[mrsorcerer:37559] Fwd: [လူဗိုလ်ဟူသည် ...] ဆဲဗင်းဒေးဂျာနယ်ပါ ဆောင်းပါးနှင် ပတ်သက်၍ ...



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/13
Subject: [လူဗိုလ်ဟူသည် ...] ဆဲဗင်းဒေးဂျာနယ်ပါ ဆောင်းပါးနှင် ပတ်သက်၍ ...
To: lubo601@gmail.com



Myo Set
ဆဲဗင်းဒေးဂျာနယ်တွင်တွေ့လိုက်ရသည်မှာ တရုတ်ပြည်မှာ တရုတ်အစိုးရအာဘော်ဖြစ်သော ဆင်ဟွာဌာနမှသတင်းတစ်ပုဒ်ဖြစ်သည်။ သတင်းဆောင်းပါး၏ အနှစ်ချုပ်မှာ အမေရိကန်အနေဖြင့် တရုတ်ရင်းနှီးမြုပ်နှံမှုများ များပြားစွာရှိနေသော မြန်မာကိုတရုတ်လက်အောက်မှ လုယူရန် မဖြစ်နိုင် ဟူ၍ဖြစ်ပါသည်။

နှစ်ပေါင်းများစွာ (ဆယ်စုနှစ်နှစ်စုကျော်) မြန်မာနိုင်ငံအပေါ် လွှမ်းမိုးခဲ့သော တ၇ုတ်သည် ယနေ့ မြန်မာအစိုးရအပြောင်းအလဲ များဖြစ်ချိန်တွင် ယခင် မူဝါဒဟောင်းကိုသာ ခေါင်းမာမာ ဖြင့် ဆက်လက်ကိုင်စွဲထားသည်ကို မြစ်ဆုံအရေး၊ ဦးပိုင်ကိစ္စနှင့် ယခု သမ္မတအိုဘားမား ခရီးစဉ် တွင် တွေ့မြင်နိုင်ပေမည်။

တရုတ်အစိုးရ၏ အာဏာရပါတီမှာ ကွန်မြူနစ်ပါတီဖြစ်သည်။ တစ်ပါတီအာဏာရှင်စံနစ်ဖြစ်ပြီး သူ၏ စီးပွားရေးစံနစ်မှာ Mixed Economy ဟုခေါ်သော ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတော်၏ စွက်ဖက်မှု ကို ပေါင်းစပ်ထားသည့် စံနစ်ဖြစ်သည်။ ထို့ပြင် တ၇ုတ်၏ နိုင်ငံခြားရေးပေါ်လစီမှာ တ၇ုတ်အကျိုးစီးပွားကိုသာ တစ်ဖက်သတ် ကြည့်သည့် အသွင်ဖြစ်သည်။ ထိုသို့ဖြစ်ရာ အရှေ့တောင်အာရှနိုင်ငံငယ်များသည် တရုတ်ကို တစ်ဖက်သတ်ဗိုလ်ကျအနိုင်ကျင့်သည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်လာတော့သည်။

တရုတ်သည် အမေရိကန်နှင့် စီးပွားဖက်ဖြစ်သော်လဲ တရုတ်၏ အဓိက ရှုမြင်မှုမှာ အမေရိကန်သည် တ၇ုတ်၏ ကြီးထွားမှုကို မနှစ်မြို့ဟု ဖြစ်ပါသည်။ ထို့ပြင်တ၇ုတ်တို့၏ အဓိက စိုးရိမ်မှုမှာ Encirclement Strategy ဟု တရုတ်နိုင်ငံရေးသမားများက ခေါ်ဝေါ်သော တ၇ုတ်နိုင်ငံကို ပတ်ချာလည် စစ်တပ်များဖြင့်ဝန်းရံမှုဖြစ်သည်။တ ရုတ်အိမ်နီးချင်းများနှင့် အမေရိကန်က မဟာမိတ်ဖွဲ့ကာ အမေရိကန်စစ်တပ်များ ချထားခြင်းကို အကြီးအကျယ်စိုးရိမ်နေခြင်းဖြစ်ပါသည်။

ထိုသို့စိုးရိမ်နေသည့်ကြားတွင် အမေရိကန်နှင့််အဆင်မပြေလှသော မြန်မာစစ်အာဏာရှင်များကို တရုတ်က အစွမ်းကုန်ကာကွယ်ပေးခဲ့သည်။ သို့သော်လဲ တ၇ုတ်၏ နိုင်ငံခြားရေးပေါ်လစီအရ မြန်မာ့သံယံဇာတများနှင့် သန်းခြောက်ဆယ်ဈေးကွက်ကိုလဲ ထပ်မံအမြတ်ထုတ်ခဲ့ပြန်သည်။ Economic Fair Play ပုံစံမကျင့်သုံးချင်သော လက်ဟောင်းအရင်းရှင်တို့အချိုးကိုချိုးသဖြင့် တရုတ်မုန်းတီးရေး ဝါဒမှာ မြန်မာပြည်သူများအကြားရေပန်းစားလာခဲ့ပေသည်။
အာဏာရှင်ဝါဒကိုသာ ကျင့်သုံးသော တရုတ်အာဏာပိုင်များသည် ပြည်သူ့ဆန္ဒကိုထည့်စဉ်းစားလေ့မရှိသည်ကတော့ အလွန်မထူးဆန်းဟုဆိုရပါမည်။ သို့သော်ဒီမိုကရေစီနိုင်ငံများနှင့်လဲ သင့်တင့်သည့် ဆက်ဆံရေးရှိနေသောတရုတ်သည် ထိုနိုင်ငံများရှိ အစိုးရများက ပြည်သူများကို မည်သို့ဆက်ဆံသည် စသည့် သင်ခန်းစာများကတော့ ၇ှိနေမည်မှာသေချာသည်။ သို့ရာတွင် မြန်မာပြည်သူများကိုတော့ "လုပ်လို့ရ၍လုပ်သည်" ဆိုသည့်အချိုးမျိုး ကို ချိုးခဲ့ပုံပေါ်ပေသည်။

သို့အတွက်ရလာဒ်ကား သမ္မတအိုဘားမားလာသည်င့်္အချိန်တွင် မြန်မာပြည်သူလူထုက သောင်းသေားဖျဖျကြိုဆိုခဲ့ကြခြင်းဖြစ်သည်ဟု မြင်ပေသည်။ အိုဘားမား၏ နာမည်ကြီးမှုကြောင့် စိတ်ဝင်စားမှု များပြားခြင်းဖြစ်သည်ဟုလဲ ဆိုနိုင်ပါမည်။ သို့သော် ဝမ်ကျားပေါင်လာစဉ်က မြန်မာလူထု စိတ်ဝင်စားမှု မပြသခဲ့ခြင်းနှင့် နှိုင်းယှဉ်ကာ တရုတ်အပေါ် မြန်မာလူထု၏ စက်ဆုပ်မှုကို အထူး သတိထားမိမည်ဟု ယူဆမိသည်။

ယနေ့တိုင်တရုတ်၏ မောက်မာမှုကို ယခုထောက်ပြခဲ့သော ဖြစ်ရပ်များတွင် အထင်းသားမြင်နိုင်ပါသည်။ မြန်မာနိုင်ငံကို အိမ်နီးချင်းမိတ်ဆွေဟု သဘောမထားဘဲ အထီးကျန်နိုင်ငံ၊ တရုတ်ပေးမှစားရသော စားကြွင်းစားနိုင်ငံဟုသာ သဘောထားပုံရသည်။ မြန်မာနိုင်ငံ၏ ပထဝီအရ အရေးကြီးမှု၊ သယံဇာတကြွယ်ဝမှုကို သဘောပေါက်မည်ဖြစ်သော်လဲ ရွဲကုန်သည်ဇာတ်ထဲမှာ တစ်သိန်းတန်ရွှေခွက်ကို ငွေအနည်းငယ်နှင့်ရချင်သော လောဘဇောတိုက်သည့် လူမိုက်ကဲ့သို့ ကျင့်ကြံနေသည်မှာလဲ ထင်ရှားနေပေသည်။

ယခင် မိမိထောက်ပြခဲ့ဖူးသည့် အယူအဆမှာ တရုတ်၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည်။ တရုတ်၏ မြန်မာအပေါ် ထားသည့် နိုင်ငံခြားရေးမူဝါဒကို ယခုအချိန်ပြည်လည်သုံးသပ်ကာ ပြင်ဆင်ရတော့မည့် အချိန်တစ်ခုရောက်ပြီဟု ဆိုနိုင်ပေမည်။ ရွှေမြွေဟောက်စစ်ဆင်ရေးတွင် ဖိတ်ခေါ်ကာ Military to Military Tie တစ်ခုကို တည်ဆောက်ရန်မီးစိမ်းပြလိုက်သည့်တိုင်အောင် တရုတ်ဖက်မှ တင်းခံနေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီမှလူများက မြန်မာစစ်ဗိုလ်ချုပ်များကို အလွန်စိတ်ချနေခြင်းလော၊ သို့တည်းမဟုတ် တရုတ်သြဇာခံ ဝတပ်များနင့် ကေအိုင်အေတပ်များကို အားထားနေခြင်းလောဟု အတိအကျမဆိုနိုင်ချေ။

သို့ရာတွင် သေချာသည်ကား တရုတ်သည် အမေရိကန်ကို မြန်မာနိုင်ငံအအတွင်းတွင် နိုင်ငံရေးအရ ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံမင်္ဂလာပါဟု နှုတ်ဆက်သော လူမည်းသမ္မတအိုဘားမားကား မြန်မာလူထု၏ ဖြူစင်သော ထောက်ခံမှုကို သိမ်းကြုံးရယူခဲ့ချေပြီ။ တရုတ်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ ဆက်ဆံမှု ပေါ်လစီများကို မပြောင်းလဲပါက တရုတ်၏ အနေအထားမှာ စစ်ရေးအရ မလုံမခြုံဖြစ်လာပေတော့မည်ဟု ယူဆမိပါတော့သည်။Myo Set

Obama လာလို့ ကချင်ပြည်နယ်ကိစ္စကို အလေးအနက်ထားပြီးပြောမှာထက် ကုလားကိစ္စကို ပိုအလေးအနက်ထားပေလိမ့်မယ်။

လူသားချင်းစာနာမှုကို ခေါင်းစဉ်တပ်ပြီး ကျောက်ဖြူပိုက်လိုင်းအတွက် တရုတ်စိတ်အနှောက်အယှက်မဖြစ်ဖြစ်အောင် ကြိုးစားမှာပဲဖြစ်တယ်။

ဘင်္ဂါလီကိစ္စဆိုတာ ပျော့စိစိ နဲ့ လုပ်နေရမယ့်ကိစ္စမဟုတ်ဘူး။ ဘင်္ဂါလီကိစ္စဆိုတာ လူဝင်မှုကြီးကြပ်ရေးက စံနစ်တကျ ကိုင်တွယ်ရမယ့်ကိစ္စဖြစ်ပြီး ဒါ ကိုယ့်တိုင်းပြည်ထဲက ဥပဒေရေးရာကိစ္စတစ်ရပ်သာဖြစ်တ
်လို့ ခပ်ပြတ်ပြတ်တုန့်ပြန်သင့်တယ်လို့မြင်မိတယ်။ ဒီလိုကိစ္စကိုဖြေရှင်းဖို့
ဒီလို ပြတ်သားတဲ့ ဇွဲနဲ့ သံန္ဒိဌာန်သာရှိခဲ့ရင် လူထုက သမ္မတနောက်က ရပ်တည်ပါလိမ့်မယ်။

ဦးသိန်းစိန်အနေနဲ့လဲ တိုင်းရင်းသားတွေဖက်က ရပ်မယ်လို့ ပြောလိုက်၊ ရခိုင်တွေက အလံတွေထူပြီး ဂုဏ်ပြုပြီးမှ တူရကီက လူရောက်လာပြီး တစ်ဖက်စောင်းနင်းအစီရင်ခံစာ ပြန်ထုတ် ရခိုင်တွေကို အပြစ်တင်လိုက် လုပ်တာဟာ အဓိပ္ပါယ်ကင်းမဲ့တယ်။ ဒီလိုအချိုးမျိုး (ရခိုင်တွေကို အပြစ်ပုံချတဲ့လုပ်ရပ်မျိုး) အိုဘားမားလာလို့ ထပ်လုပ်တာမျိုးကို ထပ်မကျူးလွန်ဖို့ လိုပေလိမ့်မယ်။

နောက်ကွယ်ကကြိုးကိုင်တဲ့လူတွေကို ထိထိရောက်ရောက်ဖမ်းသွားမယ်လို့ ကြွေးကြော်ပြန်တယ်။ ဒါပေမယ့် ဒီလိုမကြွေးကြော်ခင် လူထုရဲ့ ရခိုင်တွေက ယုံကြည်နေတဲ့ NGO ဝန်ထမ်းတွေရဲ့ ခြေရှုပ်မှုကို မရှင်းလင်းနိုင်ဘဲ ဖမ်းဆီးထားသူတွေကိုလွှတ်ပေးခဲ့တယ်။ လွှတ်ပေးရခြင်းအကြောင်းရင်းကိုလဲ သတင်းစာရှင်းလင်းပွဲမလုပ်ခဲ့သလို စတုတ္တမဏ္ဍိုင်လို့ ဘဝင်မောက်နေတဲ့ ငနဲသားတွေကလဲ ဒီလိုကိစ္စဟာ သိပ်အရေးကြီးမှန်း နားမလည်ခဲ့ကြပြန်ဘူး။

အိုဘားမားလာတဲ့အခါမှာ အထနှေးလေးလံတဲ့ ရခိုင်အစည်းအရုံးတွေ တိကျတဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ပေးအပ်နိုင်ပါစေလို့ပဲ တိုက်တွန်းချင်တယ်။ နောက်ပြီး လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်လိုဟာမျိုးနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေပေါက်ကွဲမှုလိုမျိုးအတွက် သုံးသပ်ရှင်းလင်းထားတာမျိုးလေးကို ဆွေးနွေးပေးလိုက်နိုင်ပါစေလို့ပဲ ဆန္ဒပြုမိပေတယ်။

ဒီနေ့ အိန္ဒိယမှာ ဒေါ်စုရဲ့ ပြောစကားအတွက် အတော်စိတ်ချမ်းသာရတယ်။ ဒေါ်စုက ရိုဟင်ဂျာကိစ္စဆိုတာ မြန်မာတစ်နိုင်ငံတည်းတာဝန်ရှိသလိုပြောနေတယ်ဆိုတာ မဟုတ်ဘူး။ ဘင်္ဂလားမှာပါတာဝန်ရှိတယ်လို့ ပြတ်ပြတ်သားသားပြောချလိုက်တယ်။ ခေါင်းဆောင်ဆိုတာ လိုအပ်ရင် စိန်ခေါ်ရဲရမယ်။ တာဝန်လဲ ခံရဲရမယ်။ တစ်ကယ့်တစ်ကယ် နယ်စပ်ဒေသ ပြဿနာဆိုတာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတာချည်းပါပဲ။ ဘင်္ဂလားက လူလည်ကျပြီး ပြဿနာတက်တက်ချင်း သူတို့နဲ့ မဆိုင်သလို လုပ်ချပစ်တယ်။ ဗမာပြည်က အစိုးရမင်းတွေက တစ်ကယ့် ဘူးလုံးနားမထွင်းတွေဆိုတော့ အရှုပ်ထုပ်ကို ကိုယ့်လက်ထဲမှာအထည့်ခံတယ်။ ပြီးရင် ဒါကိုပဲ ခုတုံးလုပ်ပြီးအမြတ်ထုတ်ဖို့ကြံနေကြသေးတယ်။

လုပ်ရမယ့်အလုပ်က အိုဘားမား လာပြီး ဘယ်လိုလေသံပေးပေး သူ့ရဲ့ အဓိကရည်ရွယ်ချက်က တရုတ်လက်ထဲရောက်နေတဲ့မြန်မာပြည်ကို ပြန်လည် လုယူချင်လို့ လာတာပါပဲ။ ဆန်ရှင်ဖွင့်တယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်ကလဲ ဒါလို့ပဲ တွက်ဆပါတယ်။ အပေါ်ယံလေသံပေးပြီး ဘယ်လို ပဲ လေသံဟနေပါစေ ပြည်တွင်းရေးကို ပြည်တွင်းကလူတွေပဲ အဓိက ဦးဆောင်ပြီး ဥပဒေစိုးမိုးဖို့အတိုင်းသာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ မက်ဆေ့ခ်ျကို ခပ်ပြတ်ပြတ်ရှင်းရှင်းပြောလိုက်ဖို့မျှော်လင့်ပါတယ်။ အမေရိကန်ကတော့ ဘင်္ဂါလီကိစ္စကို အသုံးချပြီး မြန်မာ့ပြည်တွင်းရေး အထူးသဖြင့် ကျောက်ဖြူနားမှာခြေကုပ်ရသလောက်ယူဖို့ နှိုက်ယူပါလိမ့်မယ်။ ဒီလို လုပ်မယ့်ကိစ္စကို မြန်မာအစိုးရအနေနဲ့ ခွင့်မပြုဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုလုပ်ခြင်းအားဖြင့် တရုတ်ကို ဖိအားပေးလိုက်သလို ဖြစ်စေပြီး တရုတ်အနေနဲ့ အမေရိကန်ကကို ပြန်လည်တွန်းလှန်ဖို့ မြန်မာ့ပြည်တွင်းရေးအပေါ် ဒီဘင်္ဂါလီကိစ္စကိုပဲ ထပ်ခုတုံးလုပ်ပြီး မပါမဖြစ် ပါလာအောင်ဆွဲခေါ်သလိုဖြစ်နေမှာမို့ပါပဲ။

ဒီလို ဘင်္ဂါလီကိစ္စကို ဖဲချပ်လိုကိုင်ပြီးကစားနေတာကို မဟန့်တားနိုင်ရင် မြန်မာပြည်မှာ ကန်-တရုတ် အင်အားပြိုင်မှုတွေ မလိုအပ်သေးဘဲ အစောကြီးရင်ဆိုင်ရနိုင်မယ်လို့ယူဆပါတယ်။
Myo Set
ဘင်္ဂါလီကိစ္စကို လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရှုထောင့််ကနေကြည့်ပြီး လက်ခံသင့်ကြောင်းလော်ဘီလုပ်နေတာကို ဖတ်ရတော့ ရီလဲ ရီချင်မိတယ်။ စိုးလဲစိုးရိမ်မိတယ်။

ရီချင်မိတာက ဘယ်လောက်ပဲ တိုင်းပြည်ချစ်ပါတယ်လို့ကြွေးကြော်နေပါစေ ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်လာရင်၊ ဘာသာရေးနဲ့ပတ်သက်လာ၇င် ဇာတိရုပ်ပြပြလာတတ်တာကို ရီချင်တာပါ။

စိုးရိမ်မိတာက မြန်မာပြည်ထဲက လူငယ်တွေဟာ လစ်ဘရယ်ဒီမိုကရေစီလို့ပြောလိုက်ရင် အနောက်နိုင်ငံတွေက တိုက်တာ
၊အဆောက်အအုံတွေနဲ့ ကြွယ်ဝမှုတွေကိုပြေးမြင်ကြ၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကိုပြေးမြင်ကြ ဖြစ်ပြီး မဆိုင်းမတွ မစဉ်းမစား ခေါင်းငြိမ့်လက်ခံမှာကိုပဲဖြစ်တယ်။ လစ်ဘရယ်ဒီမိုကရေစီဆိုတာ ကိုယ့််နိုင်ငံထဲက ကိုယ့်နိုင်ငံသားတွေကောင်းကျိုးအတွက်ကျင့်သုံးသင့်တယ်လို့ ယနေ့ယူဆကြတဲ့ နိုင်ငံရေးအယူအဆတစ်ရပ်ပါ။

ယနေ့ခက်ထရော်ကြမ်းတမ်းတဲ့ကိုယ်ကျိုးစီးပွားအဓိကဝါဒခေတ်စားတဲ့ ကာလ ကြီးထဲမှာ လစ်ဘရယ်ဒီမိုကရေစီကျင့်သုံးပါတယ်ဆိုတဲ့နိုင်ငံအချင်းချင်းလဲ မျက်နှာဖုံးစွပ်ဆက်ဆံနေကြတာပဲ ဆိုတာကို သတိချပ်ကြစေချင်ပါတယ်။

သိစေချင်တာက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးတွေကြားမှာနေနေရတဲ့ မြန်မာနိုင်ငံအတွက် လူဝင်မှုကြီးကြပ်ေ၇းပေါ်လစီဆိုတာ အသက်တမျှအရေးကြီးတဲ့ကိစ္စလို့မှတ်ရမယ်။ ဒါကိုကိုင်တဲ့ အရာရှိဆိုသူကလဲ စာရိတ္တပိုင်းမှာဒေါင်ဒေါင်မြည်ဖြစ်ရမယ်။

စစ်ရေးအရ အင်မတန် အထိမခံဖြစ်တဲ့ပထဝီပေါ်ကတိုင်းပြည်၊ လူဦးရေပေါက်ကွဲနေတဲ့တိုင်းပြည်နဲ့ကပ်နေတဲ့ တိုင်းပြည်၊ ဒီလိုတိုင်းပြည်အတွက် လူဝင်မှုကြီးကြပ်ရေးကိစ္စဆိုတာ လူ့အခွင့်အရေးတစ်ရပ်တည်းနဲ့တင် စဉ်းစားလို့မရပါဘူး။

တစ်နေ့က အင်္ဂလိပ်တရားရုံးကနေ အယ်လ်ခေးဒါးတွေရဲ့ ဆရာ အဘူကေတာဒါကို အင်္ဂလိပ်တရားသူကြီးက လူ့အခွင့်အရေးအရဆိုပြီး ကာဖျူးအမိန့်နဲ့ လွှတ်ပေးလိုက်လို့ အင်္ဂလိပ်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ အင်္ဂလိပ်ရဲတပ်ဖွဲ့ဝင်တွေ၊ အင်္ဂလိပ်မီဒီယာတွေ ပူးပေါင်းပြီး နိုင်ငံတော်လုံခြုံရေးအာဂျင်ဒါနဲ့ ပြန်လည် တိုက်ပွဲဝင်ဖို့ ဖိအားပေးနေကြတယ်။

တရားဥပဒေစိုးမိုးမှုအားကောင်းတဲ့ တိုင်းပြည်ဖြစ်လို့ ရုံးတော်ကို ဝန်ကြီးချုပ်က ဝင်မစွက်နိုင်ပေမယ့် အဲ့ဒီတရားသူကြီးတွေအပေါ် ကျရောက်လာတဲ့ မီဒီယာဖိအားကတော့ပြင်းထန်လွန်းလှတယ်။ ဆဲဗင်းဇူလိုင် လန်ဒန်မြေအောက်ရထားဗုံးခွဲခံရပြီး စိတ်အနာကြီးနာနေတဲ့အင်္ဂလိပ်မီဒီယာတွေဟာ ဒီအကြမ်းဖက်သမားကို ကာဖျုးနဲ့ထားတဲ့ တရားသူကြီးက လူ့အခွင့်အရေးအရဆိုပြီး လေသံကြားကောင်းအောင်ပစ်နေပေမယ့် မိန်းမအခွင့်အရေးဖိနှိပ်ရေးအဖွဲ့ကြီးမှာ ဂုဏ်ထူးဆောင်နာယကရာထူးယူထားတာဘာကြောင့်လဲလို့ ချက်ခြင်းဆိုသလို မေးခွန်းထုတ်ခဲ့တယ်။

ဆိုလိုတာက တိုင်းပြည်လုံခြုံရေးနဲ့ပတ်သက်လာရင် လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ဆိုတဲ့ ပေတံတစ်ခုထဲနဲ့ တိုင်းလို့မရတော့ပါဘူး။ ရှုထောင့်များစွာက ဆင်ခြင်ရတယ်။ အခု လူ့အခွင့််အရေးလို့ ပြောပြီး ဒီဘင်္ဂါလီတွေဖက်က လော်ဘီလုပ်နေတဲ့ လူတွေပါးစပ်က ရခိုင်တွေဖက်က ဝမ်းနည်းပါတယ်လို့များထွက်ဖူးရင် အတော်ဝမ်းသာချင်စရာကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မတွေ့ဖူးလို့ပါပဲ။

ဒီလို ရှုထောင့်များစွာကနေ ဆင်ခြင်မှာ သင့်တော်မယ့်ကိစ္စတစ်ရပ်ကို ဒီမိုကရေစီစံနှုန်းအရ နိုင်ငံသားပေးသင့်တယ်လို့ ပြောလာတိုင်း အင်တင်တင်နဲ့လက်ခံခြင်း၊ အားရဝမ်းသာ လက်ခံခြင်းမ ပြုမိ...အရင်စဉ်းစားကြဖို့သာ တိုက်တွန်းလိုတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ လက်ခံရင်နောင်တစ်ချိန် ခင်ဗျားတို့ ဒီလိုပြန်လှန်မေးခွန်းထုတ်ခွင့်မရလောက်အောင် ဖိနှိပ်တဲ့ အကြမ်းဖက်စံနစ်ဆိုးတစ်ခု ရောက်လာနိုင်လို့ပဲ။
Photo: Myo Set Obama လာလို့ ကချင်ပြည်နယ်ကိစ္စကို အလေးအနက်ထားပြီးပြောမှာထက် ကုလားကိစ္စကို ပိုအလေးအနက်ထားပေလိမ့်မယ်။ လူသားချင်းစာနာမှုကို ခေါင်းစဉ်တပ်ပြီး ကျောက်ဖြူပိုက်လိုင်းအတွက် တရုတ်စိတ်အနှောက်အယှက်မဖြစ်ဖြစ်အောင် ကြိုးစားမှာပဲဖြစ်တယ်။ ဘင်္ဂါလီကိစ္စဆိုတာ ပျော့စိစိ နဲ့ လုပ်နေရမယ့်ကိစ္စမဟုတ်ဘူး။ ဘင်္ဂါလီကိစ္စဆိုတာ လူဝင်မှုကြီးကြပ်ရေးက စံနစ်တကျ ကိုင်တွယ်ရမယ့်ကိစ္စဖြစ်ပြီး ဒါ ကိုယ့်တိုင်းပြည်ထဲက ဥပဒေရေးရာကိစ္စတစ်ရပ်သာဖြစ်တယ်လို့ ခပ်ပြတ်ပြတ်တုန့်ပြန်သင့်တယ်လို့မြင်မိတယ်။ ဒီလိုကိစ္စကိုဖြေရှင်းဖို့ ဒီလို ပြတ်သားတဲ့ ဇွဲနဲ့ သံန္ဒိဌာန်သာရှိခဲ့ရင် လူထုက သမ္မတနောက်က ရပ်တည်ပါလိမ့်မယ်။ ဦးသိန်းစိန်အနေနဲ့လဲ တိုင်းရင်းသားတွေဖက်က ရပ်မယ်လို့ ပြောလိုက်၊ ရခိုင်တွေက အလံတွေထူပြီး ဂုဏ်ပြုပြီးမှ တူရကီက လူရောက်လာပြီး တစ်ဖက်စောင်းနင်းအစီရင်ခံစာ ပြန်ထုတ် ရခိုင်တွေကို အပြစ်တင်လိုက် လုပ်တာဟာ အဓိပ္ပါယ်ကင်းမဲ့တယ်။ ဒီလိုအချိုးမျိုး (ရခိုင်တွေကို အပြစ်ပုံချတဲ့လုပ်ရပ်မျိုး) အိုဘားမားလာလို့ ထပ်လုပ်တာမျိုးကို ထပ်မကျူးလွန်ဖို့ လိုပေလိမ့်မယ်။ နောက်ကွယ်ကကြိုးကိုင်တဲ့လူတွေကို ထိထိရောက်ရောက်ဖမ်းသွားမယ်လို့ ကြွေးကြော်ပြန်တယ်။ ဒါပေမယ့် ဒီလိုမကြွေးကြော်ခင် လူထုရဲ့ ရခိုင်တွေက ယုံကြည်နေတဲ့ NGO ဝန်ထမ်းတွေရဲ့ ခြေရှုပ်မှုကို မရှင်းလင်းနိုင်ဘဲ ဖမ်းဆီးထားသူတွေကိုလွှတ်ပေးခဲ့တယ်။ လွှတ်ပေးရခြင်းအကြောင်းရင်းကိုလဲ သတင်းစာရှင်းလင်းပွဲမလုပ်ခဲ့သလို စတုတ္တမဏ္ဍိုင်လို့ ဘဝင်မောက်နေတဲ့ ငနဲသားတွေကလဲ ဒီလိုကိစ္စဟာ သိပ်အရေးကြီးမှန်း နားမလည်ခဲ့ကြပြန်ဘူး။ အိုဘားမားလာတဲ့အခါမှာ အထနှေးလေးလံတဲ့ ရခိုင်အစည်းအရုံးတွေ တိကျတဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ပေးအပ်နိုင်ပါစေလို့ပဲ တိုက်တွန်းချင်တယ်။ နောက်ပြီး လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်လိုဟာမျိုးနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေပေါက်ကွဲမှုလိုမျိုးအတွက် သုံးသပ်ရှင်းလင်းထားတာမျိုးလေးကို ဆွေးနွေးပေးလိုက်နိုင်ပါစေလို့ပဲ ဆန္ဒပြုမိပေတယ်။ ဒီနေ့ အိန္ဒိယမှာ ဒေါ်စုရဲ့ ပြောစကားအတွက် အတော်စိတ်ချမ်းသာရတယ်။ ဒေါ်စုက ရိုဟင်ဂျာကိစ္စဆိုတာ မြန်မာတစ်နိုင်ငံတည်းတာဝန်ရှိသလိုပြောနေတယ်ဆိုတာ မဟုတ်ဘူး။ ဘင်္ဂလားမှာပါတာဝန်ရှိတယ်လို့ ပြတ်ပြတ်သားသားပြောချလိုက်တယ်။ ခေါင်းဆောင်ဆိုတာ လိုအပ်ရင် စိန်ခေါ်ရဲရမယ်။ တာဝန်လဲ ခံရဲရမယ်။ တစ်ကယ့်တစ်ကယ် နယ်စပ်ဒေသ ပြဿနာဆိုတာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတာချည်းပါပဲ။ ဘင်္ဂလားက လူလည်ကျပြီး ပြဿနာတက်တက်ချင်း သူတို့နဲ့ မဆိုင်သလို လုပ်ချပစ်တယ်။ ဗမာပြည်က အစိုးရမင်းတွေက တစ်ကယ့် ဘူးလုံးနားမထွင်းတွေဆိုတော့ အရှုပ်ထုပ်ကို ကိုယ့်လက်ထဲမှာအထည့်ခံတယ်။ ပြီးရင် ဒါကိုပဲ ခုတုံးလုပ်ပြီးအမြတ်ထုတ်ဖို့ကြံနေကြသေးတယ်။ လုပ်ရမယ့်အလုပ်က အိုဘားမား လာပြီး ဘယ်လိုလေသံပေးပေး သူ့ရဲ့ အဓိကရည်ရွယ်ချက်က တရုတ်လက်ထဲရောက်နေတဲ့မြန်မာပြည်ကို ပြန်လည် လုယူချင်လို့ လာတာပါပဲ။ ဆန်ရှင်ဖွင့်တယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်ကလဲ ဒါလို့ပဲ တွက်ဆပါတယ်။ အပေါ်ယံလေသံပေးပြီး ဘယ်လို ပဲ လေသံဟနေပါစေ ပြည်တွင်းရေးကို ပြည်တွင်းကလူတွေပဲ အဓိက ဦးဆောင်ပြီး ဥပဒေစိုးမိုးဖို့အတိုင်းသာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ မက်ဆေ့ခ်ျကို ခပ်ပြတ်ပြတ်ရှင်းရှင်းပြောလိုက်ဖို့မျှော်လင့်ပါတယ်။ အမေရိကန်ကတော့ ဘင်္ဂါလီကိစ္စကို အသုံးချပြီး မြန်မာ့ပြည်တွင်းရေး အထူးသဖြင့် ကျောက်ဖြူနားမှာခြေကုပ်ရသလောက်ယူဖို့ နှိုက်ယူပါလိမ့်မယ်။ ဒီလို လုပ်မယ့်ကိစ္စကို မြန်မာအစိုးရအနေနဲ့ ခွင့်မပြုဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုလုပ်ခြင်းအားဖြင့် တရုတ်ကို ဖိအားပေးလိုက်သလို ဖြစ်စေပြီး တရုတ်အနေနဲ့ အမေရိကန်ကကို ပြန်လည်တွန်းလှန်ဖို့ မြန်မာ့ပြည်တွင်းရေးအပေါ် ဒီဘင်္ဂါလီကိစ္စကိုပဲ ထပ်ခုတုံးလုပ်ပြီး မပါမဖြစ် ပါလာအောင်ဆွဲခေါ်သလိုဖြစ်နေမှာမို့ပါပဲ။ ဒီလို ဘင်္ဂါလီကိစ္စကို ဖဲချပ်လိုကိုင်ပြီးကစားနေတာကို မဟန့်တားနိုင်ရင် မြန်မာပြည်မှာ ကန်-တရုတ် အင်အားပြိုင်မှုတွေ မလိုအပ်သေးဘဲ အစောကြီးရင်ဆိုင်ရနိုင်မယ်လို့ယူဆပါတယ်။ Myo Set ဘင်္ဂါလီကိစ္စကို လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရှုထောင့််ကနေကြည့်ပြီး လက်ခံသင့်ကြောင်းလော်ဘီလုပ်နေတာကို ဖတ်ရတော့ ရီလဲ ရီချင်မိတယ်။ စိုးလဲစိုးရိမ်မိတယ်။ ရီချင်မိတာက ဘယ်လောက်ပဲ တိုင်းပြည်ချစ်ပါတယ်လို့ကြွေးကြော်နေပါစေ ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်လာရင်၊ ဘာသာရေးနဲ့ပတ်သက်လာ၇င် ဇာတိရုပ်ပြပြလာတတ်တာကို ရီချင်တာပါ။ စိုးရိမ်မိတာက မြန်မာပြည်ထဲက လူငယ်တွေဟာ လစ်ဘရယ်ဒီမိုကရေစီလို့ပြောလိုက်ရင် အနောက်နိုင်ငံတွေက တိုက်တာ ၊အဆောက်အအုံတွေနဲ့ ကြွယ်ဝမှုတွေကိုပြေးမြင်ကြ၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကိုပြေးမြင်ကြ ဖြစ်ပြီး မဆိုင်းမတွ မစဉ်းမစား ခေါင်းငြိမ့်လက်ခံမှာကိုပဲဖြစ်တယ်။ လစ်ဘရယ်ဒီမိုကရေစီဆိုတာ ကိုယ့််နိုင်ငံထဲက ကိုယ့်နိုင်ငံသားတွေကောင်းကျိုးအတွက်ကျင့်သုံးသင့်တယ်လို့ ယနေ့ယူဆကြတဲ့ နိုင်ငံရေးအယူအဆတစ်ရပ်ပါ။ ယနေ့ခက်ထရော်ကြမ်းတမ်းတဲ့ကိုယ်ကျိုးစီးပွားအဓိကဝါဒခေတ်စားတဲ့ ကာလ ကြီးထဲမှာ လစ်ဘရယ်ဒီမိုကရေစီကျင့်သုံးပါတယ်ဆိုတဲ့နိုင်ငံအချင်းချင်းလဲ မျက်နှာဖုံးစွပ်ဆက်ဆံနေကြတာပဲ ဆိုတာကို သတိချပ်ကြစေချင်ပါတယ်။ သိစေချင်တာက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးတွေကြားမှာနေနေရတဲ့ မြန်မာနိုင်ငံအတွက် လူဝင်မှုကြီးကြပ်ေ၇းပေါ်လစီဆိုတာ အသက်တမျှအရေးကြီးတဲ့ကိစ္စလို့မှတ်ရမယ်။ ဒါကိုကိုင်တဲ့ အရာရှိဆိုသူကလဲ စာရိတ္တပိုင်းမှာဒေါင်ဒေါင်မြည်ဖြစ်ရမယ်။ စစ်ရေးအရ အင်မတန် အထိမခံဖြစ်တဲ့ပထဝီပေါ်ကတိုင်းပြည်၊ လူဦးရေပေါက်ကွဲနေတဲ့တိုင်းပြည်နဲ့ကပ်နေတဲ့ တိုင်းပြည်၊ ဒီလိုတိုင်းပြည်အတွက် လူဝင်မှုကြီးကြပ်ရေးကိစ္စဆိုတာ လူ့အခွင့်အရေးတစ်ရပ်တည်းနဲ့တင် စဉ်းစားလို့မရပါဘူး။ တစ်နေ့က အင်္ဂလိပ်တရားရုံးကနေ အယ်လ်ခေးဒါးတွေရဲ့ ဆရာ အဘူကေတာဒါကို အင်္ဂလိပ်တရားသူကြီးက လူ့အခွင့်အရေးအရဆိုပြီး ကာဖျူးအမိန့်နဲ့ လွှတ်ပေးလိုက်လို့ အင်္ဂလိပ်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ အင်္ဂလိပ်ရဲတပ်ဖွဲ့ဝင်တွေ၊ အင်္ဂလိပ်မီဒီယာတွေ ပူးပေါင်းပြီး နိုင်ငံတော်လုံခြုံရေးအာဂျင်ဒါနဲ့ ပြန်လည် တိုက်ပွဲဝင်ဖို့ ဖိအားပေးနေကြတယ်။ တရားဥပဒေစိုးမိုးမှုအားကောင်းတဲ့ တိုင်းပြည်ဖြစ်လို့ ရုံးတော်ကို ဝန်ကြီးချုပ်က ဝင်မစွက်နိုင်ပေမယ့် အဲ့ဒီတရားသူကြီးတွေအပေါ် ကျရောက်လာတဲ့ မီဒီယာဖိအားကတော့ပြင်းထန်လွန်းလှတယ်။ ဆဲဗင်းဇူလိုင် လန်ဒန်မြေအောက်ရထားဗုံးခွဲခံရပြီး စိတ်အနာကြီးနာနေတဲ့အင်္ဂလိပ်မီဒီယာတွေဟာ ဒီအကြမ်းဖက်သမားကို ကာဖျုးနဲ့ထားတဲ့ တရားသူကြီးက လူ့အခွင့်အရေးအရဆိုပြီး လေသံကြားကောင်းအောင်ပစ်နေပေမယ့် မိန်းမအခွင့်အရေးဖိနှိပ်ရေးအဖွဲ့ကြီးမှာ ဂုဏ်ထူးဆောင်နာယကရာထူးယူထားတာဘာကြောင့်လဲလို့ ချက်ခြင်းဆိုသလို မေးခွန်းထုတ်ခဲ့တယ်။ ဆိုလိုတာက တိုင်းပြည်လုံခြုံရေးနဲ့ပတ်သက်လာရင် လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ဆိုတဲ့ ပေတံတစ်ခုထဲနဲ့ တိုင်းလို့မရတော့ပါဘူး။ ရှုထောင့်များစွာက ဆင်ခြင်ရတယ်။ အခု လူ့အခွင့််အရေးလို့ ပြောပြီး ဒီဘင်္ဂါလီတွေဖက်က လော်ဘီလုပ်နေတဲ့ လူတွေပါးစပ်က ရခိုင်တွေဖက်က ဝမ်းနည်းပါတယ်လို့များထွက်ဖူးရင် အတော်ဝမ်းသာချင်စရာကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မတွေ့ဖူးလို့ပါပဲ။ ဒီလို ရှုထောင့်များစွာကနေ ဆင်ခြင်မှာ သင့်တော်မယ့်ကိစ္စတစ်ရပ်ကို ဒီမိုကရေစီစံနှုန်းအရ နိုင်ငံသားပေးသင့်တယ်လို့ ပြောလာတိုင်း အင်တင်တင်နဲ့လက်ခံခြင်း၊ အားရဝမ်းသာ လက်ခံခြင်းမ ပြုမိ...အရင်စဉ်းစားကြဖို့သာ တိုက်တွန်းလိုတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ လက်ခံရင်နောင်တစ်ချိန် ခင်ဗျားတို့ ဒီလိုပြန်လှန်မေးခွန်းထုတ်ခွင့်မရလောက်အောင် ဖိနှိပ်တဲ့ အကြမ်းဖက်စံနစ်ဆိုးတစ်ခု ရောက်လာနိုင်လို့ပဲ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/14/2013 12:47:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.