[mrsorcerer:37442] Fwd: [လူဗိုလ်ဟူသည် ...] စိုင်းနော်ခမ်းနှင့် ပတ်သက်၍ ကျွန်တော်သာဆိုလျှင်...



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/1
Subject: [လူဗိုလ်ဟူသည် ...] စိုင်းနော်ခမ်းနှင့် ပတ်သက်၍ ကျွန်တော်သာဆိုလျှင်...
To: lubo601@gmail.com


မူးယစ်ရာဇာအဖြစ် ကျော်ကြားသူ စိုင်းနော်ခမ်းကို ထိုင်းနိုင်ငံမှ ဆုငွေထုတ်သည်။
တရုတ်သင်္ဘောသား(၁၃)ဦးကို သတ်ခဲ့သည့်အမှုနှင့် ဆက်စပ်နေသည်ဟု ဆိုကြသည်။
လာအိုနိုင်ငံတွင် ဖမ်းမိသည်။ လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

ယခု တရုတ်နိုင်ငံတွင်၂၀၁၃ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင်  ဆေးထိုး၍ သေဒဏ်စီရင်လိုက်ပြီဖြစ်ပါသည်။

စင်စစ် စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသားဖြစ်ပါသည်။
မြန်မာနိုင်ငံသားကို လာအိုနိုင်ငံက ဖမ်းသည်။
တရုတ်သို့လွှဲပြောင်းသည်...
တရုတ်က သေဒဏ်ပေးမည်.... ဟု ဆိုလာသည်။

မကျေနပ်ပါ.......
ဘာပဲလုပ်လုပ် သူသည် မြန်မာနိုင်ငံ၏ဥပဒေ (သို့မဟုတ်)
ဖမ်းဆီးရမိသော လာအိုနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် အမှုများအတွက်
လာအိုနိုင်ငံ၏ ဥပဒေအရသာ စီရင်သင့်သည်။

တရုတ်နိုင်ငံမှ စီရင်ရန် အကြောင်းမရှိ.....
လုံးဝမရှိပါ။


အကယ်၍ တရုတ်နှင့်ပတ်သက်သည့် ကျုးလွန်ခဲ့သော အပြစ်အတွက်
ပြစ်ဒဏ်စီရင်လိုလျှင် ကမ္ဘာ့အဆင့် ခုံရုံးတစ်ခုခုသို့ တင်ပြလျှောက်ထားသင့်သည်ပါသည်။

ထိုခုံရုံး၏ သဘောတူ ခွင့်ပြုချက်ဖြင့်သာ.... တစ်နေရာရာ (မြန်မာနိုင်ငံ၊ လောနိုင်ငံနှင့် အခြား သတ်မှတ်ပေးသော နေရာ)တွင်
တရားဝင်သတင်းကြေငြာ၍ စစ်ဆေးပြီးမြန်မာနိုင်ငံ၏ သဘောတူ ခွင့်ပြုချက်ဖြင့်  ပြစ်ဒဏ်သတ်မှတ်သင့်ပါသည်။

ယခုတော့ အာဆီယံအဖွဲ့ဝင်ဖြစ်သော.... ထေရ၀ါဒ ဗုဒ္ဓဘာသာ(၅)နိုင်ငံတွင်ပါဝင်သော.... အိမ်နီးချင်းဖြစ်သော.... မျိုးရိုးဗီဇချင်းတူညီသော... ယဉ်ကျေးမှုနီးကပ်သော လာအိုနိုင်ငံသည် မြန်မာနိုင်ငံသားတစ်ဦးအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်...။

ထို့အတူ တရုတ်နိုင်ငံသည် မြန်မာမာနိုင်ငံသားတစ်ဦးအား တရုတ်လူမျိုး(၁၃)ဦးကို သတ်သည့်အမှုဖြင့် သေဒဏ်စီရင်ခဲ့သည်....။

ယခုတော့ စိုင်းနော်ခမ်းသည် တရုတ်အစိုးရချမှတ်သော ပြစ်ဒဏ်အရ သေဆုံးသွားခဲ့ရပါပြီ.....။

စိုင်းနော်ခမ်းကို တရုတ်အစိုးရမှ သေဒဏ် စီရင်ခြင်းအပေါ်.... ပြည်တွင်းမှ မည်သူတစ်ဦးတစ်ယောက်မျှ... မည်သည့်အဖွဲ့အစည်းတစ်ခုမျှ.... မည်သည့်အသံမျှ မထွက်ခဲ့သလို...
ဒီမိုကရေစီစံပြုနိုင်ငံဖြစ်ချင်သူ ထိုင်းသည်လည်း တိတ်ဆိတ်နေခဲ့သည်...။  UNGO နှင့် ပြည်တွင်း/ပြည်ပ NGO များလည်း နှုတ်ဆိတ်နေခဲ့သည်...။ လူ့အခွင့်အရေးအဖွဲ့အစည်းများသည်လည်း အသံပျောက်နေကြသည်။ လူ့အခွင့်အရေးဟူသော စကားရပ်သည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ အပေါ်တွင် သက်ရောက်မှု မရှိဟုပင် ယူဆရမလိုဖြစ်နေသည်.... ကမ္ဘာကြီး၏ ဥပေက္ခာပြုမှုသည် မြန်မာတစ်နိုင်ငံတည်း အပေါ်တွင် သက်ရောက်နေသည်ဟုပင် ဖွဲ့ဆိုရပါမည်....။

စိုင်းနော်ခမ်းသည် မူးယစ်ဆေးဝါး အကြီးအကျယ်ဖြန့်ဖြူးသူဖြစ်သည် သူ့ကြောင့်ပင် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပြန့်ပွါး၍ လူငယ်များ မူးယစ်ဆေးစွဲနေကြသည်ဟု ဆိုသူက ဆိုကြသည်....။
စိုင်းနော်ခမ်း မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်းကြောင့် ပြည်တွင်းသို့ မူးယစ်ဆေးဝါးရောက်ရှိလာခြင်း၊ လူငယ်များ မူးယစ်ဆေးစွဲခြင်းတွင် စိုင်းနော်ခမ်းတွင်လည်း တာဝန်ရှိသည်။ မူးယစ်ဆေးဝါးတားဆီရေးအဖွဲ့များတွင်လည်း တာဝန်ရှိသည်...။ ထို့အတူ သားသမီးများ မူးယစ်ဆေးဝါးသုံးစွဲသည်အထိ အခွင့်အရေးပေးထားသော (သို့မဟုတ်) လစ်လျူရှုထားသော မိဘများတွင် အဓိက တာဝန်ရှိပါသည်....၊ ဘယ်သူဘယ်လောက်ဖြန့်ဖြန့် ဘယ်သူဘယ်လောက်ရောင်းရောင်း.... မိဘသည် သားသမီးအား အကျိုးကိုရှေးရှု၍ ကောင်းစွာစီမံအုပ်ချုပ်နိုင်လျှင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုသည် အရာထင်မည်မဟုတ်ပါ..... အထူးသတိထားရန်မှာ မူးယစ်ဆေးအား ငွေကြေးချို့တဲ့သူ ဆင်းရဲသားများနှင့် သာမန်ပြည်သူများ သုံးစွဲနိုင်ခြင်းမရှိ ဟူသည့် အချက်ပင် ဖြစ်ပါသည်။


ယခုတရုတ်နိုင်ငံ၏ တရားစီရင်ရေးသည် တစ်ဘက်သတ်စီရင်ခြင်းသဘော သက်ရောက် နေပါသည်။
စိုင်းနော်ခမ်းနှင့် အတူ သေဒဏ်ပေးခံရသူများတွင် (နိုင်ငံနဲ့တစ်ဦးဟု ဖော်ပြထားသော) တရားခံတစ်ဦးပါဝင်နေပါသည်...။
နိုင်ငံမဲ့ဟု သုံးနှုန်းခြင်းသည်ပင်လျှင် ပစ်မှုစီရင်ရန် အကြောင်းအရာ ခိုင်လုံမှု မရှိခဲ့ပါ....။
(တရုတ်နိုင်ငံဖွား နိုင်ငံမဲ့၊ လာအိုနိုင်ငံဖွား နိုင်ငံမဲ့၊ မြန်မာနိုင်ငံဖွား နိုင်ငံမဲ့ဟုသာ ဖော်ပြသင့်ပြီး.... မွေးရာဇာတိကိုပင် အတည်မပြုနိုင်သူများအား
သေဒဏ်စီရင်ခြင်းသည် ဥပဒေအရ တိကျမှုမရှိကြောင်း တွေ့ရှိရပါသည်...)

စိုင်းနော်ခမ်းနေရာတွင် အမေရိကန်နိုင်ငံသား.... သို့မဟုတ် G 8 နိုင်ငံသားများ၊ ဥပရောပသမဂ္ဂ၀င်နိုင်ငံသားများ...
၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများဖြစ်ခဲ့လျှင် ဤသို့ဆောင်ရွက်ရဲပါမည်လော... ဟု မေးစရာများဖြစ်လာပါသည်။ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ(၅၅) အခန်း(၈)၊ `` နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ´´အပိုဒ်(၃၈၃)တွင်အောက်ပါအတိုင်း ဖော်ပြထားပါသည်...။
၃၈၃။  နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-
         (က) ပြည်ထောင်စုမပြိုကွဲရေး။
         (ခ)  တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး။
         (ဂ)  အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး။
ထို့ကြောင့် စိုင်းနော်ခမ်းသည် အထက်အပိုဒ် (၃၈၃)ကို စောင့်ထိန်းလိုက်နာ
ထားသူဖြစ်ပါသည်... ။



ထို့အတူ..... အပိုဒ်(၃၅၃)တွင်လည်း ``မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ...၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ...´´ ဟုဖော်ပြ
ထားရှိပါသည်.... ဤသို့ဆိုလျှင် စိုင်းနော်ခမ်းအား တည်ဆဲဥပဒေအရ အသက်နှင့် ပုဂ္ဂိုလ်ထိခိုက်မှုကို ကာကွယ်ပေးရန် နိုင်ငံတော် အစိုးရတွင် တာဝန်ရှိနေပါပြီ..... ထိုတာဝန်သည်ပင် ``အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး´´ ဟူသော အပိုဒ် (၃၈၃)နှင့် အကျုံးဝင်နေပါပြီ.........။

ထို့အတူ....  အပိုဒ်(၃၄၇)တွင်လည်း `` နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင်  တန်းတူညီမျှ အခွင့်အရေး အရရှိစေရမည်၊ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်´´ဟုဖော်ပြထားပါသည်။



စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသား (စစ်စစ်) တစ်ဦးဖြစ်ခဲ့လျှင်.....
ထို့အတူ ကျွန်တော်သည် အခွင့်ရှိသော အစိုးရ တာဝန်ခံတစ်ဦးဖြစ်ခဲ့လျှင်...
သို့မဟုတ်.... ပါတီတစ်ခုခု၏ အဖွဲ့ဝင်၊ တာဝန်ရှိသူ ဖြစ်ခဲ့လျှင်....
သို့မဟုတ်.... အသိအမှတ်ပြုထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုခု၏ တာဝန်ရှိသူဖြစ်ခဲ့လျှင်....
သို့မဟုတ်.... တရားဝင် ဥပဒေအရာထမ်း တစ်ဦး ဖြစ်ခဲ့လျှင်....
သို့မဟုတ် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့လျှင်.....

တရုတ်နိုင်ငံ၏ ပြစ်ဒဏ်စီရင်မှုကို အပြင်းအထန်ကန့်ကွက်ပါမည်....။

စိုင်းနော်ခမ်းအား မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ရန် (ကမ္ဘာ့ခုံရုံးအဆင့်အထိ)အပြင်းအထန်တောင်းဆိုပါမည်...

ထို့အတူ ၄င်းကျူးလွန်ခဲ့သော အပြစ်များအတွက် နိုင်ငံတကာနှင့်ပေါင်းစပ်၍
တရားဝင် စစ်ဆေး မေးမြန်းပါမည်...။

ပေါ်ပေါက်လာသော ပြစ်မှုများအရ... ချမှတ်သင့်သော ပြစ်ဒဏ်များကို
ခံယူစေရေး တိတိကျကျ ဆောင်ရွက်ပါမည်....။

ထို့အတူ ချမှတ်ပြီးသော ပြစ်ဒဏ်များအတွက် လူ့အခွင့်အရေးနှင့် ဥပဒေအရ
သက်ညှာမှုများအား ရရှိစေရန် အပြင်းအထန် လိုက်ပါဆောင်ရွက်ပါမည်...





စိုင်းနော်ခမ်းအား ပစ်ဒဏ်စီရင်ခြင်းအပေါ်တွင် မြန်မာတစ်ဦးအနေဖြင့် လုံးဝကျေနပ်မှု မရှိပါကြောင်းနှင့်
လူတစ်ဦးတစ်ယောက်ထဲကိုသာမက နိုင်ငံကိုပင် မျက်ကွယ်ပြုသည်ဟု ခံစားမိပါသည်....။

နိုင်ငံရပ်ခြားတွင် နိုင်ငံခြားတိုင်းပြည်၏ ပြစ်ဒဏ်စီရင်ခြင်းအား အထီးကျန်စွာ ခံခဲ့ရသူ စိုင်းနော်ခမ်းအတွက်
ကျွန်တော်များစွာ ၀မ်းနည်းမိပါသည်။

အဘယ်ကြောင့် ဆိုသော်..... စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသား စစ်စစ်

တစ်ဦး ဖြစ်နေသည်ဟု ယုံကြည်မိခြင်းကြောင့် ဖြစ်ပါသည်....။

ဤသို့ ဆောင်ရွက်ခြင်းသည်ပင်
``အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး´´ကို
လိုက်နာစောင့်ထိန်းနေခြင်းပင် ဖြစ်သည်ဟု....... ယုံကြည်လျှက်-

(ကွန်ဆူးမား)(၁-၃-၂၀၁၃)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/02/2013 01:31:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.