သစ်ထူးလွင် |
- နော်ခမ်း နဲ့  အပေါင်းအပါ ၃ ဦးကို သေဒဏ်စီရင် (ရုပ်/သံ)
- ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကိစ္စ ခုံရုံးအဆုံးအဖြတ်ရယူနိုင်မည်
- မတ်လ ၂ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အတွဲ ၁ ၊ အမှတ် ၅၁
- မတ်လ ၁ ရက်နေ့ ထုတ် TV Guide ဂျာနယ် အတွဲ ၄ ၊ အမှတ် ၅
- မတ်လ ၁ ရက်နေ့ ထုတ် Prefmier Eleven ဂျာနယ် အတွဲ ၁၀ ၊ အမှတ် ၂၇
- မတ်လ ၁ ရက်နေ့ ထုတ် focus Online ဂျာနယ် အတွဲ ၈ ၊ အမှတ် ၃၁
- ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၄၂၆)
- ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၆)
- ပလောင်ရွာ ကိစ္စတည်ဆဲ ဥပဒေအရ မှန်ကန်စွာ ဆောင်ရွက်မည်
- လက်ပန်းတောင်း အစီရင်ခံစာ မထွက်နိုင်သေး
- ငွေပျောက်မှုကြောင့် မြန်မာအလုပ်သမားကို ထိုင်းရဲစခန်းက ရိုက်နှက်
- ဗန်းမော်မြို့တွင် မြန်မာငွေစက္ကူ အတုများ ပံျ့နှံ့
- သေဆုံးချိန်အထိ လူသတ်မှု၌ မပတ်သက် ရကြောင်း စိုင်းနော်ခမ်းငြင်းဆို
- မဲခေါင်မြစ်လူသတ်မှုအတွက် နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်
- ဘင်္ဂလားဒေ့ရှ်တရားရုံးဆုံးဖြတ်ချက်အား ဆန္ဒပြအဓိကရုဏ်း အနည်းဆုံး ၄၂ ဦးသေဆုံး
- NLD နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကျင်းပပုံကို Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်
- ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ
- နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ
- သူနာပြု အပျိုဆောင်သို့ ၀င်ရောက်ခဲ့သူအား တရားရုံးမှ ပြစ်ဒါဏ်စီရင်မှု အပေါ် သူနာပြု ဆရာမများမှ မကျေနပ်
- ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ်၁၃၅
- မတ်လ ၁ ရက် (သောကြာနေ့)ထုတ် EURO SPORTS Journal (VOL.4, NO.46)
- ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၂)
- မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ
- မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်
- သံလွင်မြစ်ပေါ် ရေကာတာ ၆ ခု ဆောက်မယ်
| နော်ခမ်း နဲ့  အပေါင်းအပါ ၃ ဦးကို သေဒဏ်စီရင် (ရုပ်/သံ) Posted: 01 Mar 2013 05:45 AM PST ရှမ်းလူမျိုး မူးယစ်ရာဇာ နော်ခမ်း နဲ့  အပေါင်းအပါ ၃ ဦးကို တရုတ်အစိုးရက ဒီကနေ့ နေ့ခင်းမှာ သေဒဏ်စီရင်လိုက်ပီဖြစ်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကိစ္စ ခုံရုံးအဆုံးအဖြတ်ရယူနိုင်မည် Posted: 01 Mar 2013 05:38 AM PST ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ နေရာ ယူထားခြင်း ကိစ္စအပါအ၀င် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၀၈ ခုနှစ် ပုဒ်မ (၆၄)နှင့် ပုဒ်မ ၂၃၂ (ဋ) တို့၏ ပြဋ္ဌာန်းချက်တွင် ပါရှိသော ယင်းပါတီ အဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ ဟူသည်ကို ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မတ်လ ၂ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အတွဲ ၁ ၊ အမှတ် ၅၁ Posted: 01 Mar 2013 05:26 AM PST | ||
| မတ်လ ၁ ရက်နေ့ ထုတ် TV Guide ဂျာနယ် အတွဲ ၄ ၊ အမှတ် ၅ Posted: 01 Mar 2013 05:24 AM PST | ||
| မတ်လ ၁ ရက်နေ့ ထုတ် Prefmier Eleven ဂျာနယ် အတွဲ ၁၀ ၊ အမှတ် ၂၇ Posted: 01 Mar 2013 05:11 AM PST | ||
| မတ်လ ၁ ရက်နေ့ ထုတ် focus Online ဂျာနယ် အတွဲ ၈ ၊ အမှတ် ၃၁ Posted: 01 Mar 2013 05:17 AM PST | ||
| ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၄၂၆) Posted: 01 Mar 2013 05:07 AM PST | ||
| ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၆) Posted: 01 Mar 2013 05:05 AM PST ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၆) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ပလောင်ရွာ ကိစ္စတည်ဆဲ ဥပဒေအရ မှန်ကန်စွာ ဆောင်ရွက်မည် Posted: 01 Mar 2013 05:57 AM PST ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ဆန္ဒပြ ရွာသားများနှင့် ရဲများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့မှုကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အာဏာ ပိုင်များ အနေဖြင့် ပြေလည်အောင် ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ တည်ငြိမ် အေးချမ်းရေး အတွက် ကြိုးစား နေချိန်တွင် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| လက်ပန်းတောင်း အစီရင်ခံစာ မထွက်နိုင်သေး Posted: 01 Mar 2013 06:04 AM PST ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ ထွက်မယ်လို့ သိထားရတဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ ဒီနေ့ မတ် ၁ ရက်နေ့မှာ ထွက်ပေါ်လာနိုင်ခြင်း မရှိသေးဘူလို့ သိရပါတယ်။ လက်ပန်းတောင်း ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ဒီနေ့ အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်ထားပေမယ့် မကျင်းပဖြစ်ဘူးလို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ငွေပျောက်မှုကြောင့် မြန်မာအလုပ်သမားကို ထိုင်းရဲစခန်းက ရိုက်နှက် Posted: 01 Mar 2013 06:09 AM PST ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တရားမြို့မှာ အလုပ်လုပ်တဲ့ မြန်မာ အလုပ်သမား ၂ ဦးကို အလုပ်ရှင်က ငွေခိုးတယ်လို့ စွပ်စွဲပြီး ရဲလက်အပ်ရာမှာ ရဲက ရိုက်နှက်ဒဏ် ကြမ်းလွန်းလို့ မခိုးပေမယ့် ၀န်ခံပေးလိုက်ရတယ်လို့ ကာယကံရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ Photo: လက်ကို ရဲက ပလာစတာနဲ့ပတ် ချည်နှောင်ပြီး နှိပ်စက်ပုံကို ဦးကျော်သိန်း ပြန်လည်ရှင်းပြနေစဉ်(Photo_ U Zaw Tika) | ||
| ဗန်းမော်မြို့တွင် မြန်မာငွေစက္ကူ အတုများ ပံျ့နှံ့ Posted: 01 Mar 2013 06:15 AM PST သစ်မှောင်ခို လုပ်ငန်း နယ်ပယ်များမှ ၀င်ရောက်လာသည်ဟု ယူဆရသည့် ကျပ်ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန် အတုများ ယခုလ ၂၇ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ် စီးပွားရေး လုပ်ငန်းများအတွင်း ပံျ့နှံ့ဝင်ရောက်ခဲ့ရာ မြို့ခံများ အကြား စိုးရိမ်မှု တိုးပွားနေကြောင်း သိရသည် ။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| သေဆုံးချိန်အထိ လူသတ်မှု၌ မပတ်သက် ရကြောင်း စိုင်းနော်ခမ်းငြင်းဆို Posted: 01 Mar 2013 06:20 AM PST မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည် အဆိုပါအမှု၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မဲခေါင်မြစ်လူသတ်မှုအတွက် နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင် Posted: 01 Mar 2013 06:46 AM PST မြန်မာနိုင်ငံသား မူးယစ်ဆေး မှောင်ခိုဂိုဏ်း ခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းအပါ သုံးဦးအား ၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုဖြင့် မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီ ရင်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ အနောက် တောင်ပိုင်းရှိ တရားရုံး တစ်ရုံးက ထုတ်ပြန်ခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဘင်္ဂလားဒေ့ရှ်တရားရုံးဆုံးဖြတ်ချက်အား ဆန္ဒပြအဓိကရုဏ်း အနည်းဆုံး ၄၂ ဦးသေဆုံး Posted: 01 Mar 2013 03:51 AM PST ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တရားရုံး ဆုံးဖြတ်ချက် တစ်ခုအပေါ် မကျေနပ်သဖြင့် လူအများ အဓိကရုဏ်း သောင်းကျန်းကြရာ အနည်းဆုံး (၄၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အစ္စလာမ်မစ် နိုင်ငံရေး ပါတီ ခေါင်းဆောင် တစ်ဦးအား စစ်ရာဇဝတ်မှုများအတွက် သေစားသေစေ အမိန့် ချမှတ်လိုက်ပြီးနောက် မကျေနပ်သူများက အုံကြွခဲ့ရာမှ ပဋိပက္ခများ ကြီးထွားလာခြင်း ဖြစ်သည်။ ဂျာမာ။ အီလ်အစ္စလာမ်မီ ပါတီခေါင်းဆောင် ဒယ်လ်ဝါ ဟော့စိန်း ဆာယက်ဒီသည် ကြာသပတေးနေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် ကြမ်းကြုတ် ရက်စက်မှုများအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ Planet Myanmar Network | ||
| NLD နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကျင်းပပုံကို Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည် Posted: 01 Mar 2013 06:57 AM PST အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကျင်းပပုံကို ပြည်တွင်း ရုပ်သံလိုင်း တစ်ခု ဖြစ်သည့် Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်က မတ် ၁ ရက်တွင် ပြောသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဓာတ်ပုံ - ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင် ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဆိုင်းဘုတ်ကို တွေ့ရစဉ် Eleven Media Group | ||
| ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ Posted: 01 Mar 2013 03:44 AM PST ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အကြို ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သော ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲမှု အချို့ကို ပရိသတ်များက ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ "ကျမတို့ကို နေ့လည် ၃ နာရီကတည်းက ခေါ်ထားတယ်။ ဖွင့်ပွဲက ၅ နာရီမှ ဆိုပေမယ့် ပြန်ချင်တဲ့အချိန်လည်း ပြန်လို့မရဘူး။ အမိန့် မရဘဲ မထွက်ရဘူးဆိုပြီး ဂိတ်ပေါက်တွေအားလုံး ပိတ်ထားတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက ပြောကြားသည်။ ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ည ၈ နာရီဝန်းကျင်အချိန်ထိ ဂိတ် တံခါးများ အားလုံး ပိတ်ထားပြီး အထက်မှ ခွန့်ပြုမိန့်မချမချင်း ပြင်ပ သို့ ထွက်ခွင့်မပေးနိုင်ဟု လုံခြုံရေး ရဲဝန်ထမ်းများက ပြင်ပသို့ ထွက်ခွာချင်သည့် သူများကို ပြောကြားသည်ဟု သိရသည်။ မကွေးတိုင်း ကိုယ်စားပြုအဖြစ် လာရောက် ယှဉ်ပြိုင်နေသော အားကစားသမားတစ်ဦးက"ကျွန်တော်ဆို ထိုးပစ်ချင်နေတာ။ အခုထိလည်း ထမင်းမစားရသေးဘူး။ ဗိုက်တွေလည်း ဆာနေပြီ။ ထွက်ချင်တိုင်း ထွက်လို့မရလို့လေ" ဟု ပြောကြားသည်။ ပရိသတ်တစ်ဦးက "နိုင်ငံခြားသားတွေလည်း ထွက်ခွင့်မရလို့ ဂိတ်ပေါက်မှာ ထိုင်စောင့်နေကြတယ်။ နိုင်ငံတကာကိုသာ အဲဒီအကြောင်းတွေ လိုက်ပြောရင် တကယ်ကို ရှက်စရာ ကောင်းမှာပဲ" ဟု ပြောကြားသည်။ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခွင့်ပေးသော အချိန်တွင်လည်း နာမည်စာရင်း ပေးပြီမှသာ ထွက်ခွာခွင့်ပြုကြောင်း အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ သွားရောက် သတင်းယူသော သတင်းထောက် တစ်ဦးက ပြောကြားသည်။ မီဒီယာသမားများကိုလည်း ခွဲခြားဆက်ဆံမှုရှိပြီး Sky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနမှ မှတ်တမ်းယူသော သူများကို သာ ကွင်းအတွင်း ဓါတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ပြုကာ အခြားမီဒီယာ များကို ကွင်းပြင်ပမှသာ ရိုက်ခွင့်ပြုခဲ့ကြောင်း သတင်းထောက် များက ပြောကြားသည်။ "ကျွန်တော့်ကို ကွင်းအတွင်းကနေ လာပြီး ခေါ်သွားတယ်။ ကွင်းထဲမှာ Sky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနကပဲ ရိုက်ခွင့် ရှိတယ်လို့ ၂ ပွင့်နဲ့ ရဲဝန်ထမ်းက ပြောတယ်။ ဘာကြောင့်လဲလို့ ပြန်မေးတော့ လုံခြုံရေးကြောင့် မရိုက်ခိုင်းတာလို့ ပြောတယ်"ဟု အခမ်းအနားသို့ သတင်းရယူရန် သွားသော သတင်းထောက် တစ်ဦးက ပြောကြားသည်။ ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်က စတင်းကျင်းပခဲ့ပြီး ပရိသတ် ၂ သောင်း ကျော် လာရောက် အားပေးကြကြောင်း သိရသည်။ ဟိန်းသူ - The Myanma Age ဓာတ်ပုံ - ဟိန်းသူ - The Myanma Age | ||
| နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ Posted: 01 Mar 2013 03:40 AM PST ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။ "ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ် တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ် အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက် ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင်မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင် အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမား အဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။ Popular Myanmar News Journal ဓာတ်ပုံ - Nang Khin Zay Yar Facebook | ||
| သူနာပြု အပျိုဆောင်သို့ ၀င်ရောက်ခဲ့သူအား တရားရုံးမှ ပြစ်ဒါဏ်စီရင်မှု အပေါ် သူနာပြု ဆရာမများမှ မကျေနပ် Posted: 28 Feb 2013 06:28 PM PST ၂၇.၂.၂၀၁၃ရက်နေ့က မိုးညှင်းမြို့နယ်တရားရုံးမှ ပုဒ်မ၄၅၆ တရားခံ ဖြစ်သူ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးစာရေး အောင်မျိုးသူ အပေါ် ထောင်ဒါဏ်(၆)လ ချမှတ်ခဲ့ခြင်း အပေါ် မိုးညှင်းပြည်သူ့ဆေးရုံ အပျိုဆောင်နေ သူနာပြု ဆရာမများမှ ကျေနပ်မှု မရှိကြကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ်၁၃၅ Posted: 28 Feb 2013 06:24 PM PST | ||
| မတ်လ ၁ ရက် (သောကြာနေ့)ထုတ် EURO SPORTS Journal (VOL.4, NO.46) Posted: 28 Feb 2013 05:59 PM PST | ||
| ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၂) Posted: 28 Feb 2013 05:57 PM PST ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၂) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ Posted: 28 Feb 2013 05:10 PM PST မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုတွေကို လုပ်ဆောင်တဲ့ နေရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ စစ်တပ်ပိုင်း နဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ ရင်းနှီး မြှုပ်နှံမှုမျိုး လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် နိုင်ငံရေး နဲ့ စီးပွားရေးအပြင်၊ လူ့အခွင့်အရေး အခြေခိုင်ဖို့ အမေရိကန်က လိုလားတဲ့အကြောင်း အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကြားနာစစ်ဆေးပွဲမှာ အမေရိကန် ထိပ်ပိုင်းခေါင်းဆောင်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်သိင်္ခက တင်ပြပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမေရိကန် စီးပွားရေးကိုယ်စားလှယ်တွေ နဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy တို့ဟာ မနေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲ မှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေအပြင်၊ အနာဂတ်မှာ အမေရိကန် နဲ့ မြန်မာ စစ်ရေးအရ ဆက်ဆံရေး နဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအခန်းဏ္ဍ နဲ့ ပက်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုအနေနဲ့ ဒီ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကနေတဆင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း တွေ နဲ့ အလုပ်အကိုင် ရရှိရေးကို မျှော်လင့်နေကြတာဖြစ်တယ်လို့လည်း မစ္စတာ Posner က ပြောပါတယ်။ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ရာမှာ အမေရိကန်အနေနဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ မူဝါဒအရ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ "မြန်မာနိုင်ငံ နဲ့ မြန်မာနိုင်ငံသားတွေ အောင်မြင်တိုးတက်ဖို့အတွက် ကျနော်တို့ လိုလားပါတယ်။ ဒီလိုဖြစ်လာဖို့က နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ စီးပွားရေးမှာ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့လိုသလို နိုင်ငံရေးစနစ်မှာလည်း လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အခြေခံဖို့ လိုပါတယ်။ အဲဒီနှစ်ရပ်က အတူတကွ ဒွန်တွဲနေရမှာဖြစ်ပါတယ်။ ခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှုမရှိပဲ ဒီမိုကရေစီကို သံဓိဌာန်ခိုင်မာစွာ မဖော်ဆောင်တဲ့ နိုင်ငံမှာဆိုရင် နိုင်ငံခြားကုမ္ပဏီတွေ နဲ့ ရင်းနှီးမြှုပ်နှံမှုက မလွယ်ပါဘူး။ ကျနော် မြင်ရသလောက်ကတော့ ကျနော်တို့ရဲ့ အကျိုးစီးပွားကတော့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ မူဝါဒဖြစ်ရမှာပါ။" အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ စစ်တပ်ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ မပြုလုပ်ဖို့ကို လည်း အမေရိကန်အစိုးရအနေနဲ့ ကုမ္ပဏီတွေကို ကန့်သတ်ထားကြောင်းလည်း မစ္စတာ Posner က ပြောပါတယ်။ "ပြောရမယ်ဆိုရင်တော့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်တပ်ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ ပြောနေသလို၊ တခြား အကန့်အသတ်တွေလည်း ကျနော်တို့ ချထားပါတယ်။ ဒါ့အပြင် ပြန်ပြီးတော့ အစီရင်ခံဖို့ လိုအပ်ချက်တွေလည်း ကျနော်တို့ ချမှတ်ထားပါတယ်။ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး တော့ လေးစားလိုက်နာဖို့ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အလုပ်သမားရေး နဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီတွေက လေ့လာဖို့ကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ခရိုနီတွေအပေါ်မှာ ကျနော်တို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ချမှတ်ထားပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျနော်တို့ လျှော့ပေးမှာမဟုတ်ပါဘူး။ ဒီကိစ္စတွေဟာ ကျနော်တို့ အလေးထားတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်" ဒါ့အပြင် အမေရိကန် မြန်မာ စစ်ရေးဆက်ဆံရေး နဲ့ ပတ်သက်ပြီးတော့လည်း သူက ဗွီအိုအေကို အခုလိုပြောပါတယ်။ "ကျနော်ပြောခဲ့သလိုပါ။ အောက်တိုဘာလတုန်းက လူ့အခွင့်အရေး အခြေတင်ဆွေးနွေးမှုမှာ အမေရိကန် အာရှပစိဖိတ်ရေးရာ စစ်ဌာနချုပ်က ဗိုလ်ချုပ် ဝက်ရှင်းစကီး အပါအ၀င် ထိပ်တန်း အမေရိကန် စစ်ဖက်အရာရှိတွေ ပါဝင်ခဲ့ပါတယ်။ သူက စစ်တပ်ကို အရပ်ဖက်က ထိန်းချုပ်တဲ့ ကိစ္စအကြောင်း၊ တပ်အုပ်ချုပ်မှုအကြောင်း၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လေ့ကျင့်သင်တန်းတွေ အကြောင်း၊ ပြီးတော့ ဥပဒေ ချိုးဖောက်ရာမှာ တာဝန်ခံမှုအကြောင်း စတာတွေကို သူက ဆွေးနွေးခဲ့ပါတယ်။ ဒါက စစ်တပ်အနေနဲ့ ပြုမူဆောင်ရွက်သင့်တဲ့ အကြောင်းတွေပါ။ ဒီအချက်တွေ နဲ့ ပတ်သက်ပြီး ကျနော်တို့ အရပ်ဖက်ကိုသာမက ၊ စစ်ဖက်က ပုဂ္ဂိုလ်တွေကိုလည်း အလားတူမျိုး အရိပ်လက္ခဏာတွေပြသင့်ပါတယ်" မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ ဆက်ပြီဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလို မြန်မာအစိုးရ နဲ့ နီးနီးကပ်ကပ်ဆက်ဆံနေ တာက စောလွန်းနေသေးတယ်လို့လည်း ဒီပွဲမှာတက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံးရဲ့ လက်ထောက် စေ့စပ်ညှိနှိုင်းရေးမှူး Ah Noh က ပြောပါတယ်။ "အခုအချိန်က အရမ်းစောလွန်းနေသေးတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အပြောင်းအလဲက ရန်ကုန် နဲ့ မန္တလေးမှာပဲရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲတယ် ဆိုတာကလည်း အောက်ခြေအထိ မရောက်သေးဘူး။ အစိုးရကို တရားဝင်လုပ်ပိုင်ခွင့်ပေးတာ နဲ့ အထောက်အပံ့ပေးဖို့ဆိုတာ စစ်တပ်ကနေ အခု ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အခုချက်ခြင်း ရပ်တန်းက ရပ်ရမယ်။ မရပ်သေးသရွေ့ မဖြစ်နိုင်သေးပါဘူး" ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးရဲ့ လက်ထောက်စေ့စပ်ညှိနှိုင်းရေးမှူး Ah Noh က ပြောသွားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အထောက်အပံ့တွေ ဆက်ပြီး ပေးသွားမှာဖြစ်သလို၊ မြန်မာနိုင်ငံ နဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy က ပြောပါ တယ်။ ကျော်သိင်္ခ (ဗွီအိုအေ)
| ||
| မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ် Posted: 28 Feb 2013 05:07 PM PST မအူပင်မြို့နယ် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေ ဖက်က ကိုင်တွယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆို လိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ မအူပင် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေအကြား ပဋိပက္ခ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုမှတ်တမ်းတွေ အတော်များများ ထွက်လာပါတယ်။ များသောအားဖြင့် အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့တာပါ။ ရဲလုံခြုံရေးအုပ်စုလိုက် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး သူ့အနေနဲ့ အလွန်အမင်းတုန်လှုပ်မိတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ အရင်တုန်းက အခြေအနေမျိုးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။ "တုန်လှုပ်ဖွယ်ရာအချက်ကတော့ ဒီဗွီဒီယိုမှာ ကျနော်မြင်တွေ့ရတာက - ဘေးမှာရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံပါပဲ။ ရုတ်တရက် ဒီအမျိုးသမီးတွေကို ရဲဝန်ထမ်းတွေက အကြမ်းဖက်တာ တိုက်ခိုက်တာတွေ့ရပါတယ်။ ကျနော် ထပ်ပြီး ပြောပါရစေ။ ဒါဟာ တကယ်ကို့ တုန်လှုပ်စရာ ကောင်းလှပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်၊ ရဲဝန်ထမ်းတွေရဲ့ ပြုမူပုံတွေဟာ အရင်စစ်အစိုးရ လက်ထက်က အတိုင်း မပြောင်းသေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကျနော်အတွက်စိုးရိမ်မကင်းဖြစ်မှုပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးနဲ့ ကျနော်နေပြည်တော်မှာ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ပါတယ်။ ရဲတွေရဲ့ အပြုအမူတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ဖို့လိုပါတယ်။ ဒီဗီဒီယိုကိုကြည့်ခြင်းအားဖြင့် ဒီချိုးဖောက်မှုဟာ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။" ပဋိပက္ခကြောင့် ရဲတဦး ဆေးရုံမှာ သေဆုံးပြီး၊ ရဲရော အရပ်သားအတော်များများပါ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လယ်သမားတွေဖက်ကတော့ ရဲလုံခြုံရေးဖက်က စတင်ရိုက်နှက်လို့ သူတို့ ပြန်ပြီး ခုခံတာပါလို့ ပြောပါတယ်။ ရဲဖက်ကတော့ သူတို့ဟာ ဥပဒေအတိုင်း ကိုင်တွယ်တာပါလို့ ချေပပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မလက်တိုကျေးရွာဖက်မှာ အခြေအနေတွေက တင်းမာနေတုန်းပါ။ မစ္စတာကင်တာနားကတော့ အခု အဖြစ်အပျက်နဲ့ပတ်သက်လို့ အခုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြသွားမယ်လို့ ပြောပါတယ်။ "ကျနော်အနေနဲ့ သေချာပေါက်ပါပဲ ဂျနီဗာမှာ မြန်မာသံအမတ်ကြီးနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒီအကြောင်း ကျနော် အသိပေးတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနေအခါမှာ မြန်မာအစိုးရအနေနဲ့ ကမ္ဘာတ၀ှမ်းပြန့်နှံနေတဲ့ ဒီတုန်လှုပ်ဖွယ်ရာကောင်းတဲ့ ဗီဒီယိုရုပ်ပုံတွေကို အရေးယူဖြေရှင်းဖို့ ကြိုးစားနေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဗီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့ အလေ့အကျင့်တွေပြုပြင်ရမယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။" မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာမှာ မြန်မာအစိုးရကို လိုလားလက်ခံမှုတွေ တိုးလာပေမယ့်လည်း တချိန်တည်းမှာ အခုလို ပဋိပက္ခတွေ မကြာမကြာ တွေ့လာရပါတယ်။ အထူးသဖြင့်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အထူးသဖြင့် အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အရင်အမူအကျင့်တွေကို ပြောင်းလဲဖို့ သမတဦးသိန်းစိန်အနေနဲ့ အလေးထားကိုင်တွယ်သင့်တယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ "လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်စေဖို့၊ တချို့နေရာတွေမှာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ တွေ့ရတဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်တာမျိုး ကျနော် မတွေ့ရသေးပါဘူး။ ဒီကိစ္စသာမဟုတ်ပါဘူး။ ကြေးနီစီမံကိန်းပဋိပက္ခဖြိုခွင်းတုန်းကလည်း ရဲက မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ တောက်လျှောက်ဖြစ်နေတာတွေ့ရပါတယ်။" လက်ပန်းတောင်ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပါတယ်။ ဒီ ကော်မတီအနေနဲ့ မကြာခင်မှာ အစီရင်ခံစာထွက်လာမယ်လို့ မျှော်လင့်ထားကြတာပါ။ အခုလို အရပ်ဖက်လူထုနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိပ်တိုက်ဖြစ်ကြတဲ့ ကိစ္စရပ်မျိုးတွေကို အစိုးရတင်မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီကလည်း လေ့လာ အဖြေထုတ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။ "ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို လေ့လာစုံစမ်းဖို့ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒီကော်မတီအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲ၇မယ်၊ ဘယ်လိုသင်တန်းတွေ ပေးရမယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရှိကြတဲ့ လုံခြုံရေးရဲတွေရဲ့ တာဝန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အစီရင်ခံစာထုတ်ပြန်သင့်ပါတယ်။" မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းက လယ်မြေဧက ၅၀၀ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက ၁၉၉၆ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့နောက်၊ အခု အသုံးမပြုပဲထားတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့ မူလ လယ်မြေကို ပြန်ယူဖို့ ခုတ်ထွင်ရှင်းလင်းရာကနေ ပြဿနာတွေ စခဲ့တာပါ။ အင်္ဂါနေ့မှာ အာဏာပိုင်တွေက အဲဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်၊ အဲဒီလယ်မြေတွေမှာ နေရာယူထားတဲ့ လယ်သမားတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရုန့်ရင်းဆံခတ်ဖြစ်ချိန်မှာ လယ်သမားတွေဖက်ကလည်း ပြန်လည် တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖက်က သေနက်ပစ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ရပါတယ်။ ကိုသားညွန့်ဦး (ဗွီအိုအေ) | ||
| သံလွင်မြစ်ပေါ် ရေကာတာ ၆ ခု ဆောက်မယ် Posted: 28 Feb 2013 04:49 PM PST မြန်မာ နိုင်ငံရဲ့ အဓိက မြစ်ကြီး တခု ဖြစ်တဲ့ သံလွင် မြစ်ကို ပိတ်ဆို့ပြီး ရေကာတာတွေ တည်ဆောက် ဖို့အဆို ပြုထားတဲ့ စီမံကိန်း ခြောက်ခု ရှိကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက လွှတ်တော်မှာ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။ အလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက သံလွင် မြစ်ပေါ်မှာ ရေကာတာ ဘယ်နှခု ဆောက်ဖို့ ရှိလဲ မေးတော့မှ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

























