏာအဖြစ်မှတ်ယူလို့ ရနိုင်ပါတယ်။ လင်းယုန်ငှက်မင်းဟာ သစ်ပုတ်ပင်ပေါ်မှာ ခိုနားသွားခဲ့ရုံသာမက "မြန်မာနိုင်ငံ မင်္ဂလာပါ" လို့ ဥဒေါင်းသံနဲ့ တွန်ကျူးပြသသွားခဲ့တဲ့အတွက်၊ နောက်ပါလင်းယုန်ငှက်အပေါင်းဟာလည်း ဥဒေါင်းနိုင်ငံထဲကိုရောက်ရှိလာကြပြီး ဒေါင်း ငှက်တွေနဲ့ ကခုန်မြုးတူးဖို့ ကကြိုးညှိနေကြတာကို တွေ့မြင်နေကြရပြီဖြစ်ပါတယ်။ ● တက္ကသိုလ်မိတ်ဖွဲ့ [...]

Read more of this post