မောင်စွမ်းရည် ဖေဖော်ဝါရီ ၉၊ ၂၀၁၃  ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ကဗျာစာအုပ်သစ်ကို ဖတ်ပြီးနောက် ကိုလေးရဲ့ ကဗျာစာအုပ်သစ်ကို တွေ့ရတော့ ဆွေ့ဆွေ့ခုန်အောင် ၀မ်းသာမိတယ်။ သူ့ကဗျာစာအုပ်သစ်ကို ဆန်ဖရန်ဆစ္စကိုက စာရေးဆရာဥာဏ်ဦးမောင် (အရှင် ဥာဏ်ကာဘီသံ) က ပို့ပေးပါတယ်။ ရှေ့ဆင့် နောက်ဆင့်ပါပဲ စာအုပ်ထုတ်ဝေသူ လူထုတိုက်ကလဲ လူကြံကောင်းလို့တဲ့။ စာတအုပ်ထပ်ရောက်လာခဲ့ပါတယ်။ (အဲဒီစာအုပ်ကိုတော့ ၀ါရှင်တန်ကို သွားရင်း ကဗျာဆရာ အောင်ဒင်ကို လက်ဆောင်ပေးခဲ့ပါတယ်။) ကိုလေကဗျာစာအုပ်မထုတ်ဖြစ်တာ အတော်ကြာပြီးလေး။ တအုပ်နဲ့တအုပ်ကြားမှာ နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါးခြားသွားခဲ့ပြီ။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်ဆိုတဲ့ သူနဲ့ရေးဖော်ရေးဘက်တွေက ဒီကြားမှာ ၄- ၅ အုပ်စီလောက် ထုတ်ပြီးနေကြပါပြီး။ သူက ပါးစပ်သမ (အာသမား) ဆိုတော့ ပါးစပ်နဲ့ ရေးပြီးရင် [...]

Read more of this post