လူရွှင်တော်ပန်းသီးနှင့် မိတ်ဆွေများ ငြိမ်းချမ်းခြင်းကို အနုပညာနှင့် အားဖြည့် မိုးမခအထောက်တော် ၀၀၃၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃  ငြိမ်းချမ်းခြင်းကို အနုပညာဖြင့် ခွန်အားတရပ်ဖြစ်စေလိုသောဆန္ဒဖြင့် သီးလေးသီးမှ ကိုပန်းသီးဦးဆောင်၍ ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျောက်သူများအား အနုပညာဖျော်ဖြေပွဲတရပ်ပြုလုပ်မည်သိရသည်။ အဆိုပါအနုပညာဖျော်ဖြေပွဲကို ကသာမြို့အနီးတွင်ဖေဖော်ဝါရီ (၂၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး  ဟာသလူရွင်တော်ပန်းသီး၏ ၁နာရီကြာ တကိုယ်တော်ဟာဒယအစီအစဉ်၊ ငြိမ်းချမ်းရေး အငြိမ့်သဘင်ခန်း၊ နှင့် တေးသီချင်းဖျော်ဖြေမှုများ ပါဝင်မည်ဟု ဆိုသည်။ လူရွင်တော်ပန်းသီးနှင့်အတူ ဂီတမှုးကိုမင်းသူ၊ တက်သစ်စ အဆိုတော်မင်းသမီး  ဆောင်းဝတီတို့မှ အနုပညာအ ခကြေးငွေမယူဘဲစေတနာဖြင့် ကူညီပါဝင်တင်ဆက်သည်။ လူရွင်တော်ကိုပန်းသီးက … "ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းဘို့အတွက် မိုင်ပေါင်းများစွာ ခရီးဆက်ကြတဲ့ ငြိမ်းချမ်းရေးသူရဲကောင်းတွေကို ကျနော်တို့ရဲ့အနုပညာနဲ့ ဂုဏ်ပြု ခွန်အားပေးတာပါ။ ဒီကိုလာ ကပြဖို့အတွက် အနုပညာကြေး လုံးဝမယူတဲ့အပြင်၊ လမ်းခရီး ကုန်ကျစာရိတ်အားလုံးကိုလဲ [...]

Read more of this post