ဟင်္သာတသား ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နတ်မော်လမ်း ဝေလာဘလမ်းဆုံတွင် (၁၆-၂-၂၀၁၃) စနေနေ့ည ၈ နာရီ ၃၀ မိနစ်ခန့် အချိန်၌ ဆိုင်ကယ်နှစ်စီး မတော်မဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည် ဟု သိရသည်။ ထို ဆိုင်ကယ်တိုက်မှုနှင့် ပတ်သက်၍ ဟင်္သာတမြို့ အမှတ်(၁) ရဲစခန်းမှ ယာဉ်တိုက်မှုဖြစ်ပွားသူ နှစ်ဦးစလုံးနှင့် ဆိုင်ကယ်များကို သိမ်းဆည်းခဲ့ပါသည်။ စခန်းမှ ဒုရဲအုပ်စိုးစိုးထွန်းသည် (၁၉-၂-၂-၁၃)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားသူနှစ်ဦးစလုံးအား ချိန်းဆိုခဲ့ကြောင်း သိရသည်။ စခန်းပေါ်တွင် ဒုရဲအုပ် စိုးစိုးထွန်းမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ခင်မောင်အေး၏ မိခင် ဒေါ်တင်နွယ်ထံမှ ငွေကျပ် (၁၀) သိန်းပေးနိုင်မလား၊ ခင်ဗျားတို့ မပေးနိုင်လျှင် ထောင် (၂) နှစ် ကျလိမ့်မည် [...]

Read more of this post