သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ကချင်ပြည်နယ်အတွင်း သျှမ်းနီပါတီရုံး ဆက်ဖွင့်မည်

Posted: 06 Mar 2013 08:35 PM PST

သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အနေဖြင့် ဘဏ္ဍာငွေအခက်အခဲများ ရှိနေသည့်တိုင် ယခုနှစ်အတွင်း ကချင် ပြည်နယ်၌ ပါတီရုံးများ ဆက်ဖွင့်နိုင်ရန် စီစဉ်နေကြောင်း ၄င်းပါတီ၏ ဗဟို အလုပ်အမှုဆောင်တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောကြားသည် ။

Tai Leng                                              မန္တလေး၌ ရုံးဖွင့်ပွဲကျင်းပစဉ်

ဖေဖေါ်ဝါရီလကုန်ပိုင်းက စစ်ကိုင်းတိုင်း ဗန်းမောက် ၊ အင်းတော်မြို့နယ်များနှင့် မတ်လဆန်းပိုင်းတွင် ကချင်ပြည်နယ် မိုး ညှင်း ၊ မိုးကောင်းမြို့နယ်များတွင် သျှမ်းနီပါတီရုံးခန်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။

"ဖေဖေါ်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ဗန်းမောက်နဲ့ အင်းတော်မြို့နယ်တွေပေါ့။ မတ်လ ၁ ရက်နဲ့ ၂ ရက်မှာ မိုးညှင်းနဲ့ မိုး ကောင်း။ ဒီ ၄ မြို့နယ်မှာ ပါတီဆိုင်းဘုတ်တင်ပွဲနဲ့ ရုံးတွေဖွင့်ခဲ့တယ် ။ဝိုင်းမော်နဲ့ မြစ်ကြီးနားမှာ ဆက်လုပ်ဖို့ ကျတော့ လောလောဆယ် ဘဏ္ဍာငွေ အခက်အခဲကြောင့် မလုပ်နိုင်သေး ဘူး။  ဒီနှစ်ထဲမှာတော့ ရုံးတွေရော မြို့နယ် အလုပ်အမှု ဆောင် အဖွဲ့တွေပါ ဆက်လုပ်ဖို့ ရှိပါတယ် " ဟု သူက ပြောသည် ။

သျှမ်းနီပါတီရုံးအနေဖြင့် အဆိုပါ ၄ မြို့နယ်တွင်သာ ဖွင့်လှစ်ထားပြီး မြို့နယ်အဆင့် ပါတီအလုပ်အမှု ဆောင် အဖွဲ့များအား မြို့နယ် ၁၃ ခုတွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း သူက ဆက်ပြောသည် ။

"မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကတော့ ၁၃ မြို့နယ်မှာ ဖွဲ့စည်းပြီးပြီ။ ရွှေကူနယ်ဘက်လည်း ကျန်သေး တယ်။  မရောက် သေးဘူး။ အဲဒီဘက်တွေ လုပ်ဖြစ်ရင်တော့ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ် ၊ မဘိမ်း နယ်တွေလည်း လမ်းပွင့်သွားပြီပေါ့။ အဓိကကတော့ ဘဏ္ဍာရေးပါပဲ အားလုံးက အခု အချိန်မှာ စီးပွားရေးတွေ ကျနေတယ်။ အဲဒါတွေ မထိ ခိုက်အောင်လည်း ထည့်စဉ်းစားရတာပေါ့ ။ဘယ်လိုပဲ ဖြစ်ဖြစ် မဖွဲ့ဖြစ်သေးတဲ့ မြို့နယ်တွေမှာ အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့နိုင်အောင် ကြိုးစားသွားမယ်" ဟု ပြောသည် ။

မြို့ပိုင်း၌အနည်းအကျဉ်းလုပ်ခွင့်ပေး တောပိုင်း၌ ဦးသူပစ်

Posted: 06 Mar 2013 08:33 PM PST

အစိုးရ နှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များသည် လက်နက်မပါဘဲ မြို့ပိုင်း၌လွတ်လွတ် လပ် လပ်သွားလာနိုင်သော်လည်း တောတွင်းပိုင်း၌မူ  ဦးသူပစ်ခတ်တိုက်ခိုက်မှုစနစ်မှာ အပစ်မရပ်ခင်ကာလ ကဲ့သို့ ရှိနေသေးကြောင်း RCSS ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။


"အပစ်ရပ်တာ တနှစ်ကျော်ရှိပြီဖြစ်ပေမယ့် သဘောတူညီချက်အတိုင်း ဘာမှ အကောင်အထည်မဖေါ်နိုင်သေးဘူး၊ မြို့ပေါ် ကိုယ် စားလှယ်ရုံးစိုက်ခွင့်၊ စီးပွားရေးအနည်းအကျဉ်းလုပ်ခွင့်က လွဲလို့ သဘောတူညီချက်ကို ဘာမှ အကောင်အထည် မဖေါ် နိုင် သေးဘူး။ တောပိုင်းမှာ တွေ့ရင်လဲ ဦးသူပစ်ပဲ" - ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

အပစ်ရပ်စဉ် အစိုးရ နှင့် RCSS တို့ သဘောတူညီချက်အရ သံလွင်အရှေ့ခြမ်းဟိုမိန်းမြို့နယ်ခွဲ နှင့် မိုင်းထားမြို့နယ်ခွဲ၌ ဌာနချုပ် အခြေစိုက်ခွင့်ပေးထားသော်လည်း ပြီးခဲ့သည့်လပိုင်းက အဆိုပါမြို့နယ်အတွင်း တပ်စခန်းများ ရုပ်သိမ်းပေး ရန် ဆိုင်ရာစစ်တိုင်းမှူးများက ညွှန်ကြားထားသည်ဟု ဗိုလ်မှူးလောဝ်ဆိုင်က ယခုကဲ့သို့ ဆက်လက်ပြောပြပါသည်။

"ဖေဖေါ်ဝါရီနောက်ဆုံးထားပြီး မိုင်းထားမြို့နယ်ခွဲ လွယ်မွတ့်နန်းလျဲန်း  တပ်စခန်းတွေထွက်ပေးဖို့ တြိဂံတိုင်းမှူးက ပြောလာတယ်။ ဟိုမိန်းမြို့နယ်ခွဲမှာလဲ တပ်စခန်းနှစ်ခု ဆုတ်ပေးဖို့ ရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) က ပြောလာတယ်။ ကျနော်တို့ ဆုတ်မပေးပါဘူး။ လကုန်ပိုင်းကနေ ဒီနေ့နဲ့ဆို ၆ ရက်ရှိပြီ ဘာမှ ထပ်မပြောလာဘူး " ဟု ဆို၏။

RCSS ပိုင် တိုင်းဖှရီးတမ်း ဝဲပ်ဆိုဒ်က - ယခုလဆန်းပိုင်းမှစ၍ အဆိုပါ ဌာနချုပ်အခြေစိုက်ခွင့်ပေးထားသော ဒေသများအတွင်းသို့ အစိုးရတပ် အင်အားနှစ်ဆတိုးလာကြောင်း၊ လူအားအပြင် ၁၀၅ မမ၊ ၁၂၀ မမ စသည့်လက်နက်ကြီးများလည်း အများအပြားပို့ဆောင်ထားကြောင်း၊ တောင်ပိုင်း ဝ တပ်ဖွဲ့အား လည်း ထိုးစစ်လုပ်လာနိုင်ကြောင်း ရေးသားထားပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုဒါ စစ်ပွဲများကြားကစစ်ပွဲလား

Posted: 06 Mar 2013 08:31 PM PST

အခုချိန်မှာ အပစ်ရပ်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဘာမှလုပ်ခွင့်မရှိသေး ပါဘူး။ အစိုးရရဲ့တပ်မတော်ဟာ အပစ်ရပ်တယ်သာပြောတာ ။ တကယ်တော့ နေ့လည်စာစား ခဏနားနေတာဖြစ်ပါတယ်" လို့ ပြီးခဲ့တဲ့အပတ်က အစိုးရဝန်ထမ်း ဟောင်းတဦးက ကျနော့်ကို ပြောပါတယ်။

ludendorffဂျာမနီ စစ်ဗိုလ်ချုပ်ကြီး Erich Ludendorff

ယခုလက်ရှိ မြန်မာအစိုးရရဲ့ စစ်တပ်က ကျင့်သုံးနေတဲ့  ဝါဒ   က Total War ခေါ် အကြွင်းမဲ့စစ် ဖြစ်နေတယ်လို့ သူကပြောပါတယ်။

Total War ဆိုတဲ့ အကြွင်းမဲ့စစ်ကို  ဂျာမနီ စစ်ဗိုလ်ချုပ်ကြီး Erich Ludendorff (၁၈၆၅- ၁၉၃၇)  က ရေးသားဖော် ထုတ်ခဲ့ပြီး သူမရှိတော့တဲ့နောက်ပိုင်းမှာတော့ ဟစ်တလာဦးဆောင်တဲ့ နာဇီဝါဒီများက ဆက်လက် လက်ကိုင်ကျင့်သုံးခဲ့ တဲ့စနစ်ဖြစ်ပါတယ်။

အဲဒီစနစ်မှာဘာတွေပါသလဲဆိုတော့ -
၁- နိုင်ငံရေးသည် စစ်ရေးအောက်တွင် ရှိရမည် ။
၂-စစ်ရေးဖြင့် တိုက်ခိုက်ခြင်းသာမက နိုင်ငံရေး၊ စီးပွါးရေး ၊ အဖက်ဖက်က တိုက်ခိုက်ရမည်။ လူထု တခုလုံးကိုစစ်ယန္တယားအဖြစ်သွတ်သွင်းရမည်။
၃-  စစ်တပ်၊ လူထုမရွေး အရာရာအားလုံးသည် စစ်တပ်အတွက် ပစ်မှတ်ဖြစ်သည်။
၎-ငြိမ်းချမ်းရေးဆိုသည်မှာ ခေတ္တ အပစ်ရပ်၍ စစ်ပြင်ဆင်မှုကိုဆိုလိုသည်။ " စစ်ပွဲများကြားက စစ်ပွဲ" သာဖြစ်ပါသည်။  - လို့ဆိုပါတယ်။

ဒီအဓိက အချက်ကြီး ၄ ချက်ကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ ဘာကိုတွေ့ရလဲဆိုတော့-
၁- သမ္မတကြီးသိန်းစိန်ကို   စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ရာထူးမှ မနားခင်)က သမ္မတအဖြစ် ခန့်အပ်ထားမှု။
၂-"နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတရပ်လုံးပါဝင်ရေးအတွက်" အစိုးရ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်မဟာဗျူဟာ ကိုအခြေခံဥပဒေဖြင့် ချထားခြင်း။
၃-၁၉၉၆ မှစ၍ သျှမ်းပြည်တွင်း ၁၁ မြို့နယ် ကျေးရွာ ၁၅၀၀ ရွာအား နေရာအဓမ္မပြောင်းရွှေ့ခိုင်းခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ကျေးလက်အမျိုးသမီးပျိုအိုမရွေးအား အဓမ္မပြုကျင့်ခြင်း ကိုစစ်လက်နက်များအဖြစ် အသုံးပြုခြင်း။
၎-  ကရင့်တပ်မတော်နှင့်အပစ်ရပ်ရေးသဘောတူညီမှုရယူပြီး ကရင့်ဒေသမှ မြန်မာ့တပ် များအား ကချင်ဘက်သို့ ထိုးစစ်ဆင်ရန်အသုံးပြုခြင်း။

ဘယ်အရာမဆို မစွန့်ယင် မရဘူးဆိုဒါဟုတ်ပါတယ်။ စစ်သေနင်္ဂဗျူဟာ ပညာရှင်ဆွန်းဇူးကလဲ တဖက်ရဲ့ ပရိယာယ်ကို တခါတရံမလိုက်လျောဘဲနဲ့ အောင်ပွဲမရနိုင်ဘူး ဆိုဒါလဲ မှန်ပါလိမ့်မယ်။ သို့သော်လဲဘဲ တချိန်ထဲမှာဘဲ သူက " သတိကြီးစွာ လိုက်လျောမှု" ကိုအသုံးပြုပြီး ပေါ်လာတဲ့ အခွင့်အလမ်းဟူသမျှမလွတ်တမ်းဆုတ်ကိုင်ပြီး အသုံးချဘို့မှာကြားထားဒါကို မမေ့သင့်ပါဘူးလို့ပြောပါရစေ။

မှတ်ချက်- Total War (အကြွင်းမဲ့စစ်) ဟာ Karl von Clauswitz (1780-1831) ရဲ့"absolute war"   (အပြည့်အ၀စစ်) နဲ့တူသယောင်နဲ့ မတူဘူးလို့ဆိုကြပါတယ်။ Clauswitz က စစ်ရေးဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်။ နိုင်ငံရေးနဲ့ဖြေရှင်း၍မရမှ စစ်ရေးအရဖြေရှင်းရမယ် လို့ဆိုထားပါတယ်။