မောင်ရင်ငတေ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ ● ဖော့ဆို့ဖောက်တံနဲ့ ဝက်သစ်ချပင်ရဲ့ဇာတ်လမ်း ဒီပစ္စည်းလေးဟာ ဘယ်လောက်မှ အရေးမပါအရာမရောက်တဲ့ ပစ္စည်းအမျိုးအစားတခုပါ၊ မြင်လိုက် တွေ့လိုက်ရတဲ့ အခါတွေမှာလည်း သိပ်ထူးခြားတာမျိုး မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါမရှိတဲ့ အခါမှာတော့ အတော်ကိုဘဲ ဒုက္ခရောက်ရပါတယ်၊ ကိုယ်တွေ့ကြုံဖူးသူတိုင်း သိကြပါ တယ်၊ ပြင်သစ်ပြည်ကဲ့သို့ ဝိုင်အသောက်များတဲ့ တိုင်းပြည်မျိုးတွေမှာ နေ့စဉ်အသုံးပြုနေရတာပါ၊ နေ့စဉ်လိုအပ်နေတဲ့အရာ ပစ္စည်းတခုပါ၊ ဆိုင်တွေမှာဘဲဖြစ်ဖြစ် အိမ်တွေမှာဘဲဖြစ်ဖြစ် အမြဲလိုလို အသုံးပြုနေရတာပါ၊ Le tire-bouchon ဆိုင်တွေမှာ အသုံးများတဲ့ ဝိုင်ဖောက်တံ ပြင်သစ်ပြည်မှာ ပြင်သစ်လူမျိုးတွေထဲမှာ ဝိုင်မသောက်တဲ့သူ မရှိသလောက်ပါဘဲ၊ မိန်းမ ယောက်ျား လူတိုင်းနီးပါး သောက်ကြပါတယ်၊ အနည်းဆုံးတနေ့ကို ဝိုင်တခွက် ၂၅ စင်တီလီတာ လောက်တော့ နေ့လည်စာနဲ့ ညစာ စားခါနီးစားနေစဉ် [...]
Read more of this post