သျှမ်းသံတော်ဆင့် |
| ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့သို့ ထွက်ခွာ Posted: 05 Mar 2013 01:38 AM PST မန္တလေးနှင့် မြင်းခြံနယ်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် ယခုလ ၂ ရက်နေ့က ဗန်းမော်မြို့သို့ ရောက်ရှိ လာပြီး ယမန်နေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည် ။ လိုင်ဇာမြို့အဆိုပါအဖွဲ့တွင် သံဃာတော် ၈ ပါး အပါအဝင် လူအင်အား ၃၁ ဦးခန့်ပါဝင်ကာ နံနက် ၈ နာရီကျော် ခန့်က ဗန်းမော်မှ မိုးမောက်မြို့သို့ စတင်ထွက်ခွာသွားကြောင်း ဗန်းမော်မြို့ခံ NLD လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။ "ဗန်းမော်မှာ ၂ ညအိပ်ပြီး မနေ့ကမနက်ပဲ မိုးမောက်ကို ထွက်သွားတယ်။ လမ်းတစ်လျှောက်အလှူခံလို့ရ တဲ့ငွေတွေကို လိုင်ဇာ မှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို လှူဒါန်းမယ်ပေါ့ ။လိုင်ဇာအရောက် သွားမယ် " ဟု သူက ပြောသည် ။ ဗန်းမော်မြို့မှ NLD ပါတီဝင်တချို့လည်း အဆိုပါအဖွဲ့နှင့် လိုက်ပါသွားပြီး သာသနာ့အလံ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအလံနှင့် ငြိမ်းချမ်းရေး ကိုယ်စားပြု အောက်ခံအပြာရောင်နှင့် ချိုးဖြူငှက် အလံများ ကိုင်ဆောင်လာကြောင်း မျက်မြင် မြို့ခံများ အဆိုအရ သိရသည် ။ နောက်ထပ် ရန်ကုန်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့တစ်ဖွဲ့သည် ယနေ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့သို့ ရောက်ရှိလာကြောင်း စောစောက မြို့ခံ NLD လူငယ်က ဆက်ပြောသည် ။ |
| သျှမ်း၊မြောက် နမ့်ခမ်းမြို့တွင် SSPP/SSA စီးပွားရေးရုံးဖွင့်လှစ် Posted: 05 Mar 2013 01:36 AM PST သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်တိုက်မရပ်ကွက်၌ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ စီးပွားရေးရုံး ကို ယနေ့ ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ SSPP/SSA ၏ စီးပွားရေးရုံးဖွင့်ပွဲ"ဒီနေ့မနက် ၈ နာရီခွဲမှာ SSPP/SSA ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး ကိုယ်တိုင် ရုံးဖွင့်ပွဲဆိုင်းဘုတ် ဖွင့်ပေး တယ်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံပြည်သူ နှစ်ရာကျော် တက်ရောက် တယ်၊ဆိုင်းဘုတ် ဖွင့်ပေးပြီးတော့ စဝ်စိုင်းထူးက မိန့်ခွန်းပြောကြားတယ်၊အဲဒီနောက်မှာတော့ သံဃာတော် တွေကို ပင့်ဖိတ် ပရိတ်ရွတ်ပြီးပူဇော်ကြတယ်" ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်သောဒေသခံ လုံးစိုင်းပီးက ပြောသည်။ ဖွင့်ပွဲ တက်ရောက်ကြသည့် ဒေသခံပြည်သူလူထုအား နေ့လည်စာ တည်ခင်းကျွေးမွေးခဲ့ကြကြောင်း၊ နေ့လည် စာအတွက် ပေါက်တိုက်မ ရပ်ကွက်သူ ရပ်ကွက်သားများက ချက်ပြုတ်ကူညီပေးခဲ့ကြောင်း ၄င်းကဆိုသည်။ စဝ်စိုင်းထူးမိန့်ခွန်းပြောကြားချက်တချို့မှာ "ကျနော်တို့ SSPP/SSA သာမက ဗမာပြည်မှာရှိတဲ့ လူမျိုးစုအားလုံး သည်ငြိမ်းချမ်းရေးလာလုပ်ကြပြီ၊ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရနှင့်တကွ သမ္မတကြီးကို ကျနော်တို့ လေးစား ဂုဏ်ပြုပါတယ်၊ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်အတွက် အရေး ၃ ပါးဆိုတဲ့ ပြည်ထောင် စုမပြိုကွဲ ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာကိုလဲ လက်ခြံကိုဆိုပါတယ်" ဟု ဆိုပါသည်။ ပြည်ထောင်စုမပြိုကွဲရေးဆိုရာတွင် စစ်မှန်သည့်ပြည်ထောင်စုကို လိုလားကြောင်း ၊ တိုင်းရင်းသား စည်း လုံး ညီညွှတ်ရေး ဟူရာတွင်လည်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်မူ ဒီမိုကရေစီနှင့် human rights လူ့အခွင့်အရေးကို လိုလားကြောင်း ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါ အရေးသုံးပါးကို လေးစား၊ ယုံကြည်ပါကြောင်း ၄င်းကဆိုသည်။ "နောက်ပြီးတော့ နဂိုကတည်းက ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားတဲ့ ကျ နော်တို့ပြည်ထောင်စုကြီးကို အရင်းခံပြီးတော့ (၁) ပင်လုံစိတ်ဓါတ်နှင့်ပြည်ထောင်စုစိတ်ဓါတ်ကို နိုင်ငံသားအားလုံး တိုင်းရင်းသားပြည် ထောင်စုသားအားလုံး သဘောပေါက်ဖို့ လိုလားပါတယ် (၂) ပင်လုံကို အသိအမှတ်ပြုခြင်းဖြင့် ပြည်ထောင်စုကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်(၃) ပင်လုံစိတ်ဓါတ်ဆိုတာ ပြည်ထောင်စုနိုင်ငံထူထောင်ကာ အတူတကွ နေထိုင် ရန်လိုလားသောစိတ်ဓါတ်နှင့် တိုင်းရင်းသားလူမျိုးစုများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန် အလှန် လေး စားစေသောစိတ်ဓါတ် တိုင်းရင်းသားလူမျိုးအချင်းချင်း တန်းတူရေးကို အခြေခံသော စိတ်ဓါတ်များကို ဆိုလို တာဖြစ်ပါတယ်" ဟု စီးပွားရေးရုံးဖွင့်ပွဲ မိန့်ခွန်း၌ စဝ်စိုင်းထူးက ပြောသည်။ SSPP/SSA စီးပွားရေးရုံးကို နမ့်ခမ်းမြို့တွင်ဖွင့်လှစ်ပြီးနောက် မူစယ်မြို့တွင်လဲ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရှိရ သည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

