March 20, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

မိတ္ထီလာတွင် ခိုက်ရန်ဖြစ်ရာက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

ရွှေရောင်းချရာတွင် စကားများ ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သည့် ရုန်းရင်း ဆန်ခတ်ဖြစ်မှုကို လုံခြုံရေးရဲတပ်ဖွဲ့က နောက်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး အမှုအခင်း စတင် ကျူးလွန်သူများကို ထိန်းသိမ်းထားပြီး ဒဏ်ရာရသူများကို ဆေးဝါး ကုသပေးနေကြောင်း သတင်းရရှိသည်။ Read More

 

နိုင်ငံတကာ ကုန်သွယ်ရေး မြှင့်တင်ရန် စီးပွားရေးသံမှူးများ ခန့်အပ်မည်

ကုန်သွယ်ဘက် နိုင်ငံ ၁၀ နိုင်ငံရှိ သံရုံးများတွင် ကုန်သွယ်ရေးနှင့် ဆိုင်သော စီးပွားရေး သံမှူးများ ခန့်အပ်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း Read More

 

အစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ဟုဆို

တိုင်းရင်းသားများနှင့် မြန်မာအစိုးရအကြား ယုံကြည်မှုရရှိလာစေရန် ထပ်မံကြိုးစားပြီး ကျန်ရှိနေသေးသည့် တိုင်းရင်းသား များကိုလည်း ပါဝင်လာနိုင်ရန် ပြုလုပ်သွားမည် Read More

 

FEC ရုပ်သိမ်းမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေထားသော နိုင်ငံခြား ငွေလက်မှတ် FEC (Foreign Exchange Certificate) သန်း ၃၀ ကျော်ကို ယခု မတ်လ အတွင်းတွင် ပြန်လည် ရုပ်သိမ်းမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုလိုက်သည်။ Read More

 

လယ်မြေ သိမ်းဆည်မှုများ ဥပဒေနှင့် မညီကြောင်း ဆက်လက် ဖော်ထုတ်

လှိုင်သာယာက FMI City တည်ဆောက် ထားတာတွေ၊ ပန်းလှိုင်ဂေါက်ကွင်း တည်ဆောက် ထားတာတွေဟာ လန-၃၉ မကျဘဲ လုပ်ဆောင် ထားတာတွေ ထွက်ပေါ်လာတယ်။ ဒါတွေဟာ ဥပဒေကြောင်း အရ ဘယ်လိုမှ တရားမ၀င်တဲ့ လုပ်ရပ်တွေပါ Read More

 

အစိုးရ အခြေခံပညာရေးစနစ် ပြောင်းလဲသင့်ပြီဟု ဆို

အစိုးရ ကျောင်းများတွင် ဆရာများ၏ သင်ကြားမှုပုံစံကို မကြိုက်ခြင်း၊ အချိန်ပို ကျူရှင်ယူရခြင်းတို့ကြောင့် ဘ၀ အာမခံချက် မပေးနိုင်သော အစိုးရ ပညာရေးကို အားကိုးရန် ကျောင်းသား မိဘများက တွန့်ဆုတ်လျက် ရှိသည် Read More

 

SSA တောင်ပိုင်း တပ်စခန်း အစိုးရတပ် ထပ်ရွှေ့ခိုင်း

ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ၏ တောင်းဆိုမှုကြောင့် ဆုတ်ပေးခဲ့ရပြီးနောက် လွိုင်မို့နန်းလျန်း တပ်စခန်းကို ထပ်မံ ဆုတ်ပေးရန် တောင်းဆို လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ Read More

 

ရခိုင်ပဋိပက္ခ အစီရင်ခံစာ မတ်လကုန်ပိုင်း ထုတ်ပြန်မည်

“ဒီလကုန်ရင် သမ္မတဆီ အစီရင်ခံစာတင်ပြီးမှပဲ အသေးစိတ်ကို ထုတ်ပြန် ပြောဆိုလို့ရမှာပါ”ဟု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။ Read More

 

မြန်မာ့ ရေနက်ဆိပ်ကမ်း တရုတ်ကို ထိုင်း မယှဉ်နိုင်

ထားဝယ်တွင် ရေနက်ဆိပ်ကမ်း ဆောက်လိုသည့် ထိုင်းနိုင်ငံ၏ စိတ်ကူးမှာ ပျက်ပြယ်မည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။ ဂျပန်လူမျိုး ရင်းနှီး မြှုပ်နှံသူများက စိတ်ဝင်စားမှု နည်းပါးခြင်း၊ မြန်မာနှင့် တရုတ်နိုင်ငံများက ရင်းနှီး မြှုပ်နှံမှုများသာ ပိုမိုပြုလုပ်လာခြင်းကြောင့် ဖြစ်သည်။ Read More

 

ဘဏ် ချေးငွေ အတိုးနှုန်း လျှော့ချနိုင်မလား

အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF(International Monetary Fund) ၏ အကြံပေးချက် အရ ဘဏ်ချေးငွေ အတိုးနှုန်းများကို လျော့ချသွားရန် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ညိနှိုင်း ဆွေးနွေးလျက် ရှိသော်လည်း ယခုထိ မဆုံးဖြတ်နိုင် ဖြစ်နေရသည်။ Read More

 

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြု စနစ်က ဗဟိုပြုလွန်း လှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။ Read More

 

အဖြေပေးထားသော သင်္ချာတပုဒ်

ကြေးနီသည် လည်းကောင်း၊ ဒေါ်လာသည် လည်းကောင်း အရေးကြီးသလို ပြည်သူလူထု၏ စိတ်နှလုံးသာယာ ချမ်းမြေ့မှုဆိုသော “တန်ဖိုး”သည်ကား အရေး အကြီးဆုံးဟု ဆိုလိုခြင်း ဖြစ်သည်။ Read More

 

မန်မိုရီစတစ်ကလေးတွေ ဘယ်ကလာ

တရက်ကို မန်မိုရီစတစ်ပေါင်း သုံးရာလောက် ပြီးအောင် လုပ်ရတယ်။ မပြီးရင် ထောင်သားထဲက ပြန်ခန့်ထားတဲ့ အလုပ်ကြပ်က နံပါတ်တုတ်နဲ့ ရိုက်တယ် Read More

 

မျက်မမြင်တွေ အတွက် သင်တန်းကျောင်း (ရုပ်/သံ)

မျက်မမြင်များ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် အတွက် လေ့ကျင့် ပျိုးထောင်ပေးပြီး အသက် မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ကြားပေးနေတဲ့ ခ၀ဲခြံက မျက်မမြင်သင်တန်းကျောင်း အကြောင်းကို ဧရာဝတီက ရုပ်သံ ရိုက်ကူး တင်ဆက်ထားပါတယ်။ Read More

 

ပြောင်းတာ ပိုကောင်းတယ်

Read More

 

ဒဲရစ် မစ်ချဲလ် ရန်ကုန်တက္ကသိုလ်တွင် ဟောပြော

အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ် သည် မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေး ဒီပလိုမာ သင်တန်းသား ၁၀၀ ကျော်တို့အား ပထမဆုံး အကြိမ်အဖြစ် ၁၉ ရက်နေ့က ဟောပြောခဲ့ကြောင်း Read More

 
 

ကမ္ဘာ့လက်နက် တင်ပို့သော ထိပ်တန်း ၅ နိုင်ငံတွင် တရုတ် ပါဝင်လာ

ကမ္ဘာ့လက်နက်တင်ပို့သော နိုင်ငံများ စာရင်းတွင် တရုတ်သည် အဆင့် ၅ သို့ စာရင်းဝင်လာကြောင်း ရိုက်တာ သတင်း တရပ်တွင် ဖော်ပြထားသည်။ စစ်အေးကာလ ပြီးဆုံးပြီးနောက် လက်နက်တင်ပို့ ရောင်းချမှု အမြင့်ဆုံး အဆင့်ကို ရောက်ရှိလာခြင်း Read More

 
 

မြန်မာ့ ရေတပ် မလေးရှား LIMA 2013 စွမ်းရည်ပြပွဲ သွားမည်

မြန်မာ့ တပ်မတော်(ရေ)က မလေးရှားနိုင်ငံ လန်က၀ီ ကျွန်းတွင် ကျင်းပမည့် LIMA 2013 ၂၀၁၃ ခုနှစ် ၁၂ ကြိမ်မြောက် ရေတပ် ၊ လေတပ် ဆိုင်ရာ စွမ်းရည်ပြပွဲ နှင့် လက်နက်ပစ္စည်းများ ပြသပွဲသို့ သွားရောက်ရန် ရှိကြောင်း သတင်းရသည်။ Read Mo re

 
 

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာ့မြေပေါ် ကျဆုံး အမေရိကန် စစ်သားအလောင်းများ ရှာဖွေ

ဒုတိယ ကမ္ဘာစစ်အတွင်းကာလက မြန်မာ့မြေ ပေါ်တွင် ကျဆုံးခဲ့သော အမေရိကန် စစ်သားများ၏ ရုပ်အလောင်း ရှာဖွေရေး လုပ် ငန်းစဉ်များကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း အေပီ သတင်းတရပ်၌ ဖော်ပြထားသည်။ Read More

 
 

ထူးက လေကြောင်း ပညာသင် ထောက်ပံ့ရေး စီစဉ်

လေယာဉ်မောင်း အတတ်ပညာနှင့် လေကြောင်း ပညာ ဆည်းပူးလိုပြီး ပညာသင်စရိတ် မတတ်နိုင်သူ မြန်မာနိုင်ငံသား မျိုးဆက် သစ် လူငယ်များအတွက် Htoo Foundation က ပညာသင် ထောက်ပံ့ရေး အစီအစဉ် Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။