သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ပျက်ကွက်ခဲ့ရမှု တရုတ်ပြည် ကြိုးနီစနစ်ကြောင့်ဟု UWSA က ဝေဖန်

Posted: 14 Mar 2013 03:59 AM PDT

တရုတ်ပြည် ရွှေလီမြို့၌ မတ်လ ၁၁ ရက်မှ ၁၂ ရက်ထိ ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် ကချင်ပြည် လွတ် မြောက်ရေး တပ်မတော် KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို မတက်ရောက်နိုင်ခဲ့သည်မှာ တရုတ်ပြည် ဗျူရိုကရေစီစနစ်၏ နှေးကွေးမှုကြောင့် ဖြစ်သည်ဟု UWSA ဘက်မှ ပြစ်တင်ဝေဖန်လိုက်သည်။
zhongdang                                           ကျောက်ကျုံးတန်း (Photo:UWSA)
"တရုတ်ပြည်ရဲ့ ရုံးစနစ်က တဆင့်ပြီး တဆင့်သွားတယ်။ အချိန်ကြာပြီး နှေးကွေးတယ်။ အထက်အရာ ရှိနဲ့ လက်အောက်ဝန်ထမ်းတွေ ဆက်သွယ်တာလည်း နှေးတယ်။ နယ်စပ်မှာရှိတဲ့ မိုင်းငါ့က ဝန်ထမ်း တွေ မိုင်းလျမ်းကို အကြောင်းမကြားလို့ ဖြစ်မယ်။ ဒါကြောင့် နယ်စပ် ဖြတ်သန်းခွင့် အချိန်မှီ မရတာ" ဟု UWSA နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် UWSA ဘက်မှ ကိုယ်စားလှယ်များ နယ်စပ်ဖြတ်သန်းခွင့် ကြိုတင်တောင်းထားသော်လည်း အချိန်မှီ မကျလာ သည့်အတွက် ပျက်ကွက်ခဲ့ရခြင်းဖြစ်ကြောင်း ဆို၏။
aung-myint                                    လီကျူးလျဲ့ ခေါ် ဦးအောင်မြင့် (Photo:UWSA)
 
"နယ်စပ်ဖြတ်ဖို့ ခွင့်တောင်းရင် ၁ ရက်တည်းနဲ့ရတာ ရှိသလို တခါတလေ ၃ ရက်ထိ ကြာတတ်တယ်။ ဒီတခေါက်တော့ အရမ်းကြာသွားတာတော့ အမှန်ဘဲ။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး" ဟု UWSA အရာရှိတစ်ဦးကလည်း ပြောပါသည်။

တဖက်၌လည်း မူးယစ်ဆေးဝါးကြောင့် နာမည်ကျော်ကြားနေသည့် အဖွဲ့မှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာပါက ဘေကျင်း(ပီကင်း)အတွက် မျက်နှာပူစရာဖြစ်မည် စိုးသည့်အတွက် တရုတ်ဘက်က နယ်စပ်ဖြတ်သန်းခွင့် မပေးခြင်းဖြစ်သည်ဟုလည်း တချို့က သုံးသပ် နေကြပါသည်။
guo-an                                           ကျောက်ကော်အန်း (Photo:UWSA)
UWSA ဘက်မှ ဒု-စစ်ဦးစီးချုပ် ကျောက်ကျုံးတန်း၊ ပြောရေးဆိုခွင့်ရှိသူ လီကျူးလျဲ့ ခေါ် ဦးအောင်မြင့်၊ ပြည်ပဆက်သွယ်ရေးဌာနကြီးမှူး ကျောက်ကော်အန်း တို့ကို ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရွေးချယ် ထားခဲ့သည်။

အကြံကောင်းလေးများဖြစ်မလားလို့ပါ

Posted: 14 Mar 2013 03:56 AM PDT

သို့- အယ်ဒီတာခင်ဗျား

ကျနော်တို့တာချီလိတ်သည် မြန်မာနိုင်ငံတွင်အလွန်မှ စည်ကားပြီးမြို့ပြနှင့် ကိုက်ညီသော မီး၊ ရေ၊ စားဝတ်နေရေးနှင့် ရာသီဥတု မျှတသော မြို့လေးတမြို့ဖြစ်ပါသည်။ ခေတ်နှင့်အညီ ယာဉ်ပေါင်းစုံရှိပါသည်။ သို့သော်လိုင်စင်တော့မရှိကြပါ။ ထို့ကြောင့် လိုင်စင်မဲ့ယာဉ်များ၏ စာရင်းကို သက်ဆိုင်ရာရပ်ကွက်အလိုက် ၊ ထိုမှတဆင့် မြို့နယ်အလိုက် ရိုးသားစွာ ကောက်ယူပြီး မှတ်တမ်းနှင့်တကွ ပြုစုထားမယ်ဆိုရင် မတော်တဆ ထိခိုက်မှုတွေမှာ နစ်နာသူတွေ မရှိရလေအောင် နှင့် အရမ်းကာရော မောင်းနှင်မှုတွေပါမကျန် ယာဉ်တိုက်မှုများလည်း လျော့နည်းလာမည်ဟုထင်ပါသည်။ သို့ပါသဖြင့် လိုင်စင်မဲ့ယာဉ်စာရင်းများအား မှန်မှန်ကန်ကန်ကောက်ယူနိုင်ရေး အကြံပြုလိုက်ပါရစေ။

ရိုက်မဲန်း

ဆရာမွေး- တပည့်မွေး ဘောင်းဘီချွတ်စစ်ဗိုလ်စနစ်ဆက်သွားရင် လူထုယုံ ကြည်မှု ပိုမိုပျောက်ကွယ်မယ်

Posted: 14 Mar 2013 03:56 AM PDT

အယ်ဒီတာခင်ဗျား-

ဒီမိုကရေစီထွန်းကားရေး ၊ ပွင့်လင်းမြင်သာမှု ၊ အဂတိတရာကင်းရှင်းမှုဆိုတာတွေ တွင်တွင်အော်နေတဲ့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်ကြောင့် နစ်နာသွားရတဲ့ ပညာရှင်တစ်ဦးအကြောင်း ရေး သား ပေးပို့လိုက်ရပါတယ်။

ကျနော်တို့ပြန်ကြားရေးဌာနကို ၀န်ကြီးဦးအောင်ကြည် ရောက်ရှိလာပြီးရက်ပိုင်းအတွင်းမှာဘဲ သင်္ဃန်း ကျွန်းအမတ်ဖြစ်တဲ့ ဦးသိန်းညွန့်ရဲ့ မေးခွန်းအချို့ကြောင့် ၀န်ကြီးဟာ လွှတ်တော်ထဲမှာ အရှက်ကွဲခဲ့ရတာ ကို မကျေနပ်တဲ့အတွက် ပြန်ကြားရေး ဌာနဝန်ထမ်းတွေအပေါ် အညှိုးထားခဲ့ပါတယ်။ ကျနော်တို့ ပြန်ကြားရေးဌာနမှာ ပညာရှင်တွေဟာမီဒီယာအကြောင်း နကန်းတစ်လုံးမှ မသိတဲ့ ဘောင်းဘီချွတ် စစ်ဗိုလ်တွေရဲ့ အနိုင်ကျင့်မှုကို ခံနေရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

 ဒီ့ထက်ဆိုးတာကစစ်ဗိုလ်တွေရဲ့ထုံးစံအတိုင်း ဆရာမွေး- တပည့်မွေးကြတဲ့ ဉာဉ်ဆိုးတွေပါဘဲ ။ ဒီဉာဉ်ဆိုး တွေကြောင့် အား လုံးသိတဲ့အတိုင်း ရန်ကုန်မြို့ မြန်မာ့အလင်းသတင်းစာတိုက်မှာ ကျပ်သိန်းထောင်ချီ တဲ့အလွဲသုံးမှု ပေါ်ပေါက်ခဲ့ရပါ တယ်။ သက်ဆိုင်သူတွေကတော့ ထုံးစံအတိုင်း ရဲရဲစားရဲတဲ့ စစ်ဗိုလ်ပြုတ်တွေဘဲပေါ့ဗျာ။ ဒီတော့ ဒီအမှုကိုတရားစွဲဆိုရတဲ့အခါ တရား လိုက မြန်မာ့အလင်းအယ်ဒီတာချုပ် ဦးလှိုင်ဝင်းပါ။ ဦးလှိုင်ဝင်းဟာ သတင်းစာလောကမှာ နှစ်ပေါင်း မြောက်များစွာကျင် လည်ခဲ့တဲ့ ပညာရှင်တစ်ဦးပါ ၊ တက္ကသိုလ်မောင်သုလှိုင်အမည်နဲ့လဲ စာပေတွေရေးသားနေပါတယ်။ ဒီကနေ့ အတန် အသင့် ပြောင်းလဲသွားခဲ့ရတဲ့ နိုင်ငံပိုင်သတင်းစာရဲ့ အရည်အသွေးနဲ့ အသွင်သဏ္ဍာန်ဟာ ဦးလှိုင်ဝင်းရဲ့ အားထုတ်မှုတွေပါ ။ ခုတော့ လှေလှော်ရင်းတက်ကျိုးခဲ့ရဆိုသလို သတင်းစာရဲ့အခန်းကဏ္ဍ ဟာ နောက်ပြန်ဆွဲနေခဲ့တာ ၅ လလောက်ရှိ သွားရ ပါပြီ။

ဘာ့ကြောင့်ဒီလိုဖြစ်ရလဲဆိုတော့ ခုနကအလွဲသုံးစားမှုမှာပါဝင်တဲ့ အဓိကတရားခံတွေဟာ အခု ဒုဝန်ကြီး ဖြစ်သွားတဲ့ ထိုစဉ် ကညွှန်ချုပ်တယောက်ဖြစ်တဲ့ စစ်ဗိုလ်ဟောင်းတယောက်ရဲ့ တပည့်ကြီးတွေလေ။  ဒီတုံးကတော့ အဲဒီ့ညွှန်ချုပ်ဟာ ဦးစီးဌာန မတူလို့ သူ့တပည့်တွေအပေါ် ဘာမှမကယ်နိုင်ခဲ့ပေမယ့် ဦးလှိုင်ဝင်းအပေါ်အညှိုးထားခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်လဲ ဒုဝန်ကြီးဖြစ်ပြီး မကြာမီ ခုနကပြောခဲ့တဲ့ လွှတ်တော် တွင်းက ဦးသိန်းညွန့်နဲ့ ဦးအောင်ကြည်တို့ရဲ့ မေးခွန်းတိုက်ပွဲဖြစ်လာခဲ့ပါတယ်။

ကျွန်တော်တို့ သတင်းစာလောကမှာ ပုလင်းပေးမှ သတင်းရေးဆိုတဲ့ စနစ်ဆိုးကြီးဟာ တချိန်က အမြစ် တွယ်ခဲ့ပါတယ်။ ဒီ စနစ်ကိုအကြောင်းပြုပြီး သူ့တပည့်တွေကိုရာထူးပြုတ်အောင်လုပ်ခဲ့ တယ်ဆိုတဲ့ အတွေးရယ် ၊ ၀န်ကြီးက ပြန်ကြားရေးဌာန ကို တခုခုအရေးယူပြချင်တယ်ဆိုတဲ့အကြောင်း အရာတွေကို ပေါင်းပြီး သူတို့တွေဟာ ဦးလှိုင်ဝင်းအပေါ် လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုပြီး အမှုဆင်လိုက်ပါတယ်။ ဌာနတွင်းစစ်ဆေးမှုအကြိမ်ကြိမ်မှာ သက်သေအထောက်အထားမျိုးစုံက ဦးလှိုင်ဝင်း လာဘ်ပေးလာဘ်ယူမှုမရှိတာ သိသာပေါ်လွင်နေပါလျှက် ၊၀န်ကြီး ဦးအောင်ကြည်ရဲ့ ဒီအမှုကိုရအောင်စစ် ၊ မပေါ်ရင် မင်းတို့ ကို အရေးယူ မယ်ဆိုတဲ့ အတ္တကြီးမှုကြောင့် DE အဖွဲ့ဟာ ဦးလှိုင်ဝင်း အပြစ်မရှိကြောင်းသိသိကြီးနဲ့ ရာထူး ၂ နှစ်ချတဲ့ပြစ်ဒဏ် ကို ချမှတ်ပေးလိုက်ရပါတယ်။ ပညာရှင်တယောက်အတွက် အလွန်နစ်နာတဲ့ ၀မ်းနည်းစရာဖြစ်ရပ်ကြီးပါ။

ဒီဖြစ်ရပ်ဖြစ်ပြီး ၃လလောက်အကြာမှာ ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်ကို သတင်းသမားတွေဆီက လာဘ်ယူမှုနဲ့ တိကျတဲ့ သက်သေအထောက်အထားတွေနဲ့ တိုင်ကြားလာတဲ့ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာ ပါတယ်။ သက်သေ အမြောက်အများက ခိုင်မာတဲ့သက်သေတွေကို တင်ပြနိုင်ခဲ့တဲ့အပြင် ဦးခင်မောင်ကျော်ဒင်ကော သူ့ဇနီးပါ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

သို့သော်လည်းဒီတခါ အရေးယူလိုက်တာကတော့ ပြင်းထန်စွာသတိပေးခြင်း ဆိုတဲ့အဆင့်ပါဘဲဗျာ။ လာဘ်မစားတဲ့သူကို ကျတော့ ပြင်းထန်စွာအရေးယူတယ်။ လာဘ်စားတဲ့သူကိုကျတော့ ငါ့တပည့်ဆိုတဲ့ အတ္တဝါဒတွေနဲ့သက်ညှာစွာအရေးယူ နေတာ ကတော့ ကျွန်တော်တို့ နိုင်ငံပိုင်မီဒီယာကဏ္ဍမှာ ဒီမိုကရေစီကွယ်ပျောက်နေပြီး ဗျူရေကရေစီသာ လွှမ်းမိုးနေတဲ့ အင်မတန်စက်ဆုပ်ရွံရှာဖွယ် ဖြစ်ရပ်ဆိုးတွေပါ။ ဒီလိုသာရှေ့ဆက်သွားနေရင် နိုင်ငံပိုင်မီဒီယာတွေကို ပြည်သူလူထုရဲ့ ယုံ ကြည်မှုဟာ ပိုမိုပျောက်ကွယ်လာမှာဖြစ်တဲ့အကြောင်း ရေးသားတင်ပြအပ်ပါတယ်ခင်ဗျား။

သတင်းစာဆရာတဦး