သစ်ထူးလွင်

သစ်ထူးလွင်


မတ်လ(၆)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၄)

Posted: 05 Mar 2013 06:57 AM PST

မတ်လ(၆)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


မတ်လ(၇)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၄၊ အမှတ် ၁၀

Posted: 05 Mar 2013 06:55 AM PST

မတ်လ(၇)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၄၊ အမှတ် ၁၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




မတ်လ(၇)ရက်နေ့ ထုတ် ရက်နေ့ထုတ် First Eleven Journal အတွဲ ၁၃ ၊ အမှတ် ၄၀

Posted: 05 Mar 2013 06:48 AM PST

မတ်လ(၇)ရက်နေ့ ထုတ် ရက်နေ့ထုတ် First Eleven Journal အတွဲ ၁၃ ၊ အမှတ် ၄၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၆)ရက်နေ့ ထုတ် ရက်နေ့ထုတ် Smart Pro Journal အတွဲ ၁ ၊ အမှတ် ၇

Posted: 05 Mar 2013 06:45 AM PST

မတ်လ(၆)ရက်နေ့ ထုတ် ရက်နေ့ထုတ် Smart Pro  Journal အတွဲ ၁ ၊ အမှတ် ၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၅)ရက်နေ့ ထုတ် ရက်နေ့ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ ၁၆ ၊ အမှတ် (၁၈)

Posted: 05 Mar 2013 06:42 AM PST

မတ်လ(၅)ရက်နေ့ ထုတ် ရက်နေ့ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ ၁၆ ၊ အမှတ် (၁၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




မြန်မာ့အင်တာနက် အမေရိကန် ကူညီမည်

Posted: 05 Mar 2013 05:43 AM PST

အမေရိကန် နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စား လှယ်များသည် အမေရိကန် အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံ အဆောက်အအုံ တိုးတက်စေရေး အကူအညီ ပေးနိုင်ရန် တစ်ပတ်ကြာ ခရီး လာရောက်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



NLD ဗဟိုညီလာခံကိုယ်စားလှယ်(၄)ဦး ညီလာခံကိုယ်စားလှယ် အဖြစ်မှရပ်စဲ

Posted: 05 Mar 2013 05:31 AM PST

အဖွဲ့ ချုပ် အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက် စီးစေမည့် အပြုအမှု၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသော သတင်း ရရှိထား သဖြင့် အဖွဲ့ ချုပ်က ၈၊ ၉၊ ၁၀ မတ်လ ၂၀၀၃ တွင် ပြုလုပ် ကျင်းပမည့် နိုင်ငံလုံး နိုင်ရာ ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲလိုက်ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တရားစီရင်ရေးမဏ္ဍိုင် ခိုင်မြဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Posted: 05 Mar 2013 05:11 AM PST

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ဆိုရင် ပြည်တွင်း တရားစီရင်ရေး အခင်းအကျင်း အဆင့်အတန်း မီဖို့ လိုတယ်လို့ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မတ်လ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ

Posted: 05 Mar 2013 04:28 AM PST

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္က လာပမြို့နယ်၊(၄)ရပ်ကွက်၊ ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ် ချောင်းလက်တက် ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နှစ်အနည်းငယ်အတွင်း ဧရာဝတီလင်းပိုင် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်

Posted: 05 Mar 2013 03:58 AM PST

တစ်နှစ်အတွင်း ဧရာဝတီ လင်းပိုင်အကောင်၂ဝခန့် လျော့နည်း လာသည့်အတွက် လင်းပိုင်များ နှစ် အနည်း ငယ်အတွင်း မျိုးသုဉ်းပျောက် ကွယ်သွား နိုင်ကြောင်း လင်းပိုင်ထိန်း သိမ်းရေးနှင့် ကာကွယ် စောင့် ရှောက်ရေး ဌာနမှ လက်ထောက်ဦးစီးမှူး ဦးဟန် ဝင်းက ပြောသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမှုဖွင့်စစ်ဆေးခံထားရသည့် ဆက်သွယ်ရေး အရာရှိကြီးများ မူလနေရာအတိုင်း လုပ်ကိုင်ခွင့်ပြု

Posted: 05 Mar 2013 03:48 AM PST

လာဘ်စားခဲ့သည် ဟုယူဆ၍ လုပ်ငန်းပိုင်းဆိုင်ရာ စစ်ဆေးမှုများ ခံခဲ့ရသည့်ဆက် သွယ်ရေးဝန်ကြီး ဌာနမှ အင်ဂျင်နီ ယာချုပ်များကို ရာထူးလျော့ချခြင်း မရှိဘဲ အဆိုပါ ဌာနတွင်ဆက်လက် လုပ်ကိုင်ခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါအရာရှိ ၅ဝ ခန့်အားလာဘ် စားမှုပြုခဲ့သည်ဟု---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်

Posted: 05 Mar 2013 03:39 AM PST

မြန်မာ မီနီဆလွန်း ကားများကို နိုင်ငံ ဝန်ထမ်းများအား ငါးနှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် အတွက် စက်မှု ဝန်ကြီးဌာနသို့ တင်ပြထား ပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင် နက်တည်း ရောင်းချပေး သွားမည်ဖြစ်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်

Posted: 05 Mar 2013 03:37 AM PST

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများစွာ၏ လုပ်ဆောင်ချက်များတွင်
ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေးပညာရှင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို

Posted: 04 Mar 2013 03:16 PM PST

မြန်မာနိုင်ငံမှာ နောက်တကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားဒေသ တွေမှာ လူမျိုးစုနိုင်ငံရေး ပါတီတွေသာ အဓိကထား ယှဉ်ပြိုင်တာမျိုး လိုလားတဲ့အကြောင်း တိုင်းရင်းသား မဟာမိတ်ပါတီတွေက ပြောဆိုလိုက်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးပါတီကြီးတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူမျိုးစုဒေသတွေ အတွက် ၀င်ရောက် ယှဉ်ပြိုင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်တာပါ။ ဒါပေမဲ့လည်း ဒီတိုက်တွန်းချက်ဟာ ဒီမိုကရေစီ အခြေခံတွေကို ဆန့်ကျင်ရာ ကျနေတယ်လို့ အဓိကနိုင်ငံရေးပါတီ ကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက် နိုင်ဖို့ အတွက်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် တိုင်းရင်းသား ဒေသတွေက မဲဆန္ဒနယ်တွေမှာ အင်အားကြီး ပါတီတွေ ၀င်ရောက် ယှဉ်ပြိုင်တာကို ရှောင်ရှားကြဖို့ လူမျိုးစုပါတီတွေက ကြေညာချက်တစောင် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

ဒါမှသာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အကောင်အထည် ဖော်ပေးနိုင် မယ်လို့ (National Brotherhood Federation) အဖြစ် အမည်ပေးထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့က ယုံကြည်ထားတဲ့အကြောင်း ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ (RNDP) က ဦးဖေသန်း က ပြောပါတယ်။

"တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားပါလျှင် နောင်ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများတွင် အင်အားကြီးပါတီများက လူနည်းစု တိုင်းရင်းသားများ၏ မဲဆန္ဒနယ်မြေများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းကို လုံးဝ ရှောင်ရှားရန်"

ဒါပေမဲ့လည်း ပါတီစုံ ဒီမိုကရေစီ စနစ်တရပ်မှာ လွတ်လပ်တဲ့ ယှဉ်ပြိုင်ခွင့်တွေ ရှိရမှာ ဖြစ်တာမို့ ဒီလို သဘောထားဟာ ဒီမိုကရေစီ အခြေခံတွေနဲ့ ကိုက်ညီမှုရှိပါ့မလား မေးခွန်းထုတ်တာတွေလည်း ရှိနေကြတာပါ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကတော့ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့် ရှိသင့်တယ်လို့ မြင်ပါတယ်။

"Competition (ယှဉ်ပြိုင်မှု) လုပ်တယ် မလုပ်ဘူးဆိုတာက သူတို့ပါတီရဲ့ သီးခြား အယူအဆ အဆုံးအဖြတ်ပဲ။ သူတို့ ဘယ်အပေါ်မှာ အခြေခံလည်းမသိဘူး။ အဲ့ဒါကတော့ ခုနပြောသလိုပဲ ဒီမိုကရေစီရေးနဲ့ သိပ်အကျုံးမ၀င်ဘူးလို့ ထင်ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းကျကျ ဆုံးဖြတ်တာလို့ ကျနော်တော့ မယူဆဘူး။"

လက်ရှိ အချိန်မှာ လွှတ်တော်ထဲမှာ အင်အားကြီးပါတီ ၂ ခု အဖြစ် အာဏာရ အစိုးရပါတီဖြစ် တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်မြေတွေအားလုံးမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က လွှတ်တော်ကိုယ်စားလှယ် အင်အားများစွာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေ မှာ နေရာရထားကြတာပါ။

တိုင်းရင်းသား လူနည်းစုဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ ရွေးကောက်ပွဲဝင်ပြီး အင်အားကြီးပါတီတွေ ရွေးကောက်ပွဲ ၀င်မှာကို မလိုလားဘူးဆိုတာဟာ နိုင်ငံရေး လမ်းစဉ် ဒီမိုကရေစီအရ ကြည့်ရင်တော့ မသင့်တော်ဘူးဆိုတာကို နားလည်ပြီးတော့ ဒါဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ရင်တွင်းခံစားချက် အမှန်ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော် က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ဒါကတော့ နိုင်ငံရေးလမ်းစဉ် ဒီမိုကရေစီအနေနဲ့ ကြည့်ရင်တော့လည်း ဒါ သင့်တော်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ ကျနော်တို့လည်း သဘောပေါက် နားလည်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က တိုင်းရင်းသားရဲ့ ရင်တွင်းခံစားချက် အမှန်ကတော့ ဒီလိုပဲရှိနေတာကိုး။ မလိုးလားဒါကတော့ အမှန်ပဲပေါ့ဗျာ။ ဒါ ဒီမိုကရေစီနည်းတော့ မကျဘူးပေါ့လေ။"

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ဟာ ပြည်တွင်းအခြစိုက် တိုင်းရင်းသား ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ NBF မှာ ပါဝင်တဲ့ တိုင်းရင်းသား ပါတီတွေကတော့ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ စဝေါ်ပါတီ၊ အင်းအမျိုးသားပါတီ၊ ကရန်း အမျိုးသားပါတီ တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၄ ကြိမ်မြောက် သဘောထားကြေ ညာချက်မှာတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်း အားလုံးက  သမာသမတ်ကျကျ ဆောင်ရွက်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ ကြီးမားလာတဲ့ မူးယစ်ဆေးဝါး ပြဿနာကို ပြည်တွင်း ပြည်ပ အင်အားစုတွေနဲ့ လက်တွဲပြီး ဖြေရှင်းဖို့၊ အစိုးရက သတ်မှတ်ပြောကြားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကို တိတိကျကျ ကောက်ယူဖို့နဲ့ မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ချင်းပြည်နယ် ခရီးစဉ်နဲ့ အချိန်ကိုက်ပြီး အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ပီမိုနင်းရဲ့ဆောင်းပါးမှာပါတဲ့ ကရင်ရိုင်း၊ ချင်းရိုင်းဆိုတဲ့ စကားအသုံးအနှုန်း တွေကို ပြန်လည်ဖော်ပြတဲ့အတွက် ရှုတ်ချကြောင်း ဆိုပြီး ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လွှတ်တော်တွင်း ကိုယ်စားလှယ် အများဆုံးနေရာကို ပြည်ခိုင်ဖြိုးပါတီ က ရယူထားပြီး၊ နံပါတ် ၂ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နံပါတ် ၃ နေရာမှာ ကျားဖြူ ပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ၊ နံပါတ် ၄ နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ နံပါတ် ၅ နေရာမှာ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က အင်အားအများဆုံးပါတီတွေအဖြစ် အသီးသီး ရပ်တည်နေတာကို တွေ့ရပါတယ်။

အောင်ရဲ မောင်မောင် - ဗွီအိုအေ

ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ (NBF)

HIV ဝေဒနာရှင်ကလေးတဦး ပထမဆုံး ရောဂါ ကုသပျောက်ကင်း

Posted: 04 Mar 2013 03:13 PM PST

HIV/AIDS ရောဂါပိုး ကူးစက်နေတဲ့ မွေးကင်းစ ကလေးငယ် ကို  စောစောစီးစီး ပုံမှန် ဆေးကုသ မှု ပေးနိုင်ခဲ့တဲ့နောက် ပိုင်း  ရောဂါပျောက်ကင်းသွားတဲ့  လက္ခဏာတွေ တွေ့လာရတယ်လို့ အမေရိကန် ပြည်ထောင်စုက ဆရာဝန်တွေက ထုတ်ဖော် ပြောဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မအူပင်ဆန္ဒပြပွဲ ပါဝင်သူတွေ တရားစွဲဆိုခံရ

Posted: 04 Mar 2013 02:56 PM PST

မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင်းကျေးရွာမှာ အသိမ်းခံ လယ်ယာမြေတွေကို ပြန် ရဖို့ တောင်းဆိုရင်း လယ်သမားနဲ့ ရဲတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အခုတော့ ရဲဘက်ကနေ လယ်သမားတွေကို အမှုဖွင့် တရားစွဲဆို လိုက်ပါပြီ။ ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် လူစုလူဝေးလုပ်မှု၊ ၀တ္တရားနှောင့်ယှက်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို အမှုဖွင့်လိုက်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရှေ့နေကြီးဦးမြသောင်းက ဥပဒေအရ အကူအညီပေးနိုင်ဖို့ ရှင်းလင်းဆွေးနွေးနေစဉ် (ဓာတ်ပုံ - မစုစုနွေး)

မလက်တိုကျေးရွာအုပ်စု လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခ စုံစမ်းစစ်ဆေးမည်

Posted: 04 Mar 2013 02:49 PM PST

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာမှာ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မတ်လ ၄ ရက် ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုတွင် စောင့်ကြပ် အနားယူနေတဲ့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။ photo: RFA/ Kyaw Zawe Win

ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတ ဦးသိန်းစိန်ကို တရားစွဲဖို့ ကြိုးပမ်း

Posted: 04 Mar 2013 02:44 PM PST

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံ တချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက်  ဒီကနေ့  ဆားလင်းကြီး မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည် လွှတ်ပေးရန် ဒေသခံ ပြည်သူများ တောင်းဆို ဆန္ဒပြနေကြစဉ်။ RFA

ရခိုင်ပြည်နယ်မှာ ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရဦးဆောင်မှု လိုအပ်

Posted: 04 Mar 2013 02:39 PM PST

ရခိုင်ပြည်နယ်မှာ လူအဖွဲ့အစည်း နှစ်ခုအကြား ပြန်လည် သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှုအပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာ နီဂမ်ဟာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Ashok Nigam က ဒေသခံသတင်းထောက်တွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံနေစဉ် ။ photo: RFA/ Min Thein Aung

လယ်ယာမြေပြဿနာကို အမျိုးသား တာဝန် တရပ်အဖြစ် ဖြေရှင်းရန် တောင်းဆို

Posted: 04 Mar 2013 09:11 AM PST

လယ်ယာမြေ ပြဿနာကို အစိုးရ အပါအ၀င် လွှတ်တော်နဲ့ အဖွဲ့အစည်း အားလုံးက အမျိုးသား တာဝန် တရပ်အနေနဲ့ ဖြေရှင်းပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း က တောင်းဆို လိုက်ပါတယ်။

မတ်လ ၂ ရက်နေ့ ကျရောက်တဲ့ တောင်သူ လယ်သမားနေ့မှာ  မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ တ၀န်းလုံးက တောင်သူတွေရဲ့ အခက်အခဲနဲ့ ဆွေးနွေး တင်ပြချက်ကို နားထောင်အပြီး ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက အခုလို တောင်းဆို လိုက်တာဖြစ်ပါတယ်။

အစိုးရက ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းနေသော်လည်း အောက်ခြေမှာ ဖြစ်နေတဲ့ အခြေအနေတွေ အရ လက်ဆုပ်လက်ကိုင် အပြောင်းအလဲကို မတွေ့ရသေးတဲ့အတွက် တောင်သူတွေရဲ့ အခက်အခဲကို ထိထိရောက်ရောက်ဖြေရှင်းပေးဖို့ လိုနေတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

"အစိုးရပိုင်းအနေနဲ့ လယ်သိမ်းတဲ့အဖွဲ့အစည်း ဌာနဆိုင်ရာဖြစ်ရင်ဖြစ်မယ်၊ ကုမ္ပဏီဖြစ်ရင်ဖြစ်မယ်၊ အဖွဲ့အစည်းတွေကဖြစ်ရင်ဖြစ်မယ်။ ဒီလူတွေနဲ့ လယ်သိမ်းခံရတဲ့လယ်သမားတွေနဲ့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက ညှိနှိုင်းခေါ်ယူဆွေးနွေးမှဖြစ်မယ်။ ဆွေးနွေးရာမှာလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်တဲ့နည်းလမ်းမျိုးနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုတယ်။ ဥပဒေအတိုင်းရှင်းပါလို့ပြောပေမယ့်လည်း ဥပဒေအတိုင်းရှင်းပေမယ့် တချို့ကိစ္စတွေက ဥပဒေအရမှန်နေသော်လည်း လယ်သမားတွေက မသိနားမလည်တဲ့အပေါ် အခွင့်အရေးယူတဲ့အခါကျတော့ လုပ်ကိုင်ရတာခက်တယ်။ ဥပဒေအတိုင်းမှန်နေသော်လည်း မှန်တယ်လို့ ပြောရခက်တယ်။ တခြား လူမှုရေး၊ စီးပွားရေး၊ ဒေသမှာ ရှိနေတဲ့အခက်အခဲတွေ ထည့်သွင်းစဉ်းစားပြီး သိမ်းဆည်းသူဘက်ကလည်း လျှော့ပေးဖို့၊ တောင်သူလယ်သမားဘက်ကလည်း အတိုင်းအတာတခုကို လက်ခံနိုင်ဖို့လိုတယ်။ အဲလိုညှိနှိုင်းပေးတာလိုမယ်လို့ ထင်ပါတယ်။ အဲလိုမလုပ်ရင်တော့ ဒီပြဿနာတွေက နောင် ပိုပြီး ကြီးမားလာမယ်။"

မြန်မာနိုင်ငံ ချင်း၊ ရှမ်း၊ ရခိုင် ပြည်နယ်နဲ့ ရန်ကုန်၊ မကွေးတိုင်းစတဲ့ နေရာပေါင်း ၁၅ နေရာက တောင်သူတွေက အခက်အခဲတွေကို တောင်သူလယ်သမားနေ့ အခမ်းအနားမှာ တင်ပြခဲ့ကြပါတယ်။

အဲဒီအထဲမှာ ရန်ကုန်တိုင်း ရွှေပြည်သာက ဧက ၁ သောင်းကျော် လယ်ယာမြေအသိမ်းခံရတဲ့ ကိစ္စတွေ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လုပ်သားရှားပါးမှု ပြဿနာတွေ၊ ချင်းပြည်နယ်က ရေရှားပါးမှု၊ ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေး ညံ့ဖျင်းတဲ့ ကိစ္စတွေ၊ တောင်ယာအတွက် ထိရောက်တဲ့ အကူအညီ မပေးတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက လယ်ယာမြေတွေမှာ ရေလျှံရေမြုပ်နေတဲ့ ကိစ္စတွေ၊ ရေစီးရေလာ ကောင်းမွန်အောင် တူးမြောင်းတွေ ပြန်လည်တူးဖော်ပေးဖို့ ကိစ္စတွေ၊ အညာဒေသတွေမှာလည်း လယ်တွေ ရေမရတဲ့ ကိစ္စတွေ၊ တချို့ဒေသတွေမှာတော့ လယ်သမားနဲ့ အင်းသမား ပြဿနာတွေကို တင်ပြတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

လယ်ယာမြေအငြင်းပွားမှု မပြီးဆုံးမီ မှတ်ပုံတင်လုပ်ဖို့ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာ စိုးထွန်းက တောင်သူတွေကို အခုလို အကြံပေးပါတယ်။

"မှတ်ပုံတင်ဥပဒေမှာဘာပါလဲဆိုတော့ ဒါကို မှတ်ပုံတင်ရာမှာ ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်သူမရှိရင် မှတ်ပုံတင်ပေးမယ်။ မြေယာမှတ်ပုံတင်မှာ မှတ်ပုံတင်ပြီးရင် နောင် ကန့်ကွက်လို့မရမယ့်ပုံစံမျိုး ရှိနေတယ်။ အဲတော့ ကျနော်တို့ စိုးရိမ်တာက ကြေညာချိန်မှာ သူတို့မသိလိုက်တာမျိုး ဖြစ်လာနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွန်းမေးတော့ သူက ကြေညာရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ ကြေညာမယ်။ ဘယ်တော့ကြေညာမလဲဆိုတာ မသိတော့ ကျနော်တို့ကနေ့တိုင်းသွားမကြည့်နိုင်ဘူး အဲလိုဆိုရင် ဆုံးရှူံးသွားနိုင်မလားဆိုတော့ ကျနော်က ဘာအကြံပေးလဲဆိုတော့ မြေသိမ်းခံရတဲ့တောင်သူလယ်သမားတွေ အနေနဲ့ ကန့်ကွက်တဲ့ကိစ္စကို မစောင့်ဘဲနဲ့ ကိုယ့်မှာရှိတဲ့အထောက်အထား ဒါမှမဟုတ် သက်ဆိုင်ရာ ကျေးရွာမှာရှိနေတဲ့ သက်သေတွေ၊ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေနဲ့သွားပြီး မြေယာမှတ်ပုံတင် ဦးစွာသွားတင်ဖို့လိုတယ်။ သွားတင်ပြီး ၀င်စာအမှတ်နဲ့ ရက်စွဲ မှတ်ထားပြီး ထားမယ်ဆိုရင် နောင်တချိန် တခြားလူ ကုမ္ပဏီဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် လာမှတ်ပုံတင်ရင်၊ ကိုယ့်ထက်နောက်ကျပြီးတင်ရင် ပြဿနာဖြစ်တဲ့မြေတွေကို ချန်လှပ်ထားခဲ့မယ်လို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက တရားဝင် ပြောထားတာရှိတယ်။ ကိုယ်ကဦးအောင်သွားတင်ထားရင် အလိုအလျောက်ကန့်ကွက်ပြီးသားဖြစ်တယ်။ ဒီမြေတွေကိုတော့ တရားရုံးက ဥပဒေအရဖြစ်စေ တခြားနည်းလမ်းနဲ့ဖြေရှင်းပြီးမှ မှတ်ပုံတင်ထုတ်ပေးဖို့တော့ ကျနော့်အနေနဲ့ လယ်/ဆည်ဝန်ကြီးဌာနကိုတော့ တိုက်တွန်းထားပါတယ်။"

ဒီအခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပတာဖြစ်ပြီးတော့ လယ်သမား ၅၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

by ကို​ထွေး​(ဒီဗွီဘီ)

ဒေါက်တာစိုးထွန်း



မတ်လ(၄)ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၄၆

Posted: 04 Mar 2013 09:06 AM PST

မတ်လ(၄)ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၄၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ






မတ်လ(၄)ရက်နေ့ ထုတ် ကြေးမုံသတင်းစာ

Posted: 04 Mar 2013 08:57 AM PST

မတ်လ(၄)ရက်နေ့ ထုတ် ကြေးမုံသတင်းစာ

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ