မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသည် ဆိုခြင်းမှာ မဟုတ်မှန်

Posted: 25 Mar 2013 04:42 AM PDT

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာအချို့၌ လူအများအပြား စုရုံးမှုများ ဖြစ်ပေါ်နေသည့် အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်သည်ဟု သတင်းများထွက်ပေါ် နေသည့်အပေါ် ယင်းသတင်းများသည် မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ "မလိုလားအပ်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်တားဆီးတဲ့ အနေနဲ့ သတ်မှတ်စည်းကမ်းတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်ဆိုတာကို ပုဒ်မ ၁၈၈ မှာဖော်

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်

Posted: 25 Mar 2013 04:18 AM PDT

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်ရပ်မှာ မတ်လ ၂၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူများက ပြောကြားခဲ့ကြသည်။ ယင်းကဲ့သို့ ဆူပူစေရန်လှုံ့ ဆော်သူများအကယ်၍ ပေါ်ပေါက် လာခဲ့သည်ရှိသော် အများပြည်သူမှ ဓာတ်ပုံရိုက်ယူ၍လည်းကောင်း၊ အ ရေးပေါ်ဆက်သွယ်၍လည်းကောင်း အနီးစပ်ဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့