March 13, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းခရီး ဆန္ဒပြမှုနှင့် ကြုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ကြေးနီစီမံကိန်း တည်ရှိရာ အနီးတဝိုက်ရှိ ဒေသခံများနှင့် ယနေ့ တွေ့ဆုံပြီး ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့သော အစီရင်ခံစာ အကြောင်း ရှင်းလင်း တင်ပြချိန်နှင့် တပြိုင်နက်တည်း အစီရင်ခံစာ အပေါ် ဆန့်ကျင် ဆန္ဒပြမှုနှင့် ကြုံခဲ့ရသည် Read More

 

ဂျော်ဒန် မြန်မာ အလုပ်သမားအရေး ဖြေရှင်းချက် လက်တွေ့နှင့် ကွဲလွဲ

ပြည်သူ့ လွှတ်တော်တွင် ယမန်နေ့က ဂျော်ဒန်ရှိ မြန်မာ အလုပ်သမား အရေး ဆွေးနွေး ဖြေကြားချက်များသည် လက်တွေ့နှင့် ကွဲလွဲမှုများ ရှိကြောင်း ဂျော်ဒန်ရောက် ဆန္ဒပြ အလုပ်သမားများက ဧရာဝတီကို ပြောသည်။ Read More

 

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံ KIO ရှင်းလင်း

တရုတ်နိုင်ငံ ရွှေလီမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံများကို KIO ဗိုလ်ချုပ်ဂွန်မော်နှင့် ကိုယ်စားလှယ်အဖွဲ့က လိုင်ဇာမြို့ရှိ ကချင်ပြည်သူတို့အား ရှင်းလင်းတင်ပြ ခဲ့သည်။ Read More

 

ကယားနှင့် မွန်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ကျယ်ပြန့်လာ

ဘိန်းစာပင် ကိုင်းဆက် မျိုးပွားနည်းဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးရောင်းချနေကြ၍ တက္ကသိုလ် ကျောင်းသားများ၊ အထက်တန်းကျောင်းသား လူငယ်များ သုံးစွဲမှု များပြားနေကြောင်း၊ မိန်းကလေး တချို့ပင် ဘိန်းသုံးစွဲမှု ရှိသည်ဟု သိရှိရကြောင်း ဦးနိုင်ငွေသိန်းက ပြောသည်။ Read More

 

ငွေဆောင်ဟိုတယ်ဇုန် မြေသိမ်းမှု ဖြေရှင်းပေးရန် တောင်းဆို

မြေယာများကို သိမ်းဆည်းစဉ်က မြို့နယ်အဆင့်သာဖြစ်ပြီး ဦးပိုင်ကုမ္ပဏီ လက်ထဲ မည်သို့မည်ပုံ ရောက်ရှိသွားသည်ကို မသိရကြောင်းနှင့် သဘောမတူဘဲ မြေယာများကို အမည်ပြောင်းလဲရယူပါက ရသည့်နည်းဖြင့် ကန့်ကွက်သွားမည်ဟု သိရသည်။ Read More

 

ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၈ ဦးကို ကယ်တင်

“တနိုင်ငံတည်းသား (မြန်မာ) ပွဲစားက မိန်းကလေးတွေရဲ့ မိဘတွေဆီကနေ ဘတ်ငွေ ၃ သောင်းပေး ခေါ်လာပြီးတော့ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ လုပ်ခိုင်းတာ ဖြစ်တယ်” ဟု ကယ်တင်ထားသည့် မိန်းကလေးများ၏ ထွက်ဆိုချက်ကို ကိုးကား၍ ဗိုလ်မှူးချုပ် ချဝလစ်က ဆိုသည်။ Read More

 

ခရမ်းလွန် ရောင်ခြည်ကြောင့် အစိုးရိမ် မပိုစေလို

အမျိုးသား အနေဖြင့် ကလေးမရနိုင်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်း၊ မျက်စိကွယ်ခြင်းများ ဖြစ်နိုင်သည်ဟု ပြောခြင်းကို အရေပြား အထူးကု ဆရာဝန်များနှင့် အထွေထွေရောဂါကု ဆရာဝန်များက ထိုသို့ လွယ်ကူစွာ မဖြစ်နိုင်ကြောင်း ပြောသည်။ Read More

 

မသန်စွမ်းသူများ အခွင့်အရေးနှင့် ဥပဒေ ပြဌာန်းချက် လိုအပ်

“လိုင်းကားတွေက ခရီးသည်ရအောင် အတင်း လုမောင်းနေကြတယ်၊ မျက်မမြင်တွေက လိုရာခရီး ရောက်အောင် သွားလိုပေမယ့် မသန်စွမ်း တယောက်ကို ဘယ်သူမှ ကားပေါ် မတင်ချင်ဘူး” Read More

 

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

“သူတို့ကို ပေါင်းရှင်း လုပ်အားပေး ခိုင်းနေရာကနေ ထွက်ပြေးသွား တာလို့ပြောတာပဲ၊ ၃ ယောက်တော့ပြန်မိတယ်၊ ကျန်တဲ့ လူတွေက တော့ရှာလို့မရဘူး၊ ကျနော်တို့လည်း ဝိုင်းလိုက်ပေးသေးတယ်၊ မိုးချုပ်သွားတာနဲ့ ရှာလို့မတွေ့တော့ ပြန်လာတာ” Read More

 

ဘဝ ပျောက်ဆုံးနေတဲ့ ကလေးများ

ကျမတို့ဟာ ဆင်းရဲတဲ့၊ မကျွေးနိုင်တဲ့ မိဘများရဲ့ သားသမီးတွေကို အ၀တ်လေး နည်းနည်းဆင်၊ ၀၀ ကျွေးရုံနဲ့ ခိုင်းလို့ ရတယ်လို့ သိနေကြပါတယ်။ ခိုင်းလည်း ခိုင်းနေကြပါတယ်။ Read More

 

သမိုင်းဝင်နိုင်ပွဲနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ ဘောလုံးပိုင်ဆိုင်း ၆၈ ရာခိုင်နှုန်းရှိပြီး အေစီမီလန် အသင်းကတော့ ၃၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကွင်းလယ်မှာ ဘာစီလိုနာ အသင်းသာ စိုးမိုးခဲ့ပြီး အေစီမီလန်အသင်းဟာ ပွဲစကနေ ပွဲဆုံးအထိ ခံစစ်နဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။ Read More

 

အင်းလေး ဟိုတယ်ဇုန် စီမံကိန်းနှင့် ဒေသခံ အင်းသားများ အနာဂတ်

အင်းလေးကန်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာထိုးက “အင်းအရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းရော ရွာပေါင်း ၄၀ ကျော် ၅၀ လောက်က နေ့စဉ် ရေပေါ်နေပြီး ရေငတ်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေနေရမှာပါ” ဟု ပြောသည်။ Read More

 

မြန်မာနိုင်ငံရဲ့ ပထမဆုံး လူအခွင့်ရေးလက်စွဲစာအုပ် မိတ်ဆက်ပွဲ (ရုပ်/သံ)

လူတိုင်း သိသင့်သည့် လူအခွင့်ရေး သီအိုရီများ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်ရေး စာချုပ်များပါဝင်တဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြန့်ချိမယ့် လူ့အခွင့်ရေး လက်စွဲစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ဧရာဝတီ ရုပ်သံက ရိုက်ကူး တင်ဆက်ထားပါတယ်။ Read More

 

ထိုင်း-မြန်မာ အာရှ အဝေးပြေးလမ်းမကြီး ဧပြီ လကုန် အပြီးသတ်မည်

ထိုင်း-မြန်မာ ပူးပေါင်းဆောက်လုပ်နေသည့် အာရှ အဝေးပြေးလမ်းမကြီး စီမံကိန်း လုပ်ငန်းများကို ၂၀၁၄ တွင် အပြီးသတ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ အတည်ပြုချက်ကို ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ Read More

 
 

လပ်ပံတောင်း အစီရင်ခံစာနှင့် ပတ်သက်၍ ဦးပိုင် သဘောထားထုတ်ပြန်

လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအား ၂ဝ၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီးနောက် ထိုစီမံကိန်းကို လုပ်ဆောင်နေသော မြန်မာ့စီးပွားရေး Read More

 
 

ဦးရွှေမန်းနှင့် ကုလသမဂ္ဂ အဖွဲ့များ ဆင်းရဲမွဲတေမှု လျှော့ချရေး ဆွေးနွေး

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ ၆ ဖွဲ့ ယမန်နေ့က တွေ့ဆုံသည်။ ဘရာဇီးလ် နိုင်ငံ သံအမတ်ကြီး အံတိုနီရို မားကွက်စ် ပေါ်တို ဦးဆောင်သည့် Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။