March 01, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ဟံသာဝတီ ကားပွဲစားဝင်း ချိတ်ပိတ်လိုက်ပြီ

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ကားဝင်းကို ချိတ်ပိတ်၍ ဂိတ်ပေါက် တံခါးများကို ရဲများနှင့် စည်ပင် ၀န်ထမ်းများက အစောင့်ချ ပိတ်ဆို့လိုက်သည်။ Read More

 

လျှပ်စစ်မီးပုံမှန်ရရေး ပြည်မြို့ခံများ ဆန္ဒထုတ်ဖော်

ပြည်နယ်နှင့် တိုင်းဒေသများတွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းသည် သမ္မတ ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့တွင် တာဝန်ရှိကြောင်း Read More

 

တာဆန်း ရေးအားလျှပ်စစ် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိ

“စီမံကိန်း ၆ ခု လုပ်မယ်ဆိုတဲ့ အထဲမှာ တာဆန်းနဲ့ ၁၅ ကီလိုမီတာ လောက်ပဲ ဝေးတဲ့ နေရာမှာ တာဆန်းနဲ့ ပုံစံတူ အသစ် တခု တည်ဆောက်မယ့် စီမံကိန်းတခု ပါနေတယ်၊ ဒီတော့ ရှိပြီးသား စီမံကိန်းကို ဆက်မလုပ်ဘဲ ဘာဖြစ်လို့ အသစ် လုပ်ရ တာလဲ ဆိုတာ သိချင်လို့ မေးတာ၊ ဒု ၀န်ကြီးက ရှောင်လွှဲဖြေတယ်” Read More

 

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု စွပ်စွဲပြောဆို ခဲ့သည်။ Read More

 

အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည် သင့်မြတ်ရေး ဒက်စမွန်တူးတူး ပြော

ကျူးလွန်ခဲ့သူများထဲမှ အထူးသဖြင့် အရပ်ဖက် အဖွဲ့အစည်းမှ လူများ၊ ရာထူးငယ်သူများသာ လာရောက် ၀န်ခံကြောင်း၊ စစ်တပ်နှင့် ရာထူးကြီးသူများက ၀န်ခံမှု မရှိခဲ့သည်ကို ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ပွင့်လင်းစွာ ရှင်းလင်း Read More

 

လူရည်ချွန် စီမံကိန်း ပြန်စ

နှစ်ပေါင်း ၂၅ နှစ်ကြာ ရပ်နားထားခဲ့သည့် လူရည်ချွန် စီမံကိန်းကို အစိုးရသစ် ပညာရေး ၀န်ကြီးဌာနက ၂၀၁၂ – ၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ ပြန်လည် အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ Read More

 

အုပ်ချုပ်ရေး အထောက်အကူပြု ကော်မတီ ရပ်/ကျေး အဆင့်အထိ ဖွဲ့မည်

“မြို့နယ်နဲ့ ရပ်/ ကျေးအဆင့် အုပ်ချုပ်ရေး အဖွဲ့တွေကနေပြီးတော့ လူထုနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက် နိုင်အောင်ပါ။ မြို့နယ်တွေမှာ အများဆန္ဒနဲ့ လုပ်နိုင်ကိုင်နိုင်အောင် လူထုလူတန်းစား ကိုယ်စားလှယ်တွေကို ၇ ဦးကနေ ၉ ဦးအထိ ပါဝင်ခွင့် ပေးထားတယ်” Read More

 

ဖို့ဒ် ကားကုမ္ပဏီ မြန်မာပြည်တွင် အရောင်းပြခန်း ဖွင့်မည်

ဖို့ဒ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ နီးလ် မက္ကာသီက “ဖို့ဒ် ကုမ္ပဏီ မြန်မာပြည်ကို ၀င်ဖို့ အရှိန်ယူနေပါပြီ” ဟု AP သတင်းဌာနသို့ ပြောဆို ထားသည်။ ပြည်တွင်းတွင် ရောင်းချပေးမည့် သူလည်း ရှိပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသော်လည်း အသေးစိတ်ကိုမှု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ Read More

 

နန်းခင်ဇေယျာကို မြန်မာဘောလုံး အဖွဲ့ချုပ် သံတမန် ခန့်အပ်

ကျနော်တို့ ပစ်မှတ်ကတော့ ကျနော်တို့လုပ်တဲ့ Promotion တွေကို လက်တွဲပြီး လုပ်ဆောင်ဖို့ ပရိတ်သတ်တွေကို ဖိတ်ခေါ်မှုကို ပိုထိရောက်တယ်။ သူ့ပရိသတ် ၁ သန်းလောက်ရှိတဲ့ အထဲက ကျနော်တို့ဆီကို ၂ ရာခိုင်နှုန်းလောက် ရောက်လာရင်လည်း ကျနော်တို့ရဲ့အားပေါ့ Read More

 

စာဟောရာသီ စစ်တမ်း

ငါးစိမ်းသည် ရန်တွေ့ ဆိုသကဲ့သို့ စင်ပေါ်မှနေ၍ အတုံးလိုက်၊ အတစ်လိုက်၊ ချိုးဖဲ့ တိုက်ခိုက် စိန်ခေါ်ခြင်းကား စာပေဟောပြောပွဲ၏ ဂုဏ်ကို ချိုးဖောက်ရာလည်း ကျသည်။ Read More

 

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီလား

အဆက်မပြတ် တောင်းဆိုမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ အခြေအနေကို မကိုင်တွယ်နိုင်ဘဲ သေကြေ ဒဏ်ရာရမှုတွေအထိ ဖြစ်ပေါ်နေတာကို ထိပ်ပိုင်းအစိုးရနဲ့ မြန်မာနိုင်ငံ ရဲချုပ် ကျော်ကျော်ထွန်း တို့လို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေက ဘယ်လို ဆောင်ရွက်သင့်နေပြီလဲ။ Read More

 

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ယာယီကော်မတီ ဖွဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်တွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ယာယီ ကော်မတီကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ ယင်းကော်မတီတွင် သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ စာရေးဆရာများ အပါအဝင် ၁၅ ဦးဖြင့် ဖွဲ့ စည်းထားပြီး လိုအပ်ပါက ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း၊ ရခိုင်တမျိုးသားလုံး လက်ခံနိုင်သည့် အမျိုးသားနေ့ သတ်မှတ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကော်မတီဝင် တဦးဖြစ်သည့် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။ အဆိုပါ ကော်မတီဖွဲ့ရေး ဆွေးနွေးပွဲသို့ ဥပဒေပညာရှင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပါတီ ဗဟိုကော်မတီဝင်များနှင့် စိတ်ဝင်စားသူ ၅၀ ခန့် တက်ရောက်ကြောင်း သိရသည်။ Read More

 
 

အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း တရားဝင်ကန့်ကွက်ပြီ

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွထြားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်း၊ သတင်းမီဒီယာ များကို ပြန်ကြားရေးဝန်ကြီးဌာန ချုပ်ကိုင်ခြင်း ဆိုသော ယခင် ၁၉၆၂ ခုနှစ် ဥပဒေကို ပြန်လည် Read More

 
 

ပုဂ္ဂလိက သတင်းစာ ၈ စောင် စတင်ထုတ်ဝေခွင့်ပြု

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာ ၈ ခုကို ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်များ စတင်ချထားပေး လိုက်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ထံမှ သိရှိရသည်။ Read More

 
 

ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းသို့သွားရောက်

မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် တောင်အာဖရိက နိုင်ငံမှ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရခဲ့သည့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ Read More

 
 

ဦးသိန်းစိန် မိန့်ခွန်း ရေဒီယိုများမှ ထုတ်လွှင့်မည်

နိုင်ငံတ၀န်းရှိ ပြည်သူများသို့ ပြောကြားသည့် သမ္မတ ဦးသိန်းစိန် ၏ မိန့်ခွန်းကို မတ်လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်နေ့တို့တွင် ရေဒီိယို အစီအစဉ်များမှ ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

အိန္ဒိယက မြန်မာနှင့် လမ်းတည်ဆောက်ရေး တိုးမြှင့်မည်

အိန္ဒိယ က မြန်မာအပါအ၀င် အာဆီယံနိုင်ငံများနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ရန် လမ်းပိုင်း တည်ဆောက်ရေးကို တိုးမြှင့် သွားမည်ဖြစ်ကြောင်း Express News Service တွင် ဖော်ပြထားသည်။ Read More

 
 

ဟံသာဝတီ ကားပွဲစားဝင်း အတွင်းသို့ ကားဝင်ထွက်ခွင့် အာဏာပိုင်များ ပိတ်ပင်၊ ဆန္ဒပြမှုများ အရှိန်အဟုန်မြှင့်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယနေ့မတ်လ ၁ ရက်နေ့မှ စတင်ပြီး ဟံသာဝတီ ကားပွဲစားဝင်း အတွင်းသို့ ကားများ ၀င်ရောက်ခြင်း မပြုနိုင်ရန် အ၀င်၊ အထွက်တံခါးများ အားလုံးကို ပိတ်ပင်ပြီး စည်ပင်နှင့် လုံထိန်းရဲများကို ကားဝင်ပတ်ပတ်လည်တွင်ချထား လိုက်သည်။ Read More

 
 

ဖို့ဒ် ကားကုမ္ပဏီ မြန်မာပြည်တွင် အရောင်းပြခန်း ဖွင့်မည်

နာမည်ကြီး အမေရိကန် ဖို့ဒ် ကားကုမ္မဏီ (Ford Motor Co) သည် မြန်မာနိုင်ငံ၌ လာမည့်မေလအတွင်း ကားအရောင်းပြခန်း လာရောက် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။