သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သေဆုံးချိန်အထိ လူသတ်မှု၌မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို

Posted: 01 Mar 2013 11:16 PM PST

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည်  အဆိုပါအမှု၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

1362131009173 1362131009173 rစိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌  စိုင်းနော်ခမ်းက " သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကိုတခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ  မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေကို ပြန်သွားပြုစုစောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ" ဟု သျှမ်းဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအောင်မြင်ဘဲ မတ်လ ၁ ရက် ၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်းများက ဖော်ပြပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တော်တွင် မတ်လ ၁ ရက် ဒေသစံတော်ချိန် ၂ နာရီ ၅၅ မိနစ်၌ စိုင်းနော်ခမ်း နှင့် စိုင်းဆန်ခမ်းအား တရုတ်အာဏာပိုင်းများက ဆေးထိုးသတ်လိုက်ပါသည်။

ရုပ်အလောင်းအားသက်ဆိုင်ရာနိုင်ငံ သံရုံးမှတဆင့် မိသားစုထံပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း တရုတ်အာဏာ ပိုင်များကပြောကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများဖော်ပြပါသည်။

စိုင်းနော်ခမ်းအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးအား ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်ပြီးမကြာခင် ၂၀၁၂  ဧပြီလ ၂၄ က လာအိုနိုင်ငံ၌ အဖမ်းခံရသော ရွှေတြိဂံ မူးယစ်ရာဇာအမည်ရ သျှမ်းပြည်သား စိုင်းနော်ခမ်းအား ၂၀၁၁ အောက်တိုဘာ ၅ ရက်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုအတွက် စစ်ဆေးရန်ဟုဆိုကာ ၂၀၁၂ မေလ ၁၀ ရက်နေ့က တရုတ်နိုင်ငံအစိုးရက လွှဲပြောင်းယူဆောင်ပြစ်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။
1362131026979 1362131026979 rစိုင်းနော်ခမ်းအား ဆေးထိုးသတ်ရန်လ ၁ ရ မတ်က် ဒေသစံတော်ချိန် ၂ နာရီ ၁၉ မိနစ်က အာဏာပိုင်များ ခေါ်သွားကြစဉ် (ဓါတ်ပုံ-ရှင်းဟွာ)

စိုင်းနော်ခမ်းနှင့်အတူ လက်အောက်ငယ်သားများဖြစ်ကြသော စိုင်းအောင်မြတ်(မြန်မာအစိုးရမှ တရုတ်ပြည်သို့ ပို့ပေးသည့် နိုင်ငံသက်သေ)၊ ဆန်ခမ်း၊ ယီလိုင်း၊ ဂျဆီးကား၊ ဂျထူးပိုး၊ ဂျပိုး တို့လည်း ကူမင်းတရားရုံး၌ ရုံးတင်စစ်ဆေးခြင်းခံရပြီးနောက် ယမန်နှစ် နိုဝင်ဘာလဆန်းက စိုင်းအောင်မြတ်မှလွဲ၍ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကားတို့ အားသေဒဏ်၊ လားဟူအမျိုး သား၂ ယောက်အနက် ဂျပိုး မှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာမူ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ် ဒဏ်များ  မှတ်ခဲ့ပါသည်။

စိုင်းနော်ခမ်းက အဆိုပါ ပြစ်ဒဏ်ချမှတ်ချက်ကို အယူခံဝင်ရန် ကြိုးစားရာ ( Yunnan Provincial People's Court) တရားရုံးတော် ကပယ်ချသဖြင့် နောက်ဆုံးအနေဖြင့် ပေကျင်းမြို့တော် အမြင့်ဆုံး ပြည် သူ့တရားရုံးတော်သို့ ထပ်မံအယူခံဝင်ခဲ့သော်လည်း မအောင်မြင်ဘဲ မတ်လ ၁ ရက်နေ့ ဆေးထိုးသတ်ရန် တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့သည်။
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါ ဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ် တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည်  စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲ သောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေ နှောက်ခဲ့၏။  ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်လှုပ်ရှားခဲ့သည်မှာ ယခုကဲ့သို့ ဖမ်းဆီးစီရင်ခြင်းခံရသည့်အချိန်အထိ ဖြစ်ပါသည်။ စိုင်းနော်ခမ်း ကွယ်လွန်ချိန်တွင် အသက် ၄၅  နှစ် ရှိပါသည်။

SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့

Posted: 01 Mar 2013 11:14 PM PST

တိုက်ခိုက်နေမှုများရပ်ဆိုင်းရန် ပြည်ပသို့ခရီးမထွက်မှီ သမ္မတက ညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်  နေသော် လည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA  သတင်းရပ်ကွက်ကဆိုပါသည်။

mm-army-trucksမြန်မာ့တပ်မတော်စစ်ယာဉ်တန်း (Photo: mmmilitary.blogspot.com)

" ကျနော်တို့နယ်ထဲဝင်လာပြီး ကျနော်တို့ကိုတိုက်ခိုက်နေတဲ့ ခလရ ၃၂၂ နဲ့ ၃၃ တပ်တွေ တပ်ဆုတ် သွားပြီလို့သတင်းတွေ ထွက်နေပေမယ့် လုံးဝလျော့သွားတာမရှိပါဘူး။ အရင်ကထက် တဆ တောင်ပို များလာသေးတယ်။ အခုထပ်ရောက်လာတဲ့ အထဲမှာ ထူးခြားတာက ပွိုင့် ၅ လက်နက်တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီး၊ ၇၅ မမ တပ်ဆင်ထားတဲ့ တင့်ကား နှစ်စီးပါတယ်" ဟုရှေ့တန်းရောက် SSPP/SSA အရာရှိတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၇ - ၂၈ ရက်နေ့ က စကခ ၁၇ စကခမှူးကိုယ်တိုင်ဦးဆောင်ကာ လက်နက်ကြီးတပ်၊ အမြောက်တပ် တို့နှင့်အတူ မိုင်းရှူးမြို့၌ အားဖြည့်ထားကြောင်း လားရှိုး နှင့်  ကွန်ဟိန်းမှလာသော တပ်များ၌လည်း သံချပ်ကာကား ၂ စီး နှင့် တင့်ကား ၂ စီး ပါဝင်ကြောင်း ဒေသအတွင်းသွားလာသည့် ကားဆရာတဦးက ပြောပါသည်။

SSPP/SSA မှ  ၂၂ ရက်နေ့  သမ္မတကြီးထံ စာတင်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ  ရမခတိုင်း လက်အောက်ခံ လောက်ကိုင် ဒကစ အောက်မှ တပ်ရင်း ၆ ရင်းက တန့်ယန်းမြို့နယ်ပတ်ဝန်းကျင်နှင့် မိုင်းကောင်ဝ် မြို့ နယ်ကြားတို့တွေ အင်အားဖြည့်တင်းနေရာယူထားကြောင်း၊ ရပခ တိုင်းအောက်မှ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ နှင့် ရလခ တိုင်းအောက်မှ စကခ ၂ လက်အောက်ခံတပ်ရင်းများ စုစုပေါင်း ၁၀ ရင်း ကျော် ကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ပတ်ပတ်လည်နေရာယူထားကြောင်း SSPP/SSA ဌာနချုပ်အရာ ရှိများကလည်း ပြောပါသည်။

" ဒီနေ့လဲ မန္တလေး-လားရှိုးကားလမ်း မြောက်ဘက်ခြမ်းမှာ လဲ မြန်မာစစ်တပ်တွေ နေရာယူထားတာအများကြီးတွေ့ရတယ်။ ကျောက်မဲမြို့နယ် မိုင်းငေါ့ကနေ ယာဉ်တန်းရှည်ကြီးတက်လာတာ" ဟုလည်း လားရှိုးဒေသခံတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန်ပြည်ထောင် စုနေ့မတိုင် မှီက  အစိုးရတပ်မှ ညွှန်ကြား ရာ သျှမ်းပြည်တပ်မတော် ဘက် ငြင်းဆန် လိုက်သဖြင့် ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ် မတော်မှ ၎င်းတို့အား ၇ ကြိမ် ထက်မနည်းတက်တိုက်ခဲ့သည်။ မိမိတို့ဘက်မှ ခံစစ်အနေဖြင့်သာ ခုခံကာကွယ်ရာ တိုက်ပွဲ အတွင်း မြန်မာ့တပ်မတော်ဘက်မှ ၃၀ ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း   သျှမ်းပြည်တပ်မ တော်ဌာနချုပ်ရှိ အရာရှိ တဦးကပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ၂၀၁၂ နှစ်ဆန်းပိုင်းက အပစ်ရပ်သဘောတူကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်တပ်ဖွဲ့သည်။