သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သျှမ်းမြောက် နမ့်ခမ်းမြို့ရှိ ဗလီကျောင်းတွင် လုံခြုံရေးများချထားနေရ

Posted: 28 Mar 2013 11:50 PM PDT

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်အတွင်း ရှိ မွတ်ဆလင် ဘုရားရှိခိုးကျောင်း တခုဖြစ်သော ဂျာမေ့ဗလီကျောင်းတွင် မတ်လ ၂၈ ရက် ညပိုင်းကစပြီးအာဏာပိုင်ဘက်မှ လုံခြုံရေးများချထားကြောင်း သတင်းရရှိသည်။
tom - 2
" ကျမတို့ရပ်ကွက် ထဲရှိဗလီ ကျောင်းလေ ရဲ နဲ့စစ်တပ်ပေါင်းပြီးအင်အား ၃၀ လောက် မနေ့ညကစပြီး လက်နက် အပြည့်နဲ့ လုံခြုံရေး ယူထားတာ တွေ့ရတယ်၊ မွတ်ဆလင်ဘာသာဝင်သူတွေက လဲ အာဏာ ပိုင်ဘက်က လုံခြုံ ရေး မယူပေးမှီ လွန်ခဲ့တဲ့ ၄ ရက်ကတည်းက သူတို့ကိုယ်တိုင် ဒုတ်တွေ ဓါးတွေကိုင်ပြီးဗလီကို လုံခြုံရေးယူထားကြတယ်၊ သူတို့ကိုကြည့်ပြီးလူတွေက လှန့်ကုန်တာပေါ့။ ကျမတို့သျှမ်းတွေက ငြိမ်းချမ်းငြိမ်းချမ်းချမ်းနေတတ်တဲ့သူတွေလေ"ဟု ပေါက်တိုက်ရပ်ကွက်နေ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

မိထ္တိလာ ဘက်ကနည်းတူ အဓိဂရုဏ်းများ ကူးစက်ပြန့်ပွား လာမည်ကို ကာကွယ်လိုတာကတစ်ကြောင်း ၊ မိထ္တိလာ ဘက်ရှိ ဆူပူသူတွေက တရုတ်နယ်စပ်ဘက် လာပြီး ဗလီများကို လာရောက်ဖျက်ဆီးမည်ဟူသော ကောဠာဟာဠ သတင်းကြောင့်လည်းကောင်း လုံခြုံရေးယူထားရခြင်းဖြစ်သည်ဟု ၄င်းသူမက ဆိုသည်။

"ဒီတရုတ်နယ်စပ်တလျှောက်ဆိုရင် မွတ်ဆလင်ဘုရားရှိခိုးကျောင်း(ဗလီ) ဟာ ဒီတခုပဲရှိတာ ၊လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာ တွင် ဆောက်လုပ်စဉ် ကန့်ကွက်ခံရပြီး ဆက်မ ဆောက် လုပ်နိုင်ပဲ ခုထိ ဒီအတိုင်းထားနေရတယ်၊ကျနော်ကတော့ ဘာ လူမျိုးရေးဘာသာရေးအဓိဂရုဏ်းများမလိုဘူး"ဟု မွတ်ဆလင်ဘာသာဝင် နီးစပ်သူ သျှမ်းလူမျိုးတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့တွင် မွတ်ဆလင်ဘာသာဝင်လူမျိုးများ ၁၀၀၀ ကျော်ခန့်ရှိနေပြီး အောင်မေတ္တာ ၊အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ပေါက်တိုက်၊ ဟိုကတ်၊ကောင်းနောင်မို ၊မိုခမ်း စသောရပ်ကွက်များတွင်နေထိုင် ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကျားဖြူ ဥက္ကဌတူ သတ်သောတရားခံများ ဆက်တိုက်ဖမ်းဆီးနေ

Posted: 28 Mar 2013 11:49 PM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူဥက္ကဌတူ ကို သတ်သော ၀ရမ်းပြေးတရားခံများကို ဆက်တိုက် ဖမ်းဆီးနေကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရသည်။
tom - 1 copy
"ခု ဖမ်းမိတာတော့ တတိယမြောက်တရားခံပါ၊ စာရေးတန်းရပ်ကွက်က အားကျိ လေ မူစယ်တဘက်ခြမ်း ဂျေကောင်မှာ တရုတ်ရဲနဲ့မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးဖမ်းလိုက်တာ ခုတော့ နမ့်ဖတ်ကာမှ မနော် ဆိုသူ ပဲကျန် တော့တာ"ဟု နမ့်ခမ်းရဲအသိုင်းအ၀ိုင်းတစ်ဦးကပြောသည်။

၎င်းအားကျိ ကို ယ္ခုလ ၂၄ရက် ကဖမ်းပြီး ၂၅ ရက်က နမ့်ခမ်းမြို့တရားရုံးတွင် ဖြောင့်ချက်ပေးပြီးပြီး ချင်းသက် ဆိုင်ရာ တရားရေး  မူစယ် ခရိုင်ကို လွဲအပ်လိုက်ကြောင်း ၊ နောက်ထပ် တရားခံပြေးကို ဖမ်းဆီးနိုင်ဖို့ သက်ဆိုင် ရာရဲတပ်ဖွဲ့က ကြိုးစားနေကြောင်း ၄င်းက ဆိုသည်။

ဖမ်းဆီးရမိသော တတိယမြောက်တရားခံ အားကျိ၏ ထွက်ဆိုဖြောင့်ချက်မှာ "အခင်းဖြစ်ပွားတဲ့နေ့တွင် ၄င်းတို့ ၄ ယောက်စလုံးက ဓါးနှင့်ခုတ်မိကြောင်း ၊ရဲအောင်ထွေးနေအိမ်တွင် သူတို့ခုတ်ခဲ့သော ၁၈ လက်မ ဓါးတစ်လက် ရှိနေကြောင်း၊ မကြာသေးမှီက ဆိုင်ကယ်စီးပြီး ရွှေဆွဲကြိုးနှင့်ပိုက်ဆံအိတ် လုယှက်မှုလဲ သူတို့ အဖွဲ့ဖြစ်ကြောင်း" အားကျိက နမ့်ခမ်းတရားရုံးတွင်ထွက်ဆိုထားသည်ဟု နမ့်ခမ်းတရားရုံး နီးစပ်သူတစ်ဦးကပြောသည်။

ဤလူသတ်မှု အမှုသည် ယ္ခုအခါ  ၇၀ ရာခိုင်နှုန်းခန့် အမှုပြီးနေပြီဖြစ်ကြောင်း၊ အများပြည်သူများကျေနပ်မှု ရှိ စေရန် နှင့် ရခိုင် ၊မိထ္တိလာဘက် ကလို လူမျိုးရေးပြဿနာများ မလိုလားသောကြောင့် သက်ဆိုင်ရာပြည်နယ် တရားသူကြီး များ နှင့်ဆွေးနွေးတိုင်ပင်ပြီး တရားမျှတစွာ တရားစီရင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေကြောင်း ၄င်းက ဆိုသည်။

၎င်းလူသတ်မှုသည် ထောင်ဒဏ်တသက်တကျွန်းအထိ ချနိုင်သော အမှုဖြစ်ကြောင်း၊ မတ်ခ်ျ မကုန်မီ နောက်တကြိမ် ရုံးတင်စစ်ဆေးဦးမည်ဖြစ်ကြောင်း မိသားစုဝင်တဦးကပြောသည်။