မောင်စွမ်းရည် ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃ ● တင်မိုးကြိုက်တဲ့ ကော်ဖီအမှန် လူတိုင်းဟာ ရသာ ၆ ပါးကို တက်မက်ကြတယ်လို့ မှတ်ယူပါတယ် ဒါပေမဲ့ တချို့ခံတွင်းပျက်တဲ့အခါများမှာတော့ ဘာမှမစားချင် မသောက် ချင် ဖြစ်တတ်ပါတယ်။တချို့လူများကတော့ ခံတွင်းပျက်တယ်လို့လဲ မရှိ ဘယ်လိုအစာမျိုးကို မကြိုက်ဘူးလို့လဲမရှိ။ ဒါပေမဲ့ အထူး ကြိုက်နှစ် သက်တဲ့အရသာ၊ အထူးကြိုက်နှစ်သက်တဲ့ အစားအစာဆို တမျိုးရှိတတ်ပါတယ်။ သူငယ်ချင်း တင်မိုး (ဘဂျမ်း) ဟာ ဒုတိယလူစားမျိုးမှာ ရှိပါတယ်။ တင်မိုးမှာ သူငယ်ချင်းတွေအများကြီးရှိပေမဲ့ သူကွယ်လွန်ချိန်အထိ အများဆုံးတွဲခဲ့ရတဲ့သူငယ်ချင်းက ကျနော် (မောင်စွမ်းရည်) ဖြစ်ပါတယ်။ သူနဲ့ စတင်တွဲခဲ့တဲ့ ၁၉၅ရ-၅၈ ကစပြီး သူကွယ်လွန်တဲ့ ၂၀၀ရ အထိ သူနဲ့ ကျနော်တို့ တွဲခဲ့ရပါတယ်။ မန်းတက္ကသိုလ်မှာတုန်းက သူနဲ့ [...]
Read more of this post