ဒီမိုဝေယံ

ဒီမိုဝေယံ


ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ကြေငြာချက်

Posted: 27 Mar 2013 08:41 AM PDT

ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ကြေငြာချက်

ကျွန်တော်တို့ကလူတွေပါဗျာ ..

Posted: 27 Mar 2013 08:30 AM PDT

 
ကျွန်တော်တို့ကလူတွေပါဗျာ ..

တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊ သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊ အာဃာတတွေဘယ်လောက်ထားထား၊ အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊ ဗြဟ္မစိုရ်တရားရှိမှ
 မြင်တွေ့ရတဲ့မြင်ကွင်းလေးတွေကငြိမ်းချမ်းမှုကိုရစေတယ်လေ။ သူတို့ကတိရစ္ဆာန်တွေပါ။ အခု… ကျွန်တော်တို့ကလူတွေပါဗျာ။ 
ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ် တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။
 ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။ တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။ မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။ ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
 မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။

 ကျွန်တော်တို့ကလူတွေပါဗျာ . . . . ။ ။
 (ကျော်သူ)