[mrsorcerer:37439] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာ့ပညာရေးနှင့် အင်္ဂလိပ်စာ၏ အခန်းကဏ္ဍ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/1
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ့ပညာရေးနှင့် အင်္ဂလိပ်စာ၏ အခန်းကဏ္ဍ
To: lubo601@gmail.com


စကားနပန်း အစီအစဉ်ကဲ့သို့ "ပညာရေးမှာ ဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်တာကောင်းတယ်/ အင်္ဂလိပ်လိုမသင်တာကောင်းတယ်"လို့ ဂျာနယ်စာမျက်နှာများမှ ဆောင်းပါးများနှင့်ပတ်သက်လို့ ကျွန်တော့်
သဘောထားအမြင်ပါ၊ online ပရိတ်သတ်များလည်း comment များနဲ့ ပါဝင်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ် ပါတယ်။

မြန်မာ့ပညာရေးနှင့် အင်္ဂလိပ်စာ၏အခန်းကဏ္ဍ
ယခုဆောင်းပါးကို Hot News ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၁၆)၊ စာမျက်နှာ ၃၈ တွင်ပါရှိသော ဇော်မျိုးလှိုင် (ရူပဗေဒဌာန၊ ဒဂုံတက္ကသိုလ်) ၏ "အင်္ဂလိပ်စာနှင့် မြန်မာ့ပညာရေးအနာဂတ် ဘယ်လို စခန်းသွား မလဲ" ဆောင်းပါးကို ဖတ်ရှုပြီး ကတည်းက ရေးသားရန် အစီအစဉ်ရှိသော်လည်း "ပညာရေးပြောင်းလဲရေး အတွက် အကြံပြုတင်ပြချက်များ" ဆောင်းပါးကို ရေးသားနေသလို

ယခု တင်ပြမည့် အကြောင်းအရာ များသည် ပညာရေးပြောင်းလဲရေးအတွက် အကြံပြုတင်ပြချက်များ ထဲမှ အစိတ်အပိုင်းတစ်ခုလည်းဖြစ် ပါသည်။ သို့ရာတွင် မူလဆောင်းပါး မပြီးပြတ်မီ ပညာပဒေသာဂျာနယ် အတွဲ(၂)၊ အမှတ်(၁) တွင် ဆောင်းပါးရှင် ဆရာ မြတ်မိုး "ပြောကြည့်ချင်တယ် (၉)" ဆောင်းပါးကို ဖတ်ရှုရသောအခါ စာရေးသူသည် အင်္ဂလိပ်ဘာသာစကား လေ့လာနည်းလမ်းညွှန်များကို နားလည်သလောက် ဆောင်းပါး များရေးကာ မျှဝေနေသလို၊ အင်္ဂလိပ်ဘာသာစကား သင်ကြားသည့် ဆရာ တစ်ယောက်အဖြစ်လည်း အသက်မွေးဝမ်းကြောင်းပြုနေသူ ဖြစ်သည့် အတွက် မြန်မာ့ပညာရေးတွင် အင်္ဂလိပ်စာ၏အခန်းကဏ္ဍကို စာရေးသူ နားလည်သလောက် ဆွေးနွေးလိုပါသည်။
ဆောင်းပါးရှင် ဆရာ မြတ်မိုးက "အင်္ဂလိပ်စာဟာ လူအများတတ်ထားသင့်တဲ့ ဘာသာဖြစ်ပါတယ်။ ဘယ်ပညာရေးအဆင့်မှာ ဘယ်လိုသင်ကြားပေးသင့်သလဲဆိုတာကိုသာ စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်" စဖွင့်ထားပြီး ယခင်က ဆောင်းပါးတွင် ရေးခဲ့ပြီးဖြစ်သည့် "အင်္ဂလိပ်စာကို မူလတန်းအဆင့်မှာ မသင်ရန်၊ သင်လိုလျှင်တောင် အထက်တန်းအဆင့်မှ သင်ရန်" အကြံပြုချက်ကိုလည်း ထပ်မံတင်ပြထားပါသည်။ ဆောင်းပါးရှင်က မူလတန်းအဆင့်မှ စတင်ပြီး တက္ကသိုလ်ရောက်ချိန်အထိ သင်ယူခဲ့ရသော အင်္ဂလိပ်စာကို ငွေကုန်ပြီး အကျိုးမရှိဟု ယူဆသည်ကို အခြေခံပညာအဆင့် မှသည် အဆင့်မြင့်ပညာအဆင့် အထိ တက်ရောက်လာ ကြသော ကျောင်းသား၊ ကျောင်းသူများ၏ စာရင်းများကို ကိန်း ဂဏန်း အချက်အလက်များဖြင့် ဝေဝေဆာဆာ တင်ပြထားပါသည်။ ဆက်လက်ပြီး ဆောင်းပါးရှင်က "မြန်မာပြည်မှာပဲ နေပြီး မြန်မာပြည်မှာပဲ အလုပ်လုပ်မဲ့ ဒီကလေးတွေကို အင်္ဂလိပ်လိုသင်တာ အကျိုးထူးပါ့မလားလို့ ပြောကြည့်ချင်ပါတယ်" ဟု ရေးသားထားပါသည်ဒ
စာရေးသူ၏ အမြင်ကို စတင်ကာ တင်ပြပါမည်။ မြန်မာပြည်ဟာ တစ်နိုင်ငံတည်း မည်သူနှင့်မျှ မဆက်ဆံဘဲ တစ်သက်လုံး နေသွားမည်လား? မကြာမီကာလများတွင် အသက်ဝင်လာတော့မည့် အရှေ့တောင်အာရှလွတ်လပ်သောကုန်သွယ်မှု (Asean Free Trade Area – AFTA /2013)၊ တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှု (Asean - China Free Trade Area – CAFTA/2015)၊ အရှေ့တောင်အာရှစီးပွားရေးအသိုက်အဝန်း (Asean Economic Community – AEC)၊ များနှင့် အတူ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (Foreign Direct Investment – FDI) အရ အာဆီယံဒေသတွင်း နိုင်ငံများ၊ အာရှနိုင်ငံများ နှင့် အနောက်ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာတစ်လွှား နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံရန် ပြင်ဆင်နေကြပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတ ကြီးဦးသိန်းစိန်ကိုယ်တိုင်က ပြည်တွင်း သတင်းမီဒီယာများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က The Voice Weekly မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ ပညာရေးနှင့်ပတ်သက်သော မေးခွန်းတွင် အင်္ဂလိပ်စာနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။
"ကျွန်တော်တို့ ဒီလူငယ်တွေ၊ ကျွန်တော်တို့ရဲ့ ခုနကလို ကျောင်းသူ/ကျောင်းသားတွေ ဒီကနေ့ ခုနကလို အင်္ဂလိပ်စာကို တော်ဖို့ ကျွန်တော်တို့ လိုပါတယ်။ အင်္ဂလိပ်စာတော်ဖို့ ကျွန်တော်တို့ လိုပါတယ်။ အဲတော့ ဟိုတုန်းကတော့ ခုနကလို သင်ကြားတဲ့ ဆရာတွေဟာ ခုနကလို တချို့လည်း တိုင်းရင်းသားတွေဖြစ်သလို တချို့လည်း ခုနကလို နိုင်ငံခြားသား တွေပါတော့ ဒီဆယ်တန်းလောက်ရောက်၊ ဒီဆယ်တန်းအောင်လောက်ဆိုရင်ပဲ အင်္ဂလိပ်စာ တော်တော် ကျွမ်းကျင်တတ်နေပြီ။ ဒီကနေ့ ကျွန်တော်တို့ ဘွဲ့ရတဲ့ကလေးတွေ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တာတွေဟာ အများကြီးး ကျွန်တော်တို့ ရှိပါတယ်။"
"နောက်တစ်ခုကလည်း ဒီကနေ့ ခုနကလို ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံနေတာ၊ အနည်းဆုံး ခုနကလို ကျွန်တော်တို့ အာဆီယံ (၁၀)နိုင်ငံ၊ ကျွန်တော်တို့ နိုင်ငံအပါအ၀င်ပေါ့၊ အာဆီယံနိုင်ငံတွေနဲ့ ကျွန်တော်တို့ ဆက်ဆံနေရတယ်။ အဲတော့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံဖို့အတွက် ပြောကြဆိုကြတဲ့အခါမှာ Common Language က ခုနကလို အင်္ဂလိပ်စကားနဲ့ပဲ ကျွန်တော်တို့ ဆွေးနွေးကြ ပြောကြပြုကြရတာ ဖြစ်ပါတယ်။ အဲတော့ ကိုယ့်ရဲ့ဒေသတွင်း မှာ ဆက်ဆံဖို့အတွက်တောင်မှ အင်္ဂလိပ်စကား၊ နောက် အင်္ဂလိပ်ဘာသာ မကျွမ်းကျင် မတတ်ရင် ကျွန်တော်တို့ ရှေ့ကို တော်တော်လေး အခက်အခဲရှိပါတယ်။"
ဆရာမြတ်မိုး၏ အင်္ဂလိပ်စာနှင့်ပတ်သက်သော အယူအဆမှာ လိုအပ်သော အချိန်မှသာ သင်ယူရန်နှင့် သက်ဆိုင်ရာဘာသာရပ်များကို မြန်မာလိုသာသင်ယူစေလိုပြီး၊ ထိုသို့သင်ယူပါက သက်ဆိုင်ရာဘာသာရပ်များကို ကောင်းစွာနားလည်ပြီး လက်တွေ့ဘဝတွင် အသုံးချနိုင်မည် ဟုဆိုပါသည်။ အစစအရာရာတွင် နောက်ကျနေသော အချိန်တွင် အများက ခြေတစ်လှမ်းလှမ်းလျှင် သုံးလှမ်းခန့် လှမ်းနိုင်မှ တော်ကာကြပါလိမ့်မည် ဖြစ်သောကြောင့် လိုအပ်သောအချိန်မှသာ သင်ယူမည်ဆိုလျှင် အချိန်လင့် သွားပါလိမ့်မည်။ သက်ဆိုင်ရာ ပညာရပ်များကို မြန်မာလိုသင်ယူလျှင် ကောင်းစွာနားလည်ပြီး အသုံးချနိုင်မည်ဆိုလျှင် နေ့စဉ်နှင့် အမျှပြောင်းလဲတိုးတက်နေသော ကမ္ဘာရွာကြီးတွင် အသစ်သစ်သော ပညာရပ်များသည် အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားဖော်ပြကြသောကြေင့် ၎င်း အသစ်သစသော ဘာသာရပ်များကို မည်သို့ဆက်လက်လေ့လာကြမည်နည်း? ကမ္ဘာနှင့်ရင်ဘောင်တန်းဆက်ဆံလိုလျှင် ကမ္ဘာသုံးဘာသာစကားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လိုပါသည်။ ဖြည့်စွက် ပြောလိုသည်မှာ မွေးဖွားစဉ် ကတည်းက မြန်မာလိုပြော၊ မြန်မာလိုရေးခဲ့ကြသော မြန်မာလူမျိုးစစ်စစ် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်တွင် မြန်မာစာအထူးပြု ဖြင့် သင်ယူသောအခါ အများစု ကောင်းစွာနားလည်ပြီး အသုံးချနိုင်ကြပါသလား?
ယနေ့ပညာရေးလောကတွင် အဓိကဆွေးနွေးကြရမည်မှာ ဘာသာရပ်ဆိုင်ရာကိစ္စရပ်များထက် သင်ရိုးညွှန်းတမ်း(Curriculum)နှင့် သင်ကြားမှုနည်းပညာ(Teaching Methodology) များသာဖြစ်ပါသည်။ မည်သည့်ဘာသာရပ်ပင်ဖြစ်စေ သင်ကြားမှုနည်းပညာ စနစ်မကျလျှင် သင်ယူသူသည် ကျွမ်းကျင်မှု(Skill) ရရှိနိုင်မည်မဟုတ်ပါ။ (သင်ယူသူကလည်း စနစ်တကျ လိုက်နာ လေ့ကျင့်ရန်လိုပါသည်။) လက်ရှိရေးသားနေသော "ပညာရေးပြောင်းလဲရေး အတွက် အကြံပြုတင်ပြချက်များ" ဆောင်းပါးတွင် အခြေခံအဆောက်အဦ၊ သင်ရိုးညွှန်းတမ်း၊ သတ်မှတ် သင်ရိုးညွှန်းတမ်းများကို ထိထိရောက်သင်ကြား နိုင်မည့် ဆရာ၊ ဆရာမများ၏ အရည်အသွေး စသည့် အချက်(၃)ချက်ကို အဓိက တင်ပြထားပါသည်။ မည်သည့်ဘာသာရပ်တွင်မဆို တကယ်ဆိုရင် စနစ်ပဲလိုတယ်ဟု သာ ပြောချင်ပါသည်။ ဤနေရာတွင် ကျန်သည့်ဘာသာရပ်များထက် အင်္ဂလိပ်ဘာသာစကား အကြောင်းကိုသာ အဓိက ဆွေးနွေးတင်ပြ လိုပါသည်။ ဆရာ ဇော်မျိုးလှိုင်(ရူပဗေဒဌာန၊ ဒဂုံတက္ကသိုလ်) ကတော့ Hot News ဂျာနယ်တွင် "ယနေ့ခေတ် ကျောင်သား၊ ကျောင်းသူ အများစုသာမက ဆရာ၊ ဆရာမ အချို့ပင်လျှင် အင်္ဂလိပ်စာနှင့် ပတ်သက်၍ အားနည်းနေသည်ကို ငြင်းမရအောင် တွေ့မြင်နိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများသာမက အချို့သော ဘွဲ့ရများပင်လျှင် အရေးတွင်လည်း လက်မရှိသူသကဲ့သို့၊ အဖတ်တွင်လည်း မျက်မမြင်တစ်ဦးပမာ၊ အပြောတွင်လည်း ခံတွင်းမဲ့သို့၊ နားထောင်မှုတွင်လည်း နားပင်းသူတစ်ဦးပမာ ဖြစ်နေပေသည်။ ဤသို့ဖြစ်နေရခြင်းမှာလည်း သင်ယူသူ၏ချို့ယွင်းမှုလော၊ သင်ကြားသူ၏ချို့ယွင်းမှုလော၊ သင်ယူသူနှင့် သင်ကြားသူကြားမှ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်နည်းပို့ချချက် ချို့ယွင်းမှုလော၊ တစ်ခုခု မှားယွင်းနေသည်မှာတော့ အသေအချာပင်ဖြစ်ပါသည်။" The Voice ဂျာနယ် အတွဲ(၈)၊ အမှတ်(၄၉) စာမျက်နှာ (၁၇) ပါ "မြန်မာလူငယ်တွေ ဘာတွေသာလဲ၊ ဘာတွေလိုလဲ" ဆောင်းပါးတွင် ဆရာချစ်ဦးကိုကို က "အင်္ဂလိပ်စာဖြင့် ဘွဲ့ရသည့် မြန်မာကျောင်းသား တစ်ယောက် အင်္ဂလိပ်လို မပြောနိုင်သည့် ကိစ္စမှာ မူလတန်းကတည်းက မှားယွင်းခဲ့သော သင်ရိုးညွှန်းတမ်းကြောင့်ဟု ယိုးမယ်ဖွဲ့လျှင် ခါးသီးသည့် အမှန်တရားတစ်ခုသာ ဖြစ်ပါသည်။" ဟုရေးသားထားပါသည်။ သို့ပါလျှင် အင်္ဂလိပ်ဘာသာစကားကို (၁ဝ)နှစ်ကျော် လေ့လာသင်ယူခဲ့သော်လည်း မတတ်သည့် အကြောင်းရင်းကိုသာ အဖြေရှာကြရပါမည်။
အင်္ဂလိပ်ဘာသာစကားသည် သိပ္ပံပညာ တီထွင်ဖန်တီးမှုများလောက်တော့ မခက်သည်မှာ သေချာပါသည်။ ကွန်ပျူတာ၊ ဂရပ်ဖစ်ဒီဇိုင်း၊ စက်ပြင်၊ ဝရိန်စသည့် အသုံးချ ဘာသာရပ်တစ်ခုကို ၃ နှစ်ခန့်သင်ယူလျှင် အသုံးပြုနိုင်သော်လည်း အင်္ဂလိပ်ဘာသာစကားကို (၁ဝ) နှစ်ကျော်သင်ယူခဲ့ပြီး မတတ်မြောက်သည်မှာ လွဲနေသည်တော့ သေချာပါသည်။ ဘာတွေလွဲနေသလဲ? နားလည်သလောက် တင်ပြပါမည်။ ဘာသာစကားကို သင်ယူလိုပါလျှင် စကားဖြင့်သာ သင်ယူရပါမည်။ ဘာသာစကား၏ အစမှာ နားထောင်ခြင်း(Listening) သာဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော အင်္ဂလန်တွင် အင်္ဂလိပ်မိဘ နှစ်ပါးမှ မွေးဖွားသော အင်္ဂလိပ်ကလေးငယ် တစ်ယောက်ကို ငယ်စဉ်ကတည်းက မြန်မာပြည်တွင် ထားကြည့်ပါ၊ ထိုကလေးငယ် မည်သည့်ဘာသာစကားကို ပြောတတ်ပါမည်နည်း? ထို့အတူ မြန်မာမိဘနှစ်ပါးမှ မွေးဖွားသည့် မြန်မာကလေးငယ်တစ်ဦး ငယ်စဉ်ကတည်းက အင်္ဂလန်ရောက်သွားလျှင်လည်း မည်သည့် ဘာသာစကားကို ပြောလိမ့်မည်နည်း? မိခင်ဘာသာစကား တတ်မြောက်လာပုံကို ဦးစွာလေ့လာကြည့်ပါ၊ ကလေးငယ် တစ်ယောက်သည် မွေးဖွားချိန်ကတည်းက ၁ နှစ်ခွဲမှ ၂ နှစ်ဝန်းကျင် အထိ မိခင်၊ ဖခင်နှင့်ပတ်ဝန်းကျင်က ပြောသည်ကို နားထောင်ခဲ့ရပါသည်။ ထိုမှတဆင့် မိခင်၊ ဖခင်များက ပြောပြသော "ဖေဖေ၊ မေမေ၊ မံမံ" စသည့် စကားများကို မပီကလာ ပီကလာ ဖြင့် အတုယူကာ ပြောကြရပါသည်။ စကားကို အတော် လည်လည်ပတ်ပတ် ပြောတတ်သည့် အသက် ၅ နှစ်အရွယ်တွင် ကျောင်းစတက်သည့်တိုင် ကျောင်းကို ရောက်သည်နှင့် စတင်ကာ စာမရေးရသေးပါ၊ ကဗျာများ၊ ကကြီး၊ ခခွေး သင်ပုန်းကြီး စသည်တို့ကို ဆရာ၊ ဆရာမများက တိုင်ပေးသည်ကို လိုက်ဆိုရပါသည်။ နောက်မှသာ အရေးအသားကို ဆက်လက်သင်ယူရပါသည်။ အင်္ဂလိပ်ဘာသာစကားကို သင်ယူလိုပါလျှင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကား သင်ကြားသည့် စာသင်ခန်းထဲတွင် ဆရာ၊ ဆရာမ များက အင်္ဂလိပ်လိုသာ ပြောကာ သင်ကြားပို့ချ ရပါမည်။ အင်္ဂလိပ်ဘာစကားကို အင်္ဂလိပ်လိုသာ သင်ကြား/ သင်ယူကြရပါမည်။ ဤနေရာတွင် စာရေးသူ၏ ရေးလက်စ "ပညာရေးပြောင်းလဲရေးအတွက် အကြံပြုတင်ပြချက်များ" ဆောင်းပါး မှ သင်ရိုးညွှန်းတမ်းနှင့် သတ်မှတ် သင်ရိုးညွှန်းတမ်းများကို ထိထိရောက်သင်ကြား နိုင်မည့် ဆရာ၊ ဆရာမများ၏ အရည်အသွေး ဟူသည့် အချက် ၂ ချက် က အကျုံးဝင်လာပြန်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို လေ့လာရာတွင် foreign language နှင့် second language ဟု ၂-မျိုး ရှိပါသည်။ foreign language ဆိုသည်မှာ အကြမ်းအားဖြင့် ဖတ်တတ်ယုံအဆင့် (Reading skill) လောက်သာ ဟု ယူဆနိုင်ပါသည်။ second language ဟုဆိုလျှင် မိခင်ဘာသာစကား တတ်သလောက်နီးနီး တတ်မြောက်ရမည် ဖြစ်သည်။ ယနေ့ခေတ်အချိန်တွင် ကျွန်တော်တို့ နိုင်ငံအနေဖြင့် အင်္ဂလိပ်ဘာသာ စကားကို second language အဖြစ်သာ လေ့လာကြရပါမည်။ အမှန်တကယ်အားဖြင့် စာသင်ခန်းထဲတွင် (၁ဝ)နှစ်ကျော် လေ့လာခဲ့သည်မှာ အင်္ဂလိပ်စာကို foreign language အဖြစ်သာ လေ့လာသင်ယူခဲ့ရခြင်း ဖြစ်ပါသည်။ Language သီအိုရီအရ 'Writing bases on speaking' ဟု ဆိုပါသည်။ သို့ရာတွင် (၁ဝ)နှစ်ကျော် ကာလပတ်လုံး ကျောင်းစာသင်ခန်း အတွင်းတွင် ဆရာ၊ ဆရာမ များကလည်း အင်္ဂလိပ်လို အချိန်ပြည့် (အင်္ဂလိပ်စာအချိန်တွင်) မပြောခဲ့သလို ကျောင်းသားကလည်း အင်္ဂလိပ်လို မပြောခဲ့ကြသည့်အတွက် သီအိုရီကို ပြောင်းပြန်လှန်ကာ အဖိုးတန်အချိန်များကို အောင်လက်မှတ်များနှင့် လဲခဲ့ကြရပါသည်။
နိဂုံးချုပ် အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့နိုင်ငံသည် အပြောင်းအလဲကို စတင်တွေ့မြင်နေရပြီး အစစ အရာရာ နောက်ကျနေသည့် အတွက် ဘက်ပေါင်းစုံက အရှိန်အဟုန်မြင့် ကြိုးစား ဆောင်ရွက်ကြရမည့် အချိန်တွင် ကမ္ဘာနှင့် အညီ ရင်ဘောင်တန်းဖို့ ခဏထားကာ အနည်းဆုံး အာဆီယံအဆင့် တန်းတူလိုက်ဖို့ရန် နောက်ပြန်လှည့်မည့် အကြံများမရှိသင့်တော့ပါ၊ အင်္ဂလိပ်ဘာသာ စကားကို တတ်မြောက်အောင် ဘယ်လိုလုပ်မလဲ? ဟူသည့် အကောင်းဆုံး အဖြေကိုသာ ပညာရှင်များ အားလုံး ပူးပေါင်းပါဝင်ကာ ရှာဖွေ ကြရပါမည်။ အတိတ်မှ သင်ခန်းစာများကို ယူကာ ပစ္စပ္ပန်တွင် အကောင်းဆုံး ကြိုးစားရင်း ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ဆီသို့ တက်ညီလက်ညီ ကြိုးစားချီတက် ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ပါသည်။

အောင်ကိုဦး(UMK)
Phone: (95) 9 421752568
Email: siraungkou.umk@gmail.com

http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A799345&xgs=1&xg_source=msg_share_topic


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/02/2013 11:53:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.