[Real Family: 24971] about Courtesy Visa



---------- Forwarded message ----------
From: U Htwe <htweoomyanmaryangon@gmail.com>
Date: 2013/2/15
Subject: about Courtesy Visa

အရင်ဆုံး စကားခံထားချင်တာလေးက ဒီpost ကိုရေးခြင်းသည် မိမိနိုင်ငံကို အပြစ်တင်လိုခြင်းမဟုတ်ပဲ အတုယူသင့်သော လုပ်နည်းလုပ်ဟန်များအကြောင်း တင်ပြလိုခြင်း ဖြစ်ပါတယ်… ဖအေကျော်၍ ပထွေးလွမ်းနေတယ်လို့ အထင်မခံချင်၍လည်း ဖြစ်ပါတယ်…

ကျနော်တို့အဖွဲ့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ယခုလ ၂၂ရက်မှ ၂၄ရက်နေ့ထိ ကျင်းပမည့် ASEAN Enchanting Puppets 2013 တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆင်နွှဲရန် ဖိတ်ကြားလာခဲ့ပါတယ်… ချင်းမိုင်မြို့တွင် 2009နှစ်ကုန် 2010နှစ်ဆန်းတွင်ပြုလုပ်ခဲ့သော Master Classes of Puppetry တွင် တွေ့ဆုံသိကျွမ်းခဲ့ပြီး သူမ၏တပည့်လေးများကို မြန်မာ့ရုပ်သေးပညာ သင်ကြားပေးခဲ့သဖြင့် ခင်မင်ရင်းနှီးခဲ့သော တက္ကသိုလ်မှ ဆရာမ Vilawan Svetsreni ၏ recommend ပေးမှုကြောင့် ပွဲစီစဉ်သူမှ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါတယ်…

Travel Authority of Thailand (TAT) မှ Main Sponsor အဖြစ် တာဝန်ယူကျင်းပပေးခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်… ကပြရန်အတွက် ရေကန်ဆောက်ရန် စားရိတ်ကြီးမားသဖြင့် တော်ရုံတန်ရုံ ရုပ်သေးပွဲတော်များတွင် မဖိတ်ကြားနိုင်သော ဗီယက်နမ်ရေပေါ်ရုပ်သေးအဖွဲ့ကိုပင် ဖိတ်ကြားထားပြီး အခြား အာဆီယံနိုင်ငံများသာမက ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းစသော နေရာဒေသအလိုက် ရုပ်သေးအဖွဲ့များအပြင် တုတ်ထိုးရုပ်သေး၊ အရိပ်ရုပ်သေး၊ ကြိုးဆွဲရုပ်သေးစသော ရုပ်သေးအမျိုးအစားအလိုက် အဖွဲ့များကိုလည်း အစုံအလင်ပါဝင်အောင် စီစဉ်ထားတာကို တွေ့ရှိရပါတယ်…

ရုပ်သေးကပြဖျော်ဖြေမှုများတင်မဟုတ်ပဲ နိုင်ငံအသီးသီး၏ ရုပ်သေးပြုလုပ်နည်းများ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ သရုပ်ပြပွဲများကိုလည်း သက်ဆိုင်ရာအဖွဲ့များမှ တလှည့်စီပြုလုပ်သွားကြမှာ ဖြစ်ပါတယ်… အာဆီယံနိုင်ငံများ အချင်းချင်း တစ်ဦး၏ရုပ်သေးပညာကို တစ်ဦး အနီးကပ် လေ့လာသင်ယူခွင့် ရရှိကြမှာဖြစ်ပါတယ်…

ရုပ်သေးအဖွဲ့များ၏ သက်ဆိုင်ရာနိုင်ငံမှ ဘန်ကောက်သို့ မိမိအစီအစဉ်ဖြင့် လက်မှတ် ဝယ်ယူလာရမည်ဖြစ်သော်လည်း လက်မှတ်ခဖြတ်ပိုင်းနှင့် Boarding Pass ပြသ၍ ကျသင့်ငွေထုတ်ယူရမည် ဖြစ်ပါတယ်… ဘန်ကောက်မှ ချင်းမိုင်သို့ လေယာဉ်လက်မှတ်ကို TAT မှစီစဉ်ပေးမည်ဖြစ်ပြီး ချင်းမိုင်တွင် နေထိုင်စားသောက်စားရိတ်များ အားလုံးတာဝန်ယူမယ်လို့ သိရပါတယ်… ပွဲတော်အပြီးနောက်တစ်န့တွင်လည်း ချင်းမိုင်မြို့တွင်း Sightseeing စီစဉ်ပေးထားပြန်ပါတယ်…

ဒီနေရာမှာ ကျနော်တို့ ရွှေမြန်မာများအတွက် အဆင်မပြေတာက ဗီဇာကိစ္စပဲ ဖြစ်ပါတယ်… အခြား အာဆီယံ နိုင်ငံများမှာ ထိုင်းနိုင်ငံအတွင်းဝင်ရောက်ရန် ဗီဇာမလိုသောကြောင့် ဖိတ်ခေါ်စာတွင် ဗီဇာကိစ္စကို ဖေါ်ပြမထားပါ… ထို့ကြောင့် ဗီဇာလိုသောကျနော်တို့အဖွဲ့က ဗီဇာကြေးကိစ္စကို မျက်နှာပူပူနဲ့ ပြန်မေးရပါတော့တယ်… တစ်ဦးလျှင် ဒေါ်လာ(၄၀) ငါးဦးအတွက်ဆိုလျှင် ဒေါ်လာ(၂၀၀) ဆိုတော့ မများပေမယ့် မနည်းသဖြင့် သေချာအောင် မေးရခြင်း ဖြစ်ပါတယ်…
 
TATဖက်ကလည်း ပြတ်သားပါတယ်… ဖိတ်ခေါ်စာတွင်ပါသောအချက်များကလွဲ၍ တာဝန်မယူပါတဲ့ခင်ဗျား… ငိုတဲ့ကလေးမုန့်စားရတယ် ဆိုတဲ့ထုံးနှလုံးမူ၍ ချွင်းချက်အနေဖြင့် နောက်တစ်ကြိမ်စဉ်းစားပေးပါဦးလို့ ပြောကြည့်ရပြန်တယ်… တစ်ပါတ်လောက်ကြာတဲ့ထိ အကြောင်းမပြန်တော့ ငွေရှာရမယ့် မိန်းမက ပွစိပွစိလုပ်နေပါပြီ…

မထင်မှတ်တဲ့အချိန်မှာ ရောက်လာတဲ့သတင်းက ထိုင်းခရီးသွားဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဗီဇာရရှိရေးတင်ပြထားတာ အဆင်ပြေကြောင်း၊ ဒါပေမယ့် ခရီးသွားစာရွက်စာတမ်းများတင်ပြရမည်ဖြစ်ပြီး အချိန် နှစ်ပါတ်ခန့်ပေးရမည်ဖြစ်၍ အမြန်ဆုံးပို့ပေးပါရန် ပြောလာပါတယ်… ပတ်စ်ပို့နှင့် ဓါတ်ပုံများ scan ဖတ်၍ ပြန်ပို့ပေးလိုက်ပါတယ်…

ဆယ်ရက်အကြာမှာ ရန်ကုန်ထိုင်းသံရုံးသို့သွား၍ ဗီဇာလျှောက်နိုင်ပြီဖြစ်ကြောင်း Courtesy ဗီဇာ အနေဖြင့်လျှောက်ထားရန် ရည်ညွှန်းစာနံပါတ်ပေးပို့လာပါတယ်… သေချာအောင် သံရုံးသို့သွား၍ မေးမြန်းသည့်အခါ ကောင်စစ်ဝန်မှ ထိုင်းသို့ဖုန်းဆက်၍ confirmလုပ်တာ ခဏစောင့်ရပါတယ်... ထို့နောက် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း လျှောက်လွှာတင်နိုင်ကြောင်း ပြောပါတယ်…

ဗီဇာကြေးသွင်းစရာ မလိုရုံတင်မက ထိုင်းမဝင်ဘူးသော အဖွဲ့ဝင်များအတွက် ပိုင်ဆိုင်မှုစာရွက်စာတမ်းများ ပြသရန် လေယာဉ်လက်မှတ်ပင် ပြစရာမလိုတော့ပါ… နိုတြီဖိုး မိတ္တူဖိုးများလည်း မကုန်တော့ပါ… ငွေကုန်တာ မကုန်တာထက် စနစ်တကျ အကွက်စေ့စေ့ စီမံခန့်ခွဲမှုနှင့် တာဝန်ယူမှုအပိုင်းကို နှစ်ခြိုက်သဘောကျမိပါတယ်… ကျနော်တို့နိုင်ငံမှ အဖွဲ့အစည်းများလည်း ထိုသို့ဝိုင်းဝန်းကူညီတာဝန်တတ်ယူသော အသိစိတ်ဓါတ်များ အလေ့အကျင့်များ မကြာမီကာလတွင်ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း…

ဦးထွေး(ထွေးဦးမြန်မာ)


--


--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
---
You received this message because you are subscribed to the Google Groups "Real Family" group.
To unsubscribe from this group and stop receiving emails from it, send an email to real-family-mm+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.