ကမာပုလဲ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃ မြစ်ဝကျွန်းပေါ်ဒေသ တော်လှန်ရေး အဖွဲ့အစည်းများကို ဗိုလ်နေ၀င်း စစ်အုပ်စုက "ဖြတ်လေးဖြတ်" ဗျူဟာကျင့်သုံးပြီး လူထုနဲ့ ကင်းကွာအောင်လုပ်ခဲ့တာကို အမှတ်ရမိတယ်။ အဲဒီတုန်းက ကျနော့်အသက် လေးငါး ခြောက်နှစ်သားလောက်ပဲ ရှိပါတယ်။ ဖြတ်(၄)ဖြတ်မှာ ၁-ရိက္ခာဖြတ်ခြင်း ၂-ဘဏ္ဍာငွေအရင်းအမြစ် ရရှိနေမှုများ ဖြတ်တောက်ခြင်း ၃-သတင်း ဖြတ်တောက်ခြင်း ၄-သတ်ဖြတ်ချေမှုန်းခြင်း(ခေါင်းဖြတ်သုတ်သင်ခြင်း) တို့ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းစစ်အုပ်စုဟာ အဲဒီ ဖြတ် ၄ ဖြတ် ဗျူဟာအပြင် ၀ါဒဖြန့်ချိ စိတ်ဓါတ် စစ်ဆင်ရေး တိုက်ပွဲကို ကျင့်သုံးပါတယ်။ တော်လှန်ရေးသမားဟောင်းကြီးတွေ ပြောပြတာက "ဒို့ကို ၀ိုင်းပတ်ရာမှာ ရန်သူက သူတို့အဓမ္မခေါ်ဆောင်လာတဲ့ လူထုကို ရှေ့ဆုံးကနေ ထားပြီး ဒို့ကို ၀ိုင်းပတ်ခဲ့တယ်။ ဒို့ နေရာ ကျဉ်းသထက် ကျဉ်းလာတယ်။ [...]

Read more of this post