[mrsorcerer:37451] Fwd: [လူဗိုလ်ဟူသည် ...] ရွဲ့ ကြောက်ပြတဲ့ အကြောက်တု နောက်ကွယ်က အတွင်းသား



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/3
Subject: [လူဗိုလ်ဟူသည် ...] ရွဲ့ ကြောက်ပြတဲ့ အကြောက်တု နောက်ကွယ်က အတွင်းသား
To: lubo601@gmail.com




သမိုင်းစာအုပ်တွေထဲ တရုတ်တွေ မြန်မာအပေါ်ဖောင်းတာ ကြာလှပါပြီ ။
မင်းတုန်းမင်းအထိ ပဏာပုံမှန် ဆက်ရတဲ့ တရုတ်သြဇာခံ စာရင်းဝင်ပါ ။
Dorothy Woodman ရေး making of Burma ဦးတင်မောင်ရင်(မဟာဝိဇာ) ဘာသာပြန်ထားထဲမှာ ဖတ်ရတယ်* ။
ကိုလိုနီခောတ်က အင်္ဂလိပ်တွေကို ကျေးဇူးတင်ရမှာပဲ ။ သူတို့ကြောင့် ဧရာဝတီမြစ်ဦးပိုင်းရေဝေနဲ့ရှမ်းပြည် နယ်စပ်အပိုင်းတွေ မြန်မာထဲ ကျန်နေတာမို့ပါ။လွတ်လပ်ရေးခောတ်မလည်း ကချင်တစ်ဝက် ရှမ်းတစ်ဝက်လောက်ကို ချိုင် ချင်ခဲ့ကြတာမှာ ဦးနု ဦးဗဆွေ ဦးကျော်ငြိမ်းနဲ့ ဗိုလ်ချုပ်နေဝင်းတို့ လည်ဝယ်တာရယ် ၊ တရုတ်က အထိုင်မငြိမ်သေး ပုံရိပ်မကောင်းသေး သြဇာတိကမ္မ မရှိသေးချိန်မှာ မြန်မာက ဘန်ဒေါင်းမူ ဘက်မလိုက်မူတွေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ ဝင့်နိုင်ကြခဲ့လို့သာရယ် ။ (နေရူးကပါ ဦးနု ပူဆာလို့ ချူအင်လိုင်းတို့ကို ဝင်ပြောပေးတယ် ။

တရုတ် အိန္ဒိယလို နိုင်ငံကြီးနှစ်ခုကြားက နိုင်ငံငယ်အဖို့ စိုးရိမ်ရှာမယ် ။
ကျူပ်တို့က သဘောထားကြီးမှ Burma ခမျာ နေသာမယ် ဆိုပဲ ) ။

ခုခောတ်ကတော့ ဂွမ်းပါတယ် ။ စစ်အစိုးရရဲ့ ပုံရိပ်ကလည်း ဆိုးထားတာ
တာတေလန်ရတဲ့အထဲ တရုတ်ဗီတိုအာဏာထီးရိပ်ခိုဖို့ ပေးဆပ်ရတာက
တတိုင်းပြည်လုံး ကုန်တောင်ကုန်တော့မယ် ။ ဒီကြားထဲမှာ အများ သတိ
မပြုမိတာက စစ်တပ်ကိုယ်တိုင် တရုတ်ကို မလိုလားပါဘူး ။ မြန်မာစစ်တပ်
ဟာ လွတ်လပ်ရေးရကတည်းက ပြည်တွင်းသူပုန်မှာ ဗကပ ကွန်မြူနစ်ကို
တိုက်ရသလို တရုတ်ဖြူရော တရုတ်နီပါ တိုက်ရသေးတာပါ ။ နောက်
အရှေ့မြောက် ဗကပကို နောက်ကထောက်တဲ့ သမိုင်းလည်း ရှိသေးတယ် ။
နဝတ နအဖ လက်ထက်မှာလည်း ဗိတိုထီးရိပ်ခိုချင်လို့သာကိုး စိတ်ထဲက
တော့ ဘယ်ခံချင်ကြပါ့မလဲ ။ တစ်ဘက်က ဒီမိုကရက်တိုင်ဇေးရှင်းအတွက်
ကလည်း Big Power Neighbour ဆိုတာက အခုအခံ မှာ သူကထိပ်စီးက ။ ဒါပေမယ့် လက်တွေ့ အလုပ်ဖြစ်ရေး ဖြူဖြူမည်းမည်း ခုတ်မိဖို့အဓိက တရုတ်တွေက စစ်အစိုးရရဲ့ နယ်စပ်ဒေသ ရုတ်ရုတ် ရုတ်ရုတ် လုပ်တာ မကြိုက်ပါဘူး။ ခုကို စစ်ရေး လေ့ကျင့်ပြနေတယ်ဆိုပဲ ။ NLD တက်လည်း
ပေါ်လစီမပြောင်းဘူး အသံလည်းလွှင့်လာပါပြီ ။ တရုတ်က သူ့နောက်ကျော
လုံခြုံရေးအတွက် ဒီလို ရှပ်ပြာပြာ အစိုးရ မတည်မငြိမ် လုပ်ရပ်တွေကို
ကြိုက်ပုံ မပေါ်ပါဘူး ။ ဒါနဲ့များ စစ်အစိုးရက သိသိနဲ့ အသင်းလေးက အသင်းကြီးကို ကစားချင်တာ အံ့သြစရာပါပဲ ။ ပြောရရင် မြစ်ဆုံရပ်တာ
မြန်မာလူထုမျက်နှာထောက်လို့ လို့ တယ်မထင်ပါဘူး ။ တရုတ်ကို signal
ပြတယ်ပဲ မြင်မိပါတယ် ။ ( မြန်မာလူထုမျက်နှာကတော့ ဘယ်တုန်းကမှ
သူတို့အကျိုးစီးပွားပျက်ခံ ထောက်လေ့မရှိပါ) ။ ခုလည်း ကန်နဲ့ တရုတ်ကြား
ကစားနေတာမှာ ဦးအောင်မင်း ကြောက်တယ်ဆိုတာ မြန်မာလူထုက
စစ်အာဏာရှင်တွေ ကြောက်သလိုမျိုး ရွံကြောက်ကြီးပါ ..။ အားမတန်လို့
မာန်လျှော့ရပေမယ့် စိတ်ထဲကတော့ ပြန် တွယ်ချင်နေကြတာပါ ။
နောက်ပြီး မြန်မာတွေဟာ တရုတ်တွေနဲ့ ဒီလောက်နီးစပ်နေတာတောင်
စိတ်အာရုံ အတွေးအခေါ်တွေက အမေရိကန်တို့ အနောက်တို့ဘက်
feel ပိုလာတာမှာ စစ်ဗိုလ်တွေပဲမေးကြည့် အမေရိကန် အထင်ကြီးသလား
တရုတ်အထင်ကြီးသလားလို့ ။ မြန်မာလူထုကရော အမေရိကန် ပစ္စည်း အထင်ကြီးသလား တရုတ်ပစ္စည်း အထင်ကြီးသလားလို့ ။ မြန်မာစစ်တပ်
ဟာ တရုတ်နီ အမုန်းအခံကလည်း လွတ်လပ်ရေးခောတ်ကတည်းက
ဗကပ တောက်လျှောက်တိုက်လာတာမှာ တရုတ်နီနောက်ကထောက်တော့
(အမေရိကန်ထောက်တဲ့ ကူမင်တန်ကလည်း တိုက်လိုက်ရသေးတာ )
တိုင်းတပါးနယ်ချဲ့ရန်တွန်းလှန်ပြီးပေါက်ဖွားလာခဲ့ရတဲ့ မြန်မာတပ်မတော်ရဲ့
zenophobia အမုန်းက ဘားဆုံးသွားတာပါ ။ ခုလည်း ရွံကြောက်ကြီးကို
ကြောက်ကန် ကန် ရတဲ့ အဖြစ်ပါပဲ ။ ဘယ်လိုပဲဖြစ်ပါစေ နောက်နောင် စစ်တပ်နဲ့ လူထုနဲ့ မညီညွတ်ရင်လည်း ကြားထဲက ခွစားမယ့်နိုင်ငံကြီးတွေ
ချည့်ပါပဲ ။ အလုံးစုံ ပျက်သုဉ်းတယ်ဆိုတာ အဲဒါပါပဲ ။ စစ်တပ်က ဒါတွေကို ကြိုမြင် တာတွေလည်း သေချာပေါက် ပါမှာပါ ။(လူထု ဆင်းရဲ
မွဲတေ စုတ်ပြတ်နေရင်ကို မမှုပါဘူး ။ ) ကမ္ဘာ့မိသားစုထဲ မဝင်ရင်
ဘယ်လိုမှ မစားသာတော့တဲ့ အခြေ စိုက်လာကာမှ ။ ပိုက်လိုင်းနဲ့ ရေနက်
ဆိပ်ခံတွေ ၊ ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ တော်တော် စီး မိနေပါပြီ ။

တချို့က စစ်အာဏာရှင်တွေဟာ တရုတ်တွေနဲ့ ပလဲနံပသင့် အလျှော့ချည်းပဲ
ပေးနေတယ်ထင်နေကြတယ် ။ အမှန်မှာက မြန်မာအပေါ် တရုတ်အရိပ်ထိုး
တာ နှစ် ရာချီနေပါပြီ ။ အင်္ဂလိပ်လို နိုင်ငံမျိုးတောင်မှပဲ သီပေါဖြုတ်ချပြီး
အထက် မြန်မာပြည်သိမ်းတုန်းကကို တရုတ် နဲ့ ဒိပလိုမေစီတွေ အတော်
ညှိ ခဲ့ရတာ ဖတ်ရပါတယ် ။ ဒီ အိမ်နီးချင်း ပေါက်ဖော်ကြီးက ဘယ်တော့မှ
ရွှေ့လို့ မရတဲ့အဆုံး အင်္ဂလိပ်ကိုလိုနီခောတ် ၊ ဦးနုတို့ ပါလီမန်ဒီမိုကရေစီ
ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ ဝင့်ထည်နေတုန်းကလောက် ဘယ်လိုမှ
သက်သာရာ အကြောင်းမရှိတာမှာ ကပစတီ လန် ထွက်နေတဲ့ အာဏာရူး
တွေနဲ့ကတော့ တွက်သာကြည့်ပေတော့ ..။ ၁၉၄၈ ကနေ ၁၉၅၈ ထိ
ဝန်ကြီးချုပ်အကြံပေးလုပ်သွားတဲ့ ဆြာကြီး ဖာနီဗယ် က အလကား
သတိပေးသွားတာတော့ ဟုတ်ဟန်မတူပါဘူး ။ သူက ပြောခဲ့ပါတယ် ။
"နောင်အခါ မြန်မာပြည်ကြီးသည် တရုတ်နဲ့ လုံးလားထွေးလားဖြစ်လျက်
ကျန် အာရှနိုင်ငံတွေကို စိတ်အနှောက်အယှက် ကြီးစွာဖြစ်စေလတ္တံ့တဲ့ ။"
ဘကြီးတော်တို့ သီပေါတို့လို အပိန်းတွေနဲ့ကတော့ ကုန်မှာပါပဲ ။
ဘိုးတော်လောက် ပါးရင်တောင်မှ အချိန်ဆွဲနိုင်ရုံသာ ရှိမလားဆိုရင်
အဆိုးမြင်လွန်းတယ် ဖြစ်သွားမလားပဲ ။ အင်္ဂလိပ် နဲ့ ဂျပန် ကို လှန် လာတဲ့
(ဗိုလ်ချုပ်)အောင်ဆန်းတို့ တသိုက်လောက်မှ ခံသာမှာပါ ..။

တကယ်ပါ သမ္မတ ဒေါ်အောင်ဆန်းစုကြည်နဲ့ Government of all Talents ဆိုတာ ဒီနေ့ တိုင်းပြည်က တကယ် လိုအပ်နေတာပါ ။ ကြံ့ဖွံ့ရယ်
NLD ရယ် ဆိုတာရယ်ထက် တိုင်းပြည်အရေး နိုင်ငံ့အရေး ဦးစားကို ပေး
သင့်ကြတဲ့ အချိန်ပါပဲ ။ သားရွှေအိုးထမ်းလာမှကို ရမှာခင်ဗျ..။

*ခောတ်မြန်မာတည်ဟန် စာအုပ်ဖတ်ပြီး တွေးမိတာ ချရေးလိုက်တာပါ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/04/2013 12:53:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.