ကျော်ဟုန်း ဖေဖော်ဝါရီ ၁၁၊ ၂၀၁၃ (လွတ်လပ်ရေးကြောင့် ပြည်ထောင်စုဖြစ်တာလား ပြည်ထောင်စုကြောင့် လွတ်လပ်ရေးဖြစ်တာလား)ဘာမှ လွယ်လွယ်မရ လွယ်မဖြစ်တဲ့ လောက စဉ်လာထဲ သမိုင်းကို သမိုင်းလို တွေး သမိုင်းကို သမိုင်းလို ထွေး။ အတိတ်ဟာ အခက်အခဲတွေကြားကပဲ လှပခဲ့ဖူးတယ် ပင်လုံတဲ့ ရင်ခုန်စရာ အိပ်မက် ပြည်ထောင်စုရဲ့ အလှတရား တို့ ဗမာပြည်မှာ ဖူးပွင့်ဖူးခဲ့။ ခုများတော့ အမျိုးချစ်ကြတယ်ပြောတဲ့ အမျိုးချတွေ ဝါဒမှား မှိုင်းတွေတိုက် ရိုင်းမိုက်ပုံများ (၆၆) နှစ်တိုင်အောင် မပြီး နောင်လည်း ဆက်ရန် ရှိသေး၏။ ကချင်၊ ကရင်၊ ကယား၊ ရှမ်း ရခိုင်၊ မွန်၊ ဗမာ အကုန်လုံး လက်နက်ကိုင်ထား သေးသေးလေးပဲရှိတဲ့ နာဂ အစွယ်အပွားတွေလဲ သေနတ်တကားကား၊ လက်တယားယား [...]

Read more of this post