ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃ ၂ဝ၁၃ ခုနှစ်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ်များအဖြစ် ပြည်တွင်း/ပရှိ လူမှုရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်များဖြင့် (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးသွားနှစ်ဖြစ်ပေသည်။ အထက်မြန်မာပြည် မန္တလေးတိုင်းသို့ ၅.၁.၂ဝ၁၃ ရက်နေ့မှ ၈.၁.၂ဝ၁၃ ရက်နေ့အထိ၎င်း၊ တောင် ကြီးမြို့သို့ ၉.၁.၂ဝ၁၃ ရက်နေ့မှ ၁ဝ.၁.၂ဝ၁၃ ရက်နေ့အထိ၎င်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ၁၉.၁.၂ဝ၁၃ ရက်နေ့မှ ၂၈.၁.၂ဝ၁၃ ရက်နေ့အထိ လူမှုရေးဖိတ်ကြားချက်များအရ သွားရောက်၍ လူမှုရေး ဟောပြောပွဲများ ဟောပြောခဲ့သည်။ ၅.၂.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သားများသည် ဗြဟ္မစိုရ်နှလုံးသားဖြင့် [...]

Read more of this post