ဖိုးထက် ဖေဖော်ဝါရီ ၇၊ ၂၀၁၃ ကျွန်တော် ကွမ်းကြိုက်တာ လူတိုင်းသိကြသည်။ အမေကိုယ်တိုင် ဘုရားရှေ့မှာ ကျိန်ဆိုပြီး ကျွန်တော့်ကို ကွမ်းဖြတ်ခိုင်းခဲ့တာတောင်မှ ငရဲသွားမည့် အကောင်က ကွမ်းမပြတ်နိုင်ခဲ့ပါ။ "နင့်ဟယ် ဆေးလိပ်သောက်တာကမှ စတိုင်လ်ကျရင် ကြည့်ကောင်းသေး။ ကွမ်းစားတာကြီးက ပါးစပ်ကြီးကရဲပြီး ကျက်သရေကို မရှိဘူး။ ကွမ်းစားတဲ့ လူဆိုရင် ငါတော့ လွှတ်မုန်း။ ငါ့တပည့်တွေဆိုရင် ငါ့ရှေ့မှာမစားရဲဘူး။ ငါ့သားကျမှဟယ်.." ဟု အငြိမ်းစား ဆရာမကြီး အမေက ကျွန်တော်ကွမ်းစားတာမြင်တိုင်း စိတ်မကောင်းဖြစ်ရှာ၏။ အမေမကြိုက်မှန်း သိသဖြင့် ကျွန်တော်က ကွမ်းဖြတ်ဖို့ ကြိုးစားကြည့်သည်။ သို့သော် အမေ့ဆုံးမစကားမှန်သမျှ ဖီဆန်ကြဟု ဆိုရလောက်အောင် ၀မ်းတွင်းသန္ဓေ ယုတ်လှသည့် ကျွန်တော်က မပြတ် မစဲ တ၀ဲလည်လည် ရှိနေခဲ့သည်။ ကွယ်လွန်သူ စွယ်စုံ အနုပညာရှင်ကြီး [...]

Read more of this post