March 21, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

မိတ္ထီလာအရေး စိုးရိမ်နေရဆဲ

မိတ္ထီလာ အရေး ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး ရဲတပ်ဖွဲ့ကလည်း ရုန်းရင်း ဆန်ခတ်မှုများကို အပြီးသတ် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသေးကြောင်း သိရသည်။ Read More

 

၂၀၁၅ တွင် ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ချင်းပါတီနှစ်ခု ပူးပေါင်းတော့မည်

အခု ချင်းပြည်နယ် အစိုးရက ကြံ့ခိုင်ရေး ပါတီက ဖွဲ့ထားတာ။ ပြီးတော့ ပြည်နယ် အစိုးရ ပါတီက ပြည်ထောင်စု အစိုးရကို ဖွဲ့တဲ့ပါတီပဲ ဖြစ်နေတယ်။ တခုခုဆိုရင် နေပြည်တော် မျက်နှာပဲ ကြည့်နေတော့ အလုပ်တွေနှောင့်နှေးတယ် Read More

 

ဧပြီ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန် ၅ ရာခိုင်နှုန်း လျှော့ပေးတော့မည်

“ကောက်ခံမှုမှာ ကုမ္ပဏီတခုကို သူတို့ရတဲ့ ၀င်ငွေစုစုပေါင်းထဲက တိုက်ရိုက်ကုန်ကျငွေ၊ သွယ်ဝိုက် ကုန်ကျငွေ၊ အုပ်ချုပ်ရေးပိုင်း ကုန်ကျငွေတွေနဲ့ ဈေးလျှော့ ရောင်းချမှုတွေကို နုတ်ပြီး ကျန်တဲ့ငွေအပေါ်မှာ အခွန်ကောက်တယ်။ ဒီအပေါ်မှာ လျှော့ချသွားမှာပါ” Read More

 

ထိုင်းရှိ မြန်မာ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ရရေး ကြိုးပမ်း

ထိုင်းနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ထောင်ဒဏ်ချမှတ် ခံထားရသည့် မြန်မာနိုင်ငံသား ၃၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် မြန်မာ အစိုးရက ကြိုးပမ်းနေကြောင်း သိရသည်။ Read More

 

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း Read More

 

ရဲမှူးတဦး အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရ

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာတွင် ရဲစခန်းမှူး တဦးက ရွာခံ အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ္မ ပြုကျင့်မှုဖြင့် စွပ်စွဲ တိုင်ကြားမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ Read More

 

တရားမဝင် ရွှေတူးဖော်သည့် တရုတ်နိုင်ငံသားများ စစ်တပ်က ဖမ်းမိ

ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အနီးက ရွှေမှော်များတွင် တရားမဝင် ဝင်ရောက်၍ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၀ ကျော်ကို ဒေသခံ အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း အစိုးရအဖွဲ့များ ကပြောသည်။ Read More

 

ဒိန်းမတ် လူမှုကူညီရေးအဖွဲ့ ရခိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံရှင်းလင်း

NGO တွေအနဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာ တခြား အဖွဲ့အစည်းတွေ ရှိနိုင်ပေမဲ့ အဲဒီအဖွဲ့တွေထဲမှာ မိမိတို့အဖွဲ့ မပါဝင်ကြောင်းနဲ့ ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဘက်စလုံးကို မျှမျှတတ ကူညီပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ပြောတယ် Read More

 

ကျင့်ဝတ် မလိုက်နာသည့် မီဒီယာများ တရားစွဲဆိုခံရနိုင်သည် ဟုဆို

ကျင့်ဝတ် မလိုက်နာလည်း ဘာဖြစ်လဲ၊ ကြိုက်သလို လုပ်မှာပဲ ဆိုတဲ့ လူတွေကြောင့် သတင်းစာ ဆရာတွေကို မယုံတာ၊ အထင်သေးတာ ရှိနေဦးမှာပဲ Read More

 

မြန်မာ့ရုပ်ရှင်အတွက် နိုင်ငံတကာ အထောက်အပံ့များ ရရှိရန် ခက်ခဲနေသေး

ကူညီမယ့် လက်များကို မျှော်လင့်နေပါတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ကြောင်း သတင်းစာမှာ ကြော်ငြာထားပေမယ့် ဘယ်သူကမှ လာရောက်ပူးပေါင်း ကမ်းလှမ်း တာမျိုး မရှိသေးဘူး Read Mor e

 

ဆိုရှယ်မီဒီယာမှာ ကျင့်ဝတ်ရှိစရာ လို မလို

လူတိုင်း ၀င်ရေးနိင်တာကြောင့် ဟုတ်တာရော မဟုတ်တာရော သင့်တာရော မသင့်တာရော ဆဲတာရော ခြောက်တာရော ရိုင်းတာရော ပုဂ္ဂိုလ်ရေး အပုပ်ချတာရော အသရေဖျက်တာပါ စသဖြင့် ရေးကြတာကို တွေ့နိုင်ပါတယ်။ Read More

 

GW နာမည်နဲ့ မူဝါဒပြောင်း (ရုပ်/သံ)

မျိုးဆက်သစ် လူငယ်များ အစည်းရုံးရဲ့ နာမည် ပြောင်းလဲခြင်းနှင့် မူဝါဒ ပြောင်းလဲခြင်း သတင်စာ ရှင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ၅၂ လမ်းမှာ ရှိတဲ့ Generation wave ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို ဧရာဝတီ ရုပ်သံက ရိုက်ကူး တင်ဆက်ထားပါတယ်။ Read More

 

မိတ္ထီလာ ပဋိပက္ခအရေး အမေရိကန် သံရုံး ကြေညာချက် ထုတ်ပြန်

မန္တလေးတိုင်း၊ မိတ္ထီလာတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်း ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ Read More

 
 

နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် အကောင်အထည် ဖော်ရေး စည်းဝေး

နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ပေးရေး အကောင်အထည်ဖော်ရန် အစည်းအဝေးကို ယနေ့ နေ့လည်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ကျင်းပကြောင်း သိရသည်။ Read More

 
 

လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ အစည်းအဝေး ကျင်းပ

ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် လူကုန်ကူးမှု၊ ယင်းနှင့် ဆက်စပ်သော မူခင်းများ ပူးပေါင်းတိုက်ဖျက်ရေးနှင့် တရားစွဲဆိုရေးဆိုင်ရာ ကိစ္စများအတွက် မြန်မာရဲတပ်ဖွဲ့နှင့် ထိုင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ မတ်လ ၂၀ ရက်နေ့မှ Read More

 
 

လက်ပံတောင်း မြေလျော်ကြေး သိန်း ၉ ထောင်ကျော်အထိ ပေးအပ်ပြီး

လက်ပံတောင်း ကြေးနီစီမံကိန်း လယ်မြေသိမ်းခံ ဒေသခံများအား လျော်ကြေးငွေများကို ကာလပေါက်ဈေးဖြင့် ပေးလျက်ရှိရာ မတ်လ ၁၆ ရက်မှ ၁၉ ရက်အတွင်း ကျေးရွာအုပ်စု ၆ စုတွင် လျော်ကြေးငွေ ကျပ် ၉၅၈၉ သိန်း ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။