ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃ 'သုခ' ဟူသည် ချမ်းသာခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်မျိုးစေ့ချ ထူထောင်ခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ဘဘ ဦးသုခ ပင်ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ နာယကကြီး ဘဘ ဦးသုခ ရှိစဉ်အခါက 'သုခ' အမည်ဖြင့် 'သုခ' စာစောင်ထုတ်ဝေရန် အကြံပြုဆွေးနွေးခဲ့သည်။ ထိုအကြံပြုချက်အား ဘဘ ဦးသုခမှ သူရှိနေစဉ်အချိန်တွင် သူ၏ အမည်နာမအား အသုံး မပြုရန်မှာကြားခဲ့ပြီး ဘဘ မရှိတော့သည့်နောက်ပိုင်းမှသာ 'သုခ' ဟူသော အမည်နာမအား အသုံးပြုရန် ပြောကြား ခဲ့သည်။ ထို့ကြောင့် ဘဘ မရှိတော့သည် ၂ဝဝ၅ ခုနှစ်နောက်ပိုင်းတွင် ဘဘ ဦးသုခ၏ ဂုဏ်ကျေးဇူးကို [...]

Read more of this post