သစ်ထူးလွင်

သစ်ထူးလွင်


ဆည်တည်းကျေးရွာမြင်ကွင်း (ရုပ်/သံ)

Posted: 14 Mar 2013 07:01 AM PDT

လက်ပံတောင်းတောင် စီမံကိန်း အစီရင်ခံစာ အချက်အလက်တွေ ရှင်းပြနေတဲ့ လက်ပံတောင်းတောင်ဒေသ ဆည်တည်း ကျေးရွာ မြင်ကွင်း ၁၄ မတ်လ ၂၀၁၃

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည် ဆည်တည်း ရွာသစ် ကျေးရွာ ရှိ ရွာသူရွာသား များ နှင့် တွေ့ ဆုံစဉ်

တုံရွာဆွေးနွေးပွဲ မြင်ကွင်း (ရုပ်/သံ)

Posted: 14 Mar 2013 06:47 AM PDT

လက်ပံတောင်းတောင် စီမံကိန်း အစီရင်ခံစာ အချက်အလက်တွေ ရှင်းပြနေတဲ့ တုံရွာဆွေးနွေးပွဲ မြင်ကွင်း (၁၄ မတ်လ ၂၀၁၃)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



မသိဘဲနဲ့ လက်မခံဘူး မငြင်းကြဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား (ရုပ်/သံ)

Posted: 14 Mar 2013 06:36 AM PDT

လက်ပံတောင်းတောင် စီမံကိန်း အစီရင်ခံစာ အချက်အလက်တွေ မသိဘဲနဲ့ လက်မခံဘူး မငြင်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အမေစု လုပ်ရပ်ကို လုံးဝထောက်ခံကြောင်း ကြွေးကြော်သံများနှင့် မုံရွာလူထု ကြိုဆို

Posted: 14 Mar 2013 05:18 AM PDT

"အမေစုလုပ်ရပ်ကို လုံးဝထောက်ခံတယ်"၊ " အမေစုလုံးဝ မှန်ကန်တယ်" ဟု ကြွေးကြော်ကာ အားပေးခဲ့ကြသည်ဟု သတင်းထောက်က ပြောကြားသည်။ လာရောက် စောင့်ဆိုင်း ခဲ့သော ဒေသခံများထဲမှ မုံရွာမြို့ခံ အသက်၃၅နှစ်အရွယ် ကိုကျော်အောင်က"အမေစုက တိုင်းပြည်အတွက်မကောင်းတကာကို လုပ်မယ့်သူ မဟုတ်ပါဘူး၊

 ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၆နာရီ မိနစ်၃၀တွင်မုံရွာ မြို့မှ နေပြည်တော် သို့ ထွက်ခွာသွားပြီဖြစ်သည်။ ၀င်းယူနတီဟိုတယ်ရှေ့တွင်ညနေကတည်းက စောင့်ဆိုင်းနေသောလူအုပ်မှာ ၅၀၀နီးပါးအထိ တိုးလာပြီး "အမေစုကျန်းမာပါစေ"၊ "အမေစုကိုထောက်ခံ ပါတယ်"ဟု အော်ဟစ်ကာ အားပေးနှုတ်ဆက်ခဲ့ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဟန်ဝင်းအောင်တို့အုပ်စုက ဒေါ်အောင်ဆန်းစုကြည့်ကို ဆည်တည်ရွာထဲကို ကားပေါ်က ဆင်းပြီ လမ်းလျှောက်ပြီ ၀င်းခိုင်းတယ်ဗျာ။ မီဒီယာသမားတွေကိုလည်း ဘယ်သူမှ မ၀င်ရဘူး။ တစ်ယောက်မှ အယုံအကြည်မရှိဘူးလို့ ပြောတယ်။ ဇွတ်အတင်းဝင်လို့ ပြသာနာဖြစ်လာရင် ခင်ဗျာတို့ မီဒီယာသမားတွေကြောင့်ပဲလို့ ပြောတယ်။ ဓါတ်ပုံ နှင့် စာသား - Aung Nay Myo (Facebook)

ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ ဒေသခံများအတွက် ကျပ်သန်းငါးထောင်ခန့် ထပ်မံလျော်ကြေးပေးရန်ရှိ

Posted: 14 Mar 2013 04:49 AM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်
အစီရင်ခံစာကို မတ်လ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့သည်။ ထို့ပြင် ထိုနေ့တွင်ပင် နိုင်ငံတော်သမ္မတရုံးမှ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လေပြင်းနှင့် မိုးသီးကြွေမှုကြောင့် ဒေသတချို့ တွင် နေအိမ်ပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်

Posted: 14 Mar 2013 04:28 AM PDT

မတ်လ၏ ပထမ ၁၀ ရက်အတွင်း လေပြင်းနှင့် မိုးသီးကြွေမှု ဖြစ်စဉ်များကြောင့် ပဲခူးတိုင်း ဒေသကြီး၊
ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် အဆောက်အအုံ ပြိုကျပျက်စီးမှုများ ရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့်
ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်က မတ်လ ၁၃ ရက်နေ့တွင်
ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘင်္ဂလားဒေခ်ျ့ ရဲသား ၃ ဦးကို မြန်မာ လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီး

Posted: 14 Mar 2013 04:00 AM PDT

ဘင်္ဂလာဒေခ်ျ့ ရဲ တပ်ဖွဲ့ဝင် ၃ ဦး အပါအ၀င်  လူ ၄ ဦးကို မြန်မာ နယ်စပ် လုံခြုံရေး နစက တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဘင်္ဂလီ ဘာသာဖြင့် ရေးသားသည့်  အွန်လိုင်း သတင်းများတွင် ဖော်ပြထားသည်။ ဘင်္ဂလီရဲတပ်ဖွဲ့ဝင်များကို မတ်လ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် မြန်မာ နယ်စပ် အနီးရှီ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





နှိပ်စက်ခံရသော ကရင်မိန်းကလေး ဆေးရုံစတက်

Posted: 14 Mar 2013 03:04 AM PDT

ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ အလုပ်ရှင်လင်မယားက ရေနွေးပူလောင်းနှိပ်စက်လို့ အကြီးအကျယ်ဒဏ်ရာရခဲ့တဲ့ ကရင်မိန်းကလေး နောင့်အဲဟာ ဒီနေ့မနက် ဘန်ကောက်ကို  ဆေးရုံတက်ကုသဖို့ ထွက်ခွာသွားပြီလို့ ကမ်ဖိုင်ဖစ်မြို့မရဲစခန်း ဒုညွှန်ကြားရေးမှူး ဒုရဲမှူးကြီး နရေ့ ဖွန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင်းပင်း တရုတ်သမ္မတအဖြစ် တင်မြှောက်ခံရ

Posted: 14 Mar 2013 02:58 AM PDT

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ခေါင်းဆောင် မစ္စတာ ရှီကျင်းပင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ဒီနေ့ ရွေးကောက် တင်မြှောက်လိုက်ပါတယ်။ ဒါဟာ ၁၉၄၉ ခုနှစ်ကတည်းက ကွန်မြူနစ်ပါတီ အာဏာရ ခဲ့ပြီးနောက် ဒုတိယအကြိမ် အစီအစဉ်တကျ နိုင်ငံရေးအာဏာ ဆက်ခံလိုက်တာပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မစ္စတာ ရှီကျင်းပင်း (ဓာတ်ပုံ - ရိုက်တာ)

လက်ပန်းတောင်းတောင် အစီရင်ခံစာထဲကအတိုင်း လုပ်ရန် ဒေါ်စု အာမခံပြောကြား

Posted: 14 Mar 2013 02:51 AM PDT

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ လက်ပန်းတောင်းဒေသ ကျေးရွာတွေက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို ဖတ်ကြဖို့ ရွာသားတွေကို တိုက်တွန်းပြောဆိုပြီး အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း လုပ်ပေးဖို့ တာဝန်ယူတယ်လို့ ကတိပြုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည် တုံရွာ သပိတ်စခန်း ရှိ သံဃာတော်တွေနဲ့ တွေ့ဆုံစဉ်။ ဓါတ်ပုံ - ဒီဗွီဘီ

မတ်လ ၁၄ ရက်နေ့ထုတ် အားကစား မြင်ကွင်း ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၁

Posted: 14 Mar 2013 02:34 AM PDT

မတ်လ ၁၄ ရက်နေ့ထုတ် အားကစား မြင်ကွင်း ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေယုဝံသဘုန်းတော်ကြီးသင် ပညာရေး(မူလွန်)ကျောင်း ဖွင့်လှစ်

Posted: 14 Mar 2013 02:11 AM PDT

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ မိုးဟိန်းလမ်း၊ မေယုဝံသ ဘုန်းတော်ကြီးသင် ပညာရေး(မူလွန်)ကျောင်းတွင် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများမှ ပညာရေးအတွက်ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားမတ်(၁၃)ရက်နံနက်(၉)နာရီက  ကျင်းပရာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည်အား မုံရွာမြို့ခံများမှ စောင့်ကြို နှုတ်ခွန်းဆက်မည်

Posted: 14 Mar 2013 01:48 AM PDT

လက်ပံတောင်းကြေးနီစီမံကိန်းဒေသရှိ ကျေးရွာများအား သွားရောက်
နှစ်သိမ့်နေသော စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ယနေ့ညနေ မုံရွာမြို့သို့ ပြန်လည်ဝင်ရောက် လာသည့်အချိန်တွင် မုံရွာမြို့ခံများမှ စောင့်ကြိုနှုတ်ခွန်းဆက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပန်းတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ် ခရီးစဉ်တွင် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို အပြင်းထန်ဆုံးကန့်ကွက်ခဲ့သည့် တုံရွာမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာချိန်တွင် ရင်းနှီးစွာ နှုတ်ဆက်နေသူတစ်ဦးအား တွေ့ရစဉ်။
Photo:RFA/Moe Thu Aung

ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများ သို့ အကြံပြုချက်

Posted: 14 Mar 2013 01:38 AM PDT

အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး ။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲ ဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာ အမြင်နဲ့ အကြံပေးကြည့်တာပါ ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာ လို့ မြင်တယ်။ ဖော်ပြချက်တွေ ကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ ။
အိမ်သာတက်ခွင့်ပြုတယ် ၊ သေးတော့ မပေါက်နဲ့ လို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစား စရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင် ၊ ၀မ်ပေါင်နဲ့ အခြား အကျိုး အမြတ် ရရှိနေသူများ တွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။
( စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေ အတွက် ဆောင်ရွက် ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြ ထားပါတယ် ။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် -
ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ
အထူးသဖြင့်ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာ က သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည် ကို တွေ့ရှိရကြောင်း ။

အပိုဒ်ခွဲ(ခ) လေထုညစ်ညမ်းမှု အခြေအနေ ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကိုတွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက် ။ ဒီ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)အရ သေချာ ဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီလုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေ က ဆွဲထုတ်ပြပြီး စီမံကိန်း အပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံ သင့်ပါတယ် ။( အပိုဒ်ခွဲ-ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍်လည်း -

စီမံကိန်း ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည် ဟု ပါရှိပါတယ် ။ထိုတင်ပြမှုမျိုး မှာ အရေးယူ ဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြ တောင်းဆိုသူတွေ အတွက် ) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ် ။
ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေ အရ အရေးယူ ပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့မရဘူးလို့ မြင်ပါတယ်။

( ၂၀၀၈ အခြေခံဥပဒေ ။ အခန်း(၈) ပုဒ်မ၃၄၇ ။ ဥပဒေ အရာ တွင် တန်းတူ ညီမျှ အခွင့်အရေး ရရှိစေရမည် ။ ထိုအပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူ ညီမျှစွာ ရယူခွင့်ပေးရမည် ။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။
စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။
စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင် တို့ကို မကျေနပ်တာလား ။
(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်) ။

အဘယ်သို့ ဖြစ်စေချင်တယ် ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့ အချိန် တင်ပြ အဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည် ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်းစဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံ အဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ကော်မရှင် ဥက္ကဌ ရာထူး ပေး၍ စုံစမ်း စစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံ လူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ေးသခံ လူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည် မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထု အကြည်ညို ပျက်စေရန် ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာ အပေါ် မကျေနပ်ဘူးဆိုသော ဒေသခံတို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံ အဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက် အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့ အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာ ရှိသည် ကို သတိချပ်စေချင်သည်။

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကို မယုံကြည်ဘူး ဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမလိုအပ်ပါ ဟု မည်သူ အာမခံ တာဝန်ယူမလဲ ။း

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ ၊ နောက် ဗုံးကိစ္စတွေ ကို ပြောကြားရာ မှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေ ကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေ ကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။(ထိရောက်ဖို့ အရေးကြီးပါတယ်)

သို့ပါ၍ ကျွန်တော်တို့ အားလုံး ဟာ စိတ်ဓါတ်ပြင်းထန်မှု နှင့် အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာ နှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံ့တရား ၊ ပိုင်းခြားဝေဖန်ခြင်း ၊ နှံစပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန်ေ မျှာ်မြင်သုံးသပ်ခြင်း တို့ကို မမေ့မလျောပဲ တိုက်ပွဲ သတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာ ကျကျ နည်းဗျုဟာ မှန်မှန် နဲ့ ဆက်လက် တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ် လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲ ဝင်နေသူတွေ မိမိ တို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်း သွားနိုင်ပါတယ်။

စိတ်ဆန္ဒ ကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲ ဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ် လိမ္မာ၍ ပညာသား ပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း ၏ အမြင် ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း ၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်
၁၃-၃-၁၃


မြင်းခြံခရိုင် ငါန်းစွန်မြို့နယ် လယ်မြေသိမ်း

Posted: 14 Mar 2013 01:09 AM PDT

အစိုးရသစ် လက်ထက်မှာ ပထမဆုံးအနေနဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်၊ ငါန်းစွန် မြို့နယ် ဘက် ရှိ ကျေးရွာ၁၃ ရွာ က ယာမြေဧက တသောင်းကျော် ကို စက်မှုမြို့တော် တည်ဖို့ ဆိုပြီး မန္တလေးတိုင်း အစိုးရ က လျော်ကြေး နည်းနည်းနဲ့ သိမ်းလို့ ရွာသားတွေ နဲ့ စီမံကိန်း အကောင်ဖေါ်သူ တွေ အကြား အချင်းများ နေကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြင်းခြံခရိုင်ဘက် ယာမြေအသိမ်းခံရ



ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပတောင်း ခရီးစဉ် နောက်ဆုံးရ သတင်းများ

Posted: 14 Mar 2013 12:49 AM PDT

၂ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည် ကျေးရွာမှ ပြန်လည်ထွက်ခွာ လာပြီဖြစ်ပြီး ညှိနှိုင်းမှု မပြေလည် ကြောင်းနှင့် ဒေသခံများက ဆန္ဒပြမှု များပြုလုပ်ခဲ့ ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကျေးရွာ တစ်ရွာသို့ သွားရောက်ရန် ကျန်ရှိနေပြီး လက်ရှိအချိန်တွင် မည်သည့်နေရာသို့ သွားမည်ဖြစ်ကြောင်း ပြောဆိုခြင်းမရှိကြောင်း သိရသည်။   ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည် တုံရွာ သပိတ်စခန်း ရှိ သံဃာတော်တွေနဲ့ တွေ့ဆုံစဉ်။ ဓါတ်ပုံ - ဒီဗွီဘီ

ဆန္ဒပြသူများ တားဆီး ပိတ်ဆို့ မှုများကြားမှ ဒေါ်စု ယာဉ်တန်း ဆက်လာထွက်ခွါလာပြီ

Posted: 14 Mar 2013 12:32 AM PDT

လုံခြုံရေး တာဝန် ထမ်းဆောင် နေသော ရဲတပ်ဖွဲ့ဝင်များအားလည်း ကြမ်းတမ်းစွာ ပြောဆိုအော်ဟစ်မှုများ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ အဆိုပါ သပိတ်စခန်း၌ ရပ်တန့်လျှက်ရှိနေ ခဲ့  ကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြသူများနှင့်တွေ့ဆုံနေ

Posted: 14 Mar 2013 12:16 AM PDT

ဒေါ်အောင်ဆန်းစုကြည်သည် သပိတ်စခန်းများရှိသော တုံရွာသို့ ရောက်ရှိနေပြီး သပိတ်စခန်းအတွင်းရှိ ဆန္ဒပြသူများနှင့်တွေ့ဆုံနေသော်လည်း အတူလိုက်ပါလာသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို သပိတ်စခန်းအတွင်းသို့ ၀င်ရောက်ခွင့်မပြုခဲ့ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် လက်ပံတောင်းတောင်အရေးဆန္ဒထုတ်ဖော်နေသောခေါင်းဆောင်များနှင့်တွေ့ဆုံလိုကြောင်းမုံရွာသို့ရောက်ရှိသည့်နေ့ကတည်းကပြောကြားထားသောလည်း ယခုအချိန်အထိ ဆန္ဒပြခေါင်းဆောင်းများမှ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်းသိရသည်။ ။ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအတွက် ဒေသံခံရဲတပ်ဖွဲ့ဝင် (၆၀)ကျော်မှတာဝန်ယူပေးထားရကြောင်းသိရသည်။

 သတင်း-ဓါတ်ပုံ  Messenger News Journal
တုံရွာသပိတ်စခန်းတွင် ဒေသခံများနှင့် တွေ့ဆုံစဉ်

တုံရွာသပိတ်စခန်းတွင် သံဃာတော်များနှင့်တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်

တုံရွာသပိတ်စခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများတွေ့ဆုံစဉ်

တုံရွာ သပိတ်စခန်းတွင် ဆန္ဒပြသူများနှင့်တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်



ဆန္ဒပြနေကြသည့် တုံရွာသပိတ်စခန်းမှ ဒေသခံများ

တုံရွာသပိတ်စခန်းမှ ဒေသခံများ


ကြေးနီစီမံကိန်း ဧရိယာ အတွင်းရှိ လယ်တီကျောင်း သွားရောက် (ဓါတ်ပုံ)

Posted: 14 Mar 2013 12:08 AM PDT

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ လယ်တီကျောင်းကို မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက သွားရောက်။   ဓါတ်ပုံ - ဒီဗွီဘီ





ဆန္ဒပြခေါင်းဆောင်သုံးဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Posted: 13 Mar 2013 11:37 PM PDT

ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာသို့ သွားရောက်ရာလမ်းရှိ တုန်ရွာ သပိတ်စခန်းတွင် ရှိနေသော ဆန္ဒပြခေါင်းဆောင် သုံးဦးခန့်နှင့် တွေ့ဆုံနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ အဆိုပါ သပိတ်စခန်းသို့ အရောက်တွင် သပိတ် ခေါင်းဆောင်များမှ ဒေါ်အောင်ဆန်းစုကြည်အား ကြမ်းတမ်းသော အသုံးအနှုန်း များဖြင့် ပြောဆို၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ