[mrsorcerer:37499] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၈-၃)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/8
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၈-၃)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 08 Mar 2013 07:00 AM PST
ကျွန်တော်တို့ မိတ္ထီလာမြို့တွင် မ.ထ.သ အမည်ခံ အဖွဲ့တစ်ဖွဲ့သည် မိတ္ထီလာမြို့မှ ကျောက်ပန်းတောင်းမြို့လမ်းအထွက်..ဗဟို ပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းရှေ့ နှင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့အထွက် ၀မ်းတော်ပြည့်ဘုရား ရှေ့  နေရာများတွင် မ.ထ.သ ယူနီဖောင်းဝတ်ပြီး စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးချကာ ဖြတ်သွားဖြတ်လာ သုံးဘီးယာဉ်များကို ခရာမှုတ် အတင်းအဓမ္မတားဆီးကာ မ.ထ.သ ကြေး သုံးဘီးယာဉ်တစ်စီးလျှင် ၁၀၀ကျပ်နှုန်းကို ဆပ်ကြေးကောက်သလို အတင်းအဓမ္မတောင်းခံနေသည်မှာ စနေ၊တနင်္ဂနွေပါ မရှောင်နေ့စဉ်နှင့် အမျှဖြစ်ပါသည်။

တကယ်ဆိုလျှင် သုံးဘီးယာဉ်များမှာ တစ်စီးလျှင် ငွေကျပ် ခြေက်သိန်းကျပ်(၆၀၀,၀၀၀) ဖြင့်လိုင်းကြေးကို မတန်တဆအပြည့် ပေးသွင်းပြီး တရားဝင် ပြေးဆွဲနေခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ...ယခုကဲ့သို့ အတင်းအဓမ္မ ဆက်ကြေးကောက်သလို ငွေကောက်ခံနေခြင်း
ကိုသက်ဆိုင်ရာမှ လိုအပ်သလို စစ်ဆေးကြပ်မတ်ပြီး တားဆီးနိုင်ပါရန် နိုင်ငံတော် လူကြီးမင်းများသို့တင်ပြအပ်ပါ
သည်။     
                              
                          မိတ္ထီလာမြို့ သုံးဘီးယာဉ်အသင်းသားများ။

Posted: 08 Mar 2013 06:23 AM PST
ပြန်ကြားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးမျိုးဝင်း သည် (၂-၃-၂၀၁၃) ရက်နေ့ ညက ဌာနမှ တာဝန်အရ ထုတ်ပေးထားသည့် မော်တော်ယာဉ်နှင့် အားကစား သမား (၃) ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ တိုက်ခိုက်မိရာ မွန်ပြည်နယ်မှ အားကစား သမား (၂)ဦး နှင့် မကွေးတိုင်း ဒေသကြီးမှ အားကစား သမား တစ်ဦးတို့ မှာ ထိခိုက် ဒဏ်ရာရရှိ ခဲ့သည့် ကိစ္စနှင့် ပါတ်သတ်၍ ဌာနတွင်း စစ်ဆေးမှူးများ ပြုလုပ်နေပြီလို့ သိရပါတယ်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း

Posted: 08 Mar 2013 06:09 AM PST
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာ သူများအား ကြိုဆိုရန် ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီ ခေါင်းဆောင်တ ဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Mar 2013 06:01 AM PST
မတ်လ ၇ ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ် (၈၀၅)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Mar 2013 05:36 AM PST
မတ်လ (၇) ရက်နေ့ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်း ဂျာနယ် အမှတ် (၄၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Mar 2013 05:33 AM PST
Posted: 08 Mar 2013 03:56 AM PST
ဦးပိုင်ကုမ္ပဏီ လီမီတက် ကကြေးနီ တောင်စီမံကိန်း အတွက်သိမ်းယူ ထားတဲ့တောင် ၃၃လုံးအနက်လိပ်ခွံတောင် နဲ့ အင်ကြင်းတောင်ကို လက်ပံတောင်း တောင် ဒေသ ခံပြည်သူ တွေဟာ ပြန်လည်မတ်လ ၇ ရက်နေ့ည ၇နာရီမှာ ပြန်လည်သိမ်း ယူခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 08 Mar 2013 03:44 AM PST
ဒီနေ့ စတင်ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ပထမနေ့ အကြိုဆွေးနွေးပွဲနေ့မှာ ဗဟိုကော်မတီဝင် ၁၀၀ တိတိကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက် တင်မြှောက်ခဲ့ပြီး နောက်ရက် ညီလာခံကျင်းပတဲ့အခါ နောက်ထပ် ဗဟိုကော်မတီဝင် ၂၀ ဦး ကို ထပ်မံ ရွေးချယ်မှာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Mar 2013 03:46 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ အကြို ဆွေးနွေးပွဲနေ့မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၃ ဦးကို လာမယ့် ညီလာခံ သက်တမ်းအတွက် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒေါ်ခင်ရူပါ သတင်းပေးပို့ ထားပါတယ်။--
 
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 08 Mar 2013 03:26 AM PST
ကောနက်တီးကပ်ရှိ ယေးလ်တက္ကသိုလ်တွင်ကျင်းပသည့် လိင်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျောင်းသားများသည် မိမိတို့အနေဖြင့် သဘာဝလွန် ကာမဆက်ဆံမှုများ၊ ပြည့်တန်ဆာအဖြစ် မိမိကိုယ်ကို ရောင်းစားမှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် ဝန်ခံမှုများ ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Mar 2013 08:34 PM PST
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် တည်ရှိသော ကျီးကန်းပြင် နစက ဌာနချုပ် လက်အောက်ရှိ စီမံခန့်ခွဲရေး ဌာနသည် တပ်သား အပြောင်းအရွှေ့ လုပ်ရာတွင် နစက အောက်ခြေ တပ်သားများထံမှ လာဘ်ငွေ များ ယူဆောင်နေကြောင်း သတင်း ရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Mar 2013 08:17 PM PST
Posted: 07 Mar 2013 08:15 PM PST
မတ်လ ၈ ရက်နေ့ ထုတ် Prefmier Eleven ဂျာနယ် အတွဲ ၁၀ ၊ အမှတ် ၂၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Mar 2013 07:52 PM PST
Osama Bin Laden ရဲ့ သားမက်ဖြစ်သူ al-Qaida အဖွဲ့ ပြောခွင့်ရသူဟောင်း ကို အမေရိကန် က ဖမ်းဆီးရမိထားပြီး၊ တရားစွဲဖို့  နယူးယောက်မြို့ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေ ကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ Sulaiman Abu Ghaith ကိုသောကြာနေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Mar 2013 02:14 PM PST
ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကို နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၁၉/၂၀၁၃ ဖြင့် နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးဖွဲ့စည်းခဲ့သည်။ အဆိုပါ အမိန့်ကြော်ငြာစာ ကို ဇန်န၀ါရီ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းကြီးကြပ်မှု ဗဟိုအဖွဲ့တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Mar 2013 02:04 PM PST
အမေရိကန် ပြည်ထောင်စုက ဖွံ့ဖြိုးမှုအထောက်အ ပံ့တွေပေး တဲ့နေရာမှာ အစိုးရကို ငွေသားချက် လက်မှတ် ထုတ်ပေး လိုက်တာမျိုး မဟုတ်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ အုပ်ချုပ်မှု ဖြစ်ထွန်းအောင် တွန်းအားပေး နေတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။  ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့  လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အသံက အဓိကကျပါတယ်လို့ လည်း USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah က ပြောဆိုလိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးရောက်ရှိနေတဲ့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုေ
အဂျင်စီ အကြီးအကဲ Dr. Rajiv Shah က   မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ အားလုံးပါဝင်နိုင်ရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ ပြည်သူ့စွမ်းဆောင်ရည် မြင့်မားရေးအတွက် အမေရိကန်ပြည်ထောင်စုက တွန်းအားပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"ဖွံ့ဖြိုးမှုအထောက်အပံ့တွေပေး
တဲ့နေရာမှာ အစိုးရကို ငွေသားချက်လက်မှတ် ထုတ်ပေးလိုက်တာမျိုးမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု    တာဝန်ခံပြီး အထိခိုက်အလွယ်ဆုံး အကူညီလိုအပ်ဆုံး လူထုအတွက် ၀န်ဆောင်မှုပေးအောင်၊  ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း တွန်းအားပေးနေတာဖြစ်ပါတယ်။ တကယ်လို့ အစိုးရက အဲဒီတာဝန်ကျေပွန်ခဲ့မယ်ဆိုရင် ဖွံ့ဖြိုးမှုအတွက် ကျနော်တို့ရဲ့ တာဝန်ယူမှုကိုလည်း တိုးချဲ့သွားမှာဖြစ်ပါတယ်။"

အရပ်ဖက်အခြေပြုလူမှုအဖွဲ့အစည်းေ
တွရဲ့ အခန်းကဏ္ဍဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်ဆိုတဲ့ သမ္မတအိုဘားမားရဲ့ မှတ်ချက်ကိုလည်း အခုလိုပြန်ပြောင်းပြောပြပါတယ်။

"ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့  လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းေ
တွက အဓိကကျပါတယ်။  ဒီကနေ့ ကျနော်တွေ့ခဲ့ရတဲ့ မကွေးမြို့က HIV ပိုးရှိတဲ့ ဝေဒနာရှင်တယောက်က အများပြည်သူ HIV ရောဂါနဲ့ ပတ်သက်ပြီး အသိပညာတွေတိုးအောင် သူကိုယ်တိုင်အားတက်သရော ကူညီနေပါတယ်။ မန္တလေးက လူငယ်တယောက်ဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက်မှာ ပြည်သူ့နီတိ နဲ့ အခွင့်အရေးတွေအတွက် ပညာပေးနေပါတယ်။ ရခိုင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေဟာလည်း အကြမ်းဖက်မှုတွေကြားက ဖြန်ဖြေရေးလုပ်နေကြတာပါ။ ကရင်ပြည်နယ်က သတင်းထောက်တယောက်ဆိုရင်လည်း အပစ်အခတ်ရပ်ရေးသဘောတူညီချက်နဲ့ ပတ်သက်တဲ့ တိကျမှန်ကန်တဲ့သတင်းတွေကိုပေးနေတာပါ။ သူတို့တွေဟာ အရေးပါတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေဖြစ်ပါတယ်။"

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုေ
အဂျင်စီအနေနဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေး မြင့်မားရေး အဲ့ဒီ့ဝန်ဆောင်မှုတွေကို လူတိုင်း၊ လူတိုင်း လက်လှမ်းမှီရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ့်အပြင် ကလေးငယ်တွေ အတွက် စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေးကိုလည်း ပံ့ပိုးပေးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

"ကျနော်ဟာ ကျန်းမာရေး၊ အစားအသောက်နဲ့ အဟာရကို မကြာခဏ အာရုံစိုက်လေ့ ရှိပါတယ်။ မြန်မာပြည်ရဲ့ ကလေး ၄၀% ဟာ လောလောဆယ် အလွန်အမင်း အဟာရဓါတ် ချို့တဲ့နေတယ်လို့ သိရလို့ သိပ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ အဟာရချိုတဲ့မှုကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်း
ကြပြီး ပညာသင်ဖို့ အခက်တွေ့ကြမယ်။ လူ့ဘောင် အသိုင်းအ၀ိုင်း အတွက်လည်း ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ သူတို့ကို ကူညီဖို့ နည်းပညာတခုတည်း မလုံလောက်ပါဘူး။ သူတို့အကူအညီလိုအပ်နေတယ်ဆိုတာကို သူတို့ကိုယ်စားပြောပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အသံက သိပ်အရေးကြီးပါတယ်။"

ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)

USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊ အမေရိကန်စင်တာ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ( Credit to -Credit: Richard Nyberg/USAID)

Posted: 07 Mar 2013 02:02 PM PST
သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်ပြီး အီတလီနိုင်ငံကနေ ပြန်လည်ထွက်ခွါ သွားပြီဖြစ်ပါတယ်။  သမ္မတရဲ့ အီတလီခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ချေးငွေဆိုင်ရာ ပြုပြင်မှု သဘောတူ ညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။

ဥရောပ ၅ နိုင်ငံကို ဆယ်ရက်ကြာခရီးထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဗုဒ္ဓဟူးနေ့မှာ သူ့ခရီးစဉ်ရဲ့  နောက်ဆုံးနိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး  အီတလီနိုင်ငံမှာ သမ္မတ Giorgio Napolitano၊  လက်ရှိ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ
့ မာရီယိုမွန်တီ (Mario Monti) အပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အီတလီအစိုးရ က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာဖို့ အတတ်နိုင်ဆုံး အကူညီတွေပေးဖို့ ရှိတယ်လို့  အီတလီနိုင်ငံ တူရင်း (Turin) မြို့တော်ဝန်  ပီယဲရိုဖဆီနို (Piero Fassino) ကပြောပါတယ်။

"ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံက   အစိုးရကလည်း  အခုလက်ရှိမှာ အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် အကူအညီတွေပေးဖို့ ဆန္ဒရှိပါတယ်။ ဒီလိုကူညီဖို့ရာအတွက် ဆက်ဆံရေးကဏ္ဍ အသစ်တရပ် ဖွင့်လှစ်ပြီး နိုင်ငံရေး မှာရော၊ လူမှုရေးပြဿနာတွေနဲပ စီးပွါးရေး အထောက်အကူတွေ ပေးပြီး အားပေးမှာပါ။  မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းတဲ့ကာလ အခြေအနေတွေဟာ ပြောင်းလဲနေတာ မို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ဒီပြောင်းလဲမှု ခိုင်ခိုင်မာမာဖြစ်လာဖို့ အတွက် ကူညီရမှာဖြစ်ပါတယ်။"

မစ္စတာ ဖဆီနိုဟာ  ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ  EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားစေဖို့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပေးခဲ့သူဖြစ်ပါ
တယ်။ အခု သမ္မတ ဦးသိန်းစိန် ရဲ့ အီတလီခရီးစဉ်အတွင်းမှာ အီတလီအစိုးရ ကနေ မြန်မာနိုင်ငံချေးငွေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့် သဘောတူစာချုပ် တရပ်ကို အီတလီနိုင်ငံခြားရေး ၀န်ကြီး Giulio Terzi နဲ့  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင် တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။  လက်ကျန်ကြွေးငွေပေါ်မူတည်ပြီး အတိုးဆက်ပေးစရာ မလိုတဲ့ ငွေချေးမှုဆိုင်ရာ ပုံစံ ပြန်လည်ပြင်ဆင်ဖို့  သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ အီတလီနိုင်ငံကိုပေးရမယ့် ကြွေးမြီ ဒေါ်လာ ၃ သန်းကို ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ပြောင်းလဲပေးအပ်ဖို့အပြင် စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ထပ် ယူရိုငွေ သန်း ၂၀ ချထားပေးဖို့ရှိပါတယ်။  အခုလို အကူအညီပေးတာတွေဟာ မြန်မာနိုင်ငံ လက်ရှိအနေအထားကြောင့်ဖြစ်ပြီး အပြောင်းအလဲကာလအတွက် အီးယူအပါအ၀င် အားလုံးကပံ့ပိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

"အခုလို သဘောတူစာချုပ် ချုပ်တာဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်လာအောင် လုပ်နေတာ မှန်သမျှကို ကျွန်တော်တို့ နိုင်ငံက ထောက်ခံပံ့ပိုးပေးတဲ့ သဘောပါ။ ဒါကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေဟာ သိပ်ကို အရေးပါတဲ့ အနေထားရောက်နေလို့ပါ။   အကူညီကောင်းကောင်းပေးနိုင်ဖို့ တကယ်ဆိုရင် မြန်မာလူမှု အသိုင်းအ၀ိုင်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လုပ်ရမှာလည်း ဖြစ်ပါတယ်။  ငွေရေးကြေးရေး၊ စီးပွါးရေးမှာ ပံ့ပိုးရမှာဖြစ်သလို နိုင်ငံရေးမှာလည်း အားလုံးက ၀ိုင်းပြီး ပံ့ပိုးဖို့ လုပ်ရမှာပါ။"

အီတလီနိုင်ငံ ရဲ့ အခုလုပ်ဆောင်မှုတွေ ဟာ မကြာသေးခင်က မြန်မာနိုင်ငံက ပေးဖို့ ရှိနေတဲ့ကြွေးမြီတွေထဲက Paris Club မှာ ထက်ဝက်လျှော်ပစ်ဖို့ သဘောတူညီမှုရခဲ့တာကို တစိတ်တပိုင်း အကောင်ထည်ဖေါ်တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် ၂၀၁၂ - ၂၀၁၃ ခုနှစ်မှာ ယူရိုငွေ သန်းပေါင်း ၁၅၀ ကျော်ချထားပေးဖို့  အစီအစဉ်ရှိသလို  ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း အစီစဉ်တွေ ရေးဆွဲနေကြတာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို
့အပြင်၊  အီးယူကနေ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အဆိုပြုမူကြမ်းကို ရပ်စဲပေးဖို့ ပြောဆိုခဲ့ပေမယ့် ဥရောပလွှတ်တော် လူ့အခွင့်ရေး ဆပ်ကော်မတီအကြီးအကဲ Babrara Lochbihler က တော့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး ဆိုင်ရာ တိုးတက်အောင် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေါ်ခင်မျိုးသက် (ဗွီအိုအေ)

မြန်မာသမ္မတဦးသိန်းစိန်နဲ့ အီတလီဝန်ကြီးချုပ် မာရီယိုမွန်တီ (Credit to အီတလီသမ္မတ ဝဘ်ဆိုက်ဒ် http://www.governo.it)

Posted: 07 Mar 2013 01:54 PM PST
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်ဟာ မတ်လ ၇ ရက်နေ့မနက်မှာတော့ ကလေးမြို့ကနေ မနက် ၉နာရီက ထွက်ခွာလာခဲ့ပြီး နေ့လည် ၃ နာရီမှာ တီးတိန်မြို့ကို ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။ တီးတိန်မြို့မှာတော့ နေ့လည် ၃နာရီမှာ CCJ Hall မှာ ကိုမင်းကိုနိင် ကိုကိုကြီး တို့က လူထုနဲ့တွေ့ဆုံဆွေးနွေးပြောကြခဲ့ပါတယ်။ အဲ့ဒီမှာတော့ တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးရှိဖို့ နဲ့ တောင်ပေါ်မြေပြန့် လူငယ်တိုင်းရင်းသားတွေ အားလုံး စည်းလုံးစွာနဲ့ နိင်ငံတော်ကို ကောင်းအောင် ဆက်လက်ကြိုးစားသွားဖို့ပြောကြားခဲ့ပါတယ်။ (ရိုက်ကူး - စူပါ)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Mar 2013 12:49 PM PST
ရခိုင်ပြည်နယ် ထဲက မြို့နယ် ငါးမြို့နယ်မှာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ပြည်ပ အကူ အညီနဲ့ လုံးချင်း အိမ်ရာ တွေ ဆောက်လုပ် ပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့ နောက် လူတွေ ထောင်နဲ့ ချီပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။ စစ်တွေ၊ မြောက်ဦး၊ မြေပုံ စတဲ့ မြို့တို့က မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့  ကျောက်တော် မှာ ဆန္ဒပြ ။ ဓါတ်ပုံ - ကိုကျော်သက် - Myanmar News Now

Posted: 07 Mar 2013 12:45 PM PST
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်ဆိုတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အချက်တွေကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မစ္စတာ သောမတ် အိုဟေး ကင်တားနား

Posted: 07 Mar 2013 12:43 PM PST
အသက် ၅၈ နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဗင်နီးဇွဲလားနိုင်ငံ သမ္မတ ဟူဂိုရှာဗက်ဇ်ရဲ့ ဈာပနအခမ်းအနားကို မနက်ဖြန်မှာ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ လူသေပေမယ့် သမ္မတရှာဗက်ဇ်ဟာ လက်တင်အမေရိကရဲ့ ကြယ်ပွင့်ကြီးအဖြစ် ကမ္ဘာ့သမိုင်းမှာ အမွေအနှစ်ထားခဲ့ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်တင်အမေရိကမှာ လက်ဝဲခေါင်းဆောင်တွေ တက်လာအောင် ရှာဗက်ဇ်နဲ့ ကတ်စ်ထရိုတို့ လက်တွဲ ဆောင်ရွက်ခဲ့ကြပါတယ်။

Posted: 07 Mar 2013 12:41 PM PST
မတ်လ (၇) ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ ၉ အမှတ် ၁၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Mar 2013 12:38 PM PST
မတ်လ(၅)ရက်နေ့ ထုတ် မဇ္ဈိမ အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၂) အမှတ် (၂၄)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 07 Mar 2013 10:50 AM PST
၁၉၆၂ ခုနှစ်မှ စ၍ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ရန်ကုန်-မန္တလေးကို ပြေးဆွဲပေး လျက်ရှိသော မြဧရာဈေး သင်္ဘောကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ငှားရမ်း လုပ်ကိုင်ခွင့် ပြုမည်ကို ဈေးသူ ဈေးသားများက မကျေမနပ်ဖြစ်နေကြကြောင်း ယင်းဈေးသင်္ဘောပေါ်တွင် စဉ့်အိုးများ ရောင်းချသူ ကိုသက်ထွန်းဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ -  The Myanma Age

Posted: 07 Mar 2013 10:38 AM PST
ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ် ကားလမ်း တနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ "အလင်းရောင်"အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲ စီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/09/2013 03:32:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.