ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း၏ နယ်လှည့်ဆေးကုသမှု အစီအစဉ် အား ၁၂.၂.၂ဝ၁၃ (ပြည်ထောင်စုနေ့)တွင် စတင်အကောင်အတည်ဖော် ဆောင်ရွက်ခဲ့သည်။ သုခကုသိုလ် ဖြစ်ဆေးခန်း(ရန်ကုန်)၌ ကုသိုလ်ဖြစ်ပေးဆပ်လျှက်ရှိသော ဒေါက်တာ ရွှေထွဏ်း၊ ဒေါက်တာမြင့်သောင်း၊ ဒေါက်တာနေလင်းဟန် တို့နှင့်အတူ ဆေးတက္ကသိုလ်ကျောင်းသားများဖြစ်ကြသော ကိုတိုးဝင်းအောင်၊ ကိုဇင်မျိုးထွန်းတို့မှ ဦးဆောင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ ဒေါ်မိုးမိုးကြည်နှင့် အလုပ်အမှုဆောင် များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်  ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်မြို့နယ်၊ သောင်ကြီး ကျေးရွာသို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီး၊ ရွှေစင်စကြာ အဆင့်မြင့်မော်တော်ယာဉ်လိုင်းမှ အကူအညီ ပေးသည့် Super Custom ယာဉ်တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ်နှစ်စီးဖြင့် နာရေးကူ ညီမှုအသင်း (ရန်ကုန်)မှ နံနက် (၅း၃ဝ) နာရီအချိန်တွင် ထွက်ခွာလာခဲ့ကြသည်။ နံနက် [...]

Read more of this post